လူကိုမပေါက်ခင်မှာသေချင်ယောင်ဆောင်ပြီးနေလေ့ရှိတဲ့ဇွန်ဘီမြွေအမျိုးအစားမြွေတွေဟာအလွန်ကြောက်စရာကောင်းပြီးအန္တရာယ်များလွန်းတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်အခုဆိုရင်သြစတေးသျမှမြွေတွေဟာသားကောင်ကိုထောင်ခြောက်ဆင်ဖို့အတွက်
သေချင်ယောင်ဆောင်ပြီးစောင့်နေတာမျိုးတွေပြုလုပ်လာတာကိုတွေ့ရပါတယ်အခုပြထားတဲ့ပုံကတော့မြောက်ကာရိုလိုင်းနားမှဥယျာဉ်မှူးတစ်ယောက်ရိုက်ကူးခဲ့တဲ့သေချင်ယောင်ဆောင်ပြီးသားကောင်ကိုစောင့်ဆိုင်းနေတဲ့ပုံပဲဖြစ်ပါတယ်
ပန်းခြံတစ်ဝိုက်ဒီပုံနဲ့အတူသတိပေးချက်ထုတ်ပြန်ထားပြီးတော့ဒီလိုဇွန်ဘီမြွေတွေကိုတွေ့ခဲ့ရင်လည်းအနားမကပ်ဖို့ဒေသခံပြည်သူတွေကိုသတိပေးထားပါတယ်ပုံမှာပြထားတဲ့မြွေကတော့hognoseမြွေလို့သိကြတဲ့Puff Adders
မြွေတစ်ကောင်ဖြစ်ပြီးအနားရောက်လာတဲ့သားကောင်ကိုအဆက်မပြတ်ပေါက်တတ်တဲ့မြွေအမျိုးအစားပဲဖြစ်ပါတယ်ဒီမြွေမျိုးစိတ်တွေဟာမြောက်အမေရိကတစ်ဝိုက်မှာကျင်လည်ကျက်စားတတ်ကြတဲ့မြွေအမျိုးအစားတွေဖြစ်ပြီး
အသေကောင်လိုဟန်ဆောင်နိုင်ကြတဲ့မြွေအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်သူတို့ဟာငှက်နဲ့မြွေကိုစားသောက်တဲ့သတ္တဝါတွေရန်မှတိမ်းရှောင်နိုင်ဖို့အတွက်သေချင်ယောင်ဆောင်ပြီးအလစ်မှာထွက်ပြေးကြတာပဲဖြစ်ပါတယ်ပုံမှာ
ပြထားတဲ့ပါးစပ်ဟပြီးသေချင်ယောင်ဆောင်နေတဲ့မြွေမျိုးစိတ်တွေဟာပုံမှန်အားဖြင့်တော့အခွင့်အရေးရတာနဲ့ထွက်ပြေးတတ်တဲ့မြွေအမျိုးအစားတွေပဲဖြစ်ပါတယ်မြောက်ကာရိုလိုင်းနားမှတွားသွားသတ္တဝါနှင့်ကုန်းနေရေနေသတ္တဝါ
စောင့်ရှောက်ရေးဌာနကတော့ဒီမြွေတွေဟာအဆိပ်မရှိတဲ့အတွက်အန္တရာယ်မရှိတဲ့မြွေတွေဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့်လည်းမြွေဟောက်တစ်ကောင်လိုပါးပျဉ်းထောင်နှာမှူတ်ပြီးကိုက်တတ်လေ့ရှိပါတယ်သူတို့ကို
သတ္တဝါတစ်ကောင်ကောင်ကတိုက်ခိုက်လာပြီဆိုရင်ပါးစပ်ဟပြီးပက်လက်လှန်ကာ သေချင်ယောင်ဆောင်လိုက်လေ့ရှိပါတယ်သေချင်ယောင်ဆောင်တတ်တဲအရည်အချင်းတစ်ခုထဲရှိတာမဟုတ်ပဲဖားပြုတ်တွေကိုအနံ့ခံပြီးလိုက်ဖို့အတွက်
အနံ့ခံအာရုံအရမ်းကောင်းတဲ့နှာခေါင်းတစ်စုံလည်းပါရှိပါသေးတယ်ထို့အပြင် ပါးစပ်အတွင်းပိုင်းမှာရှိတဲ့ချွန်ထက်နေတဲ့သွားတွေကလည်းသားကောင်ကိုမြိုတဲ့အခါအလွယ်တကူမြိုလို့ရအောင်လုပ်ဆောင်ပေးပါတယ်hognoseမြွေတွေဟာ
နွေရာသီအတွင်းမှာမျိုးပွားလေ့ရှိကြပြီးတစ်ကြိမ်ဥချလျင်ဥပေါင်း၅၀လောက်ဥလေ့ရှိပါတယ်ဥပေါက်ဖို့အချိန်၂လတာကြာမြင့်ပြီးဥမှပေါက်ကာစအကောင်နှင့် သက်ကြီးကောင်ဟာပုံသဏ္ဍာန်တစ်ထေရာထဲနီးပါးဆင်တူပါတယ်