ခုလိုမိုးရာသီယင်ကောင်တွေကြောင့်စိတ်ညစ်နေသူတွေအတွက်သိပ္ပံနည်းကျယင်ပြေးစေတဲ့နည်းလမ်းကောင်းတစ်ခုခုလိုမိုးရာသီမှာယင်ကောင်တွေကြောင့်စိတ်ညစ်နေသူတွေအတွက်ဒီနည်းလမ်းလေးအတိုင်းစမ်းသပ်လုပ်ကြည့်နိုင်ပါတယ်။
ငွေမကုန်ပဲအရမ်းကိုလွယ်ကူလွန်းလှတာမို့လိုအပ်နေသူတိုင်းအတွက်ဗဟုသုတအဖြစ်ပြန်လည်မျှဝေလိုက်ရပါတယ်ပြုလုပ်နည်းမှာအကြွေစေ့လေးတွေကိုရေအပြည့်ထည့်ထားတဲ့အိပ်တစ်လုံးထဲထည့်ထားပြီးအိပ်ကိုလုံအောင်ပိတ်ပြီးနောက်
ယင်ကောင်တွေလာတတ်တဲ့နေရာတွေမှာချိတ်ဆွဲထားလိုက်ရုံပဲဖြစ်ပါတယ်ခုလိုပြုလုပ်ထားရုံနဲ့ယင်ကောင်တွေမလာရတဲ့အကြောင်းရင်းကတော့ရေမော်လီကျူးလေးတွေဟာအလင်းယိုင်၊အလင်းပြန်တတ်ပြီးသက်တန့်ရောင်စဉ်ဖြာစေတဲ့
Prism Effectရှိတယ်လို့ဆိုပါတယ်ရေမော်လီကျူးသန်း ပေါင်းများစွာထည့်ထားတဲ့အိပ်ထဲကိုအကြွေစေ့တွေထည့်လိုက်တော့အဲဒီရောင်စဉ်တွေဟာအကြွေတွေကိုရိုက်ခတ်ပြီးကြုံရာကျပန်းမျိုးပေါင်းစုံအောင်ရောင်စဉ်ဆန်းတွေဖြစ်ပေါ်လာ
စေပါတယ်လို့ဆိုပါတယ်ယင်ကောင်လိုအင်းဆက်တွေရဲ့မျက်လုံးဟာမှန်ဘီလူးချပ်ငယ်လေးပေါင်းများစွာနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်သူတို့ဟာပစ္စည်းတစ်ခုထဲကိုကြည့်ရင်တောင်ပုံရိပ်အမျိုးမျိုးမြင်ရပါတယ်အခုချိတ်ထားတဲ့ရေအိပ်ကိုယင်
တွေကြည့်မိရင်လင်းလင်းလက်လက်အရောင်မျိုးစုံတွေထွက်နေတဲ့Disco Ballများစွာကိုကြည့်ရသလိုမြင်ယောင်မိစေတယ်လို့ဆိုပါတယ်ဒီအလင်းဖြာတန်းတွေကြောင့်ယင်တွေမူးနောက်နောက်ဖြစ်လာစေတဲ့အပြင်သူတို့ကိုစားသောက်မယ့်
ယင်စားသတ္တဝါတွေဒီနားမှာရှိနေသလိုခံစားလာရစေတယ်လို့ဆိုပါတယ်ယင်နှင်ဆေးတွေလိုဘေးထွက်ဓာတုဆိုးကျိုတွေလည်းမရှိ၊ငွေကုန်ကြေးကျလည်းသက်သာ၊လုပ်ရကိုင်လည်းမခက်တာမို့စမ်းသပ်ကြည့်သင့်တဲ့ယင်ပြေးနည်းလမ်းကောင်းလေးမို့စမ်းသပ်ကြည့်နိုင်ပါတယ်။credit