သရုပ္ေဆာင္သီဟတင္စိုး အမႈ့နိုင္ၿပီ သ႐ုပ္ေဆာင္သီဟတင္စိုးအေပၚလိမ္လည္တိုင္ၾကားခဲ့သည့္အိမ္အကူ ေဒၚခင္မာျမင့္ကို ေထာင္(၇)ႏွစ္ ပြဲစား ေဒၚညိုကို ေထာင္(၅)အသီးသီး ျပစ္ဒဏ္ခ်မွတ္႐ုပ္ရွင္သ႐ုပ္ေဆာင္သီဟတင္စိုး အေပၚမုဒိမ္းမႈျဖင့္ အေရးယူေပးရန္လိမ္လည္တိုင္ၾကားခဲ့သည့္
အိမ္အကူ ေဒၚခင္မာျမင့္ကို ေထာင္(၇)ႏွစ္ ပြဲစား ေဒၚညိုကို ေထာင္(၅) ျပစ္ဒဏ္အသီးသီးခ်မွတ္လိုက္ေၾကာင္းသတင္းရရွိသည္။ရာဇသတ္ႀကီးပုဒ္မ၃၈၉ (ေျခာက္လွန႔္ေတာင္းယူမႈကိုက်ဴးလြန္ရန္တစ္ဦးတစ္ေယာက္ေသာသူအား ျပစ္မႈတစ္ခုႏွင့္ စြပ္စြဲမည္ဟုေၾကာက္ေအာင္ ျပဳျခင္း)အမႈတြင္တရားစြဲခံထားရေသာအိမ္အကူ
ေဒၚခင္မာျမင့္ႏွင့္ ပြဲစား ေဒၚညိုတို႔ကိုဇူလိုင္ ၃၀ ရက္ေန႕တြင္ သဃၤန္းကြၽန္းၿမိဳ႕ နယ္တရား႐ုံးက အထက္ပါအတိုင္း အမိန႔္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ႀကီးပြားေရး ရပ္ကြက္၊ ျပည္ေထာင္စုရိပ္မြန္အိမ္ရာရွိ႐ုပ္ရွင္သ႐ုပ္ေဆာင္သီဟတင္စိုး ေနအိမ္တြင္အသက္(၇၅)ႏွစ္အ႐ြယ္ရွိေဒၚဇင္မာဦး၏မိခင္ျဖစ္သူအား ျပဳစုရန္
အိမ္အကူျဖစ္သူ ခင္မာျမင့္(၄၀)ႏွစ္အား အခင္းမျဖစ္မီ(၈)ရက္ခန႔္က ေခၚယူထားရွိခဲ့ရာ၂၀၁၈ခုႏွစ္ဇူလိုင္၁၃ရက္ည၈နာရီအခ်ိန္ခန႔္တြင္ ေဒၚဇင္မာဦးမွအျပင္သို႔သြားေရာက္ ေနစဥ္ သီဟတင္စိုးမွ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာၿပီးခင္မာျမင့္အာသားမယားအ ျဖစ္ ျပဳက်င့္ခဲ့ေၾကာင္းတိုင္တန္းခ်က္အရသုဝဏၰနယ္ေျမရဲစခန္း(ပ)၃၈၆/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ၃၇၆ ျဖင့္အမႈဖြင့္ အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္းရဲတပ္ဖြဲ႕သတင္းထုတ္ျပန္ခဲ့သည္။
အဆိုပါ တိုင္တန္းသည့္ အ မႈႏွင့္စပ္လ်ဥ္း၍ အမႈမွန္ေပၚေပါက္ေရးအတြက္ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ မႈ ခင္း ေဖာ္ ထုတ္ ေရးရဲတပ္ဖြဲ႕ဝင္မ်ားကစစ္ ေဆးေဆာင္႐ြက္ခဲ့ရာတိုင္တန္းသည့္အမႈမွာမွန္ကန္မႈမရွိဘဲလီဆယ္တိုင္တန္းျခင္း ျဖစ္ေၾကာင္း ေဖာ္ထုတ္ရရွိခဲ့သည့္အတြက္ဥပေဒႏွင့္အညီထိေရာက္ စြာ အေရးယူ
ေဆာင္႐ြက္နိုင္ေရးဆက္လက္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ထိုအမႈမွာ ၿပီးခဲ့သည့္၂၀၁၈ခုႏွစ္ ဇူလိုင္လအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီးအမႈမွာစစ္ေဆးခ်ိန္ (၂)ႏွစ္ခန႔္ အၾကာတြင္အဆိုပါတရားစြဲဆိုခံထားရသူမ်ားကို ျပစ္ဒဏ္အသီးသီးခ်မွတ္ခဲ့ျခင္း ျဖစ္သည္။credit
သရုပ်ဆောင်သီဟတင်စိုး အမှု့နိုင်ပြီ သရုပ်ဆောင်သီဟတင်စိုးအပေါ်လိမ်လည်တိုင်ကြားခဲ့သည့်အိမ်အကူ ဒေါ်ခင်မာမြင့်ကို ထောင်(၇)နှစ် ပွဲစား ဒေါ်ညိုကို ထောင်(၅)အသီးသီး ပြစ်ဒဏ်ချမှတ်ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုး အပေါ်မုဒိမ်းမှုဖြင့် အရေးယူပေးရန်လိမ်လည်တိုင်ကြားခဲ့သည့်
အိမ်အကူ ဒေါ်ခင်မာမြင့်ကို ထောင်(၇)နှစ် ပွဲစား ဒေါ်ညိုကို ထောင်(၅) ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်းသတင်းရရှိသည်။ရာဇသတ်ကြီးပုဒ်မ၃၈၉ (ခြောက်လှန့်တောင်းယူမှုကိုကျူးလွန်ရန်တစ်ဦးတစ်ယောက်သောသူအား ပြစ်မှုတစ်ခုနှင့် စွပ်စွဲမည်ဟုကြောက်အောင် ပြုခြင်း)အမှုတွင်တရားစွဲခံထားရသောအိမ်အကူ
ဒေါ်ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့ကိုဇူလိုင် ၃၀ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့ နယ်တရားရုံးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုး နေအိမ်တွင်အသက်(၇၅)နှစ်အရွယ်ရှိဒေါ်ဇင်မာဦး၏မိခင်ဖြစ်သူအား ပြုစုရန်
အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ(၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ၂၀၁၈ခုနှစ်ဇူလိုင်၁၃ရက်ည၈နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှအပြင်သို့သွားရောက် နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးခင်မာမြင့်အာသားမယားအ ဖြစ် ပြုကျင့်ခဲ့ကြောင်းတိုင်တန်းချက်အရသုဝဏ္ဏနယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ၃၇၆ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုင်တန်းသည့် အ မှုနှင့်စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု ခင်း ဖော် ထုတ် ရေးရဲတပ်ဖွဲ့ဝင်များကစစ် ဆေးဆောင်ရွက်ခဲ့ရာတိုင်တန်းသည့်အမှုမှာမှန်ကန်မှုမရှိဘဲလီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည့်အတွက်ဥပဒေနှင့်အညီထိရောက် စွာ အရေးယူ
ဆောင်ရွက်နိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ထိုအမှုမှာ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှုမှာ စစ်ဆေးချိန် (၂)နှစ်ခန့် အကြာတွင် အဆိုပါတရားစွဲဆိုခံထားရသူများကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။credit