တချိန် ငါ့သမီးလေးကို ပြောပြရမယ်ထမင်းစားဖို့လင်ယူစရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအချေနိုင်ဆုံးပဲတချိန်သမီးလေးသိဖို့ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်တဲ့

ဘာရယ်မဟုတ်ပြုံးတော့ပြုံးမိသား၁၆နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုသမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သွားရုံနဲ့အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့ခုခေတ် ယောက်ျားတွေ(အများစု)ကအတွေးအမြင်တွေ

ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလားယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ.ငွေရှိရင်ရှိမရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ

အလုပ်လုပ်တတ်စီးပွားရှာတတ်အမြင်ကျယ်တဲ့မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာသူတို့ကိုအစစအရာရာသိပ်မမှီခိုတဲ့အရည်အချင်းရှိတဲ့မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိယောက်ျား

လုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲထမင်းချက်ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်း ပြောပြချင်သေးတယ်တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူးခုခေတ်ယောက္ခမတွေကရောအိမ်ပေါ်

တက်လာတဲ့ချွေးမကိုဘယ်လိုကြိုဆိုကြသလဲဘာပညာမှမတတ်ဘာအလုပ်မှမလုပ်တတ် ဘယ်နေရာမှဝင်မဆန့်တဲ့မိန်းကလေးမျိုးကိုဝမ်းသာအားရကြိုဆိုမယ့် ယောက္ခမမျိုးသိပ်ကိုရှားသွားပြီဆိုတာငါ့သမီးတို့သိပါလေစအိမ်ထောင်

မပြုခင်လူ့လောကအတွက်အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင်မိဘတွေကလက်နက်မျိုးစုံ တပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစရော့ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာ

မလိုဘူးရော့ အတွေးအခေါ်လက်နက်ဘယ်ဟာအကောင်းဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်ရော့အလုပ်အကိုင်လက်နက်ငါ့မှာအလုပ်အကိုင်ရှိတယ်အသိုင်းအဝိုင်းရှိတယ်ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်အဲဒီလိုလက်နက်တွေ

ပါသွားတော့ပိုမကောင်းဘူးလားမွေးရာပါလက်နက်ဟာတစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာ ငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလားပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့ဒုက္ခတွေ

ငြိမ်းသွားတာမဟုတ်ဘူးငါ့သမီးတို့လင်ယူလိုက်မှ ဒုက္ခတွေစတာဆိုတာ ပြောပြချင်လိုက်တာတကယ်လို့များ သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာ ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့အချိန်မှာ ဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကို

မျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်လင်ယူပြီးမှကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါရှာကျွေးနေရရင်ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက် အဖက်တင်နေမှာပေါ့ကဲဘဝက ထင်သလောက်လွယ်သေးလားလိုအပ်တဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လက်နက်မျိုးစုံအစုံအလင်ပါမှလောကကြီးထဲထွက်လိုက်စမ်းပါကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲကိုယ်ရပ်တည်ဖို့အတွက် ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာ

အလှဆုံးပဲထမင်းစားဖို့လင်ယူစရာမလိုတဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ ငါ့သမီးတွေ ကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါစာပေချစ်သူများကို မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်