သားဖိနပ္မေပ်ာက္ေတာ့ဘူးေဖႀကီးတဲ့(ေနာက္ဘဝဆက္တိုင္းဒီလိုအျဖစ္မ်ိဳးေဝးပါေစသားေလးရယ္)ဒီသားေလးကိုမွတ္မိၾကလားမသိဘူးHIVေရာဂါသည္ဖခင္ကိုယ္တိုင္ဦးဇင္းထံေပးအပ္ၿပီးလွည္ကူးကေနေခၚလာခဲ့တဲ့ သားငယ္ေလးပါၿပီးခဲ့တဲ့ရက္ပိုင္ကပဲသားငယ္ေလးရဲ႕ဖခင္ဟာလူေလာကကိုလက္ျပႏုတ္ဆက္ၿပီးအၿပီးပိုင္ထြက္ခြါသြားပါၿပီ။

သားငယ္ေလးမွာအေမရွိပါေသးတယ္အေမရွိေပမယ့္လည္းအေမျဖစ္သူကလည္းဒီေရာဂါနဲ႔ပါပဲ။သားငယ္ေလးရဲ႕အေဖနဲ႔အေမကတကယ္ေတာ့ကြဲေနၾကတာပါသားငယ္ေလးရဲ႕အေဖဆုံးသြားေၾကာင္းကို အေမျဖစ္သူကိုယ္တိုင္ေက်ာင္းကိုလာေရာက္ေျပာၾကားခဲ့တာပါ။

အေမျဖစ္သူေက်ာင္းေရာက္လာေတာ့သားနဲ႔အေမျဖစ္သူရဲ႕ခဏတာေတြ႕ဆုံခန္းေလးကခုထိဦးဇင္းရဲ႕မ်က္လုံထဲထင္က်န္ေနဆဲပါပဲ။ေက်ာင္းၿခံထဲကိုလူတစ္ေယာက္ဝင္လာရင္ေက်ာင္းအတြင္းထဲကေနေက်ာင္းၿခံဝကိုလွမ္းၾကည့္ဘယ္သူဘယ္ဝါဆိုတာသဲသဲကြဲကြဲမျမင္ရပါဘူ;အဲ့ဒီေန႔ကေန႔လယ္၂နာရီဝန္းက်င္ေလာက္ျဖစ္မယ္

ဦးဇင္းလည္းအမည္မရွိတဲ့အရာေတြနဲ႔ပဲအလုပ္ရႈပ္ေနတယ္။သားငယ္ကဦးဇင္းနားမွာအ႐ုပ္ေတြနဲ႔ေဆာ့ကစားေနတာေပါ့ေက်ာင္းဝန္းထဲကိုလူတစ္ေယာက္ဝင္လာတာကိုဦးဇင္းျမင္တယ္။ဦးဇင္းသိတာကလူတစ္ေယာက္ဆိုတာေလာက္ပဲျမင္တာေယာက်ာ္းလားမိန္းမလာဆိုတာေတာင္ဦးဇင္းမသဲကြဲဘူး။

ဒါေပမယ့္အနားမွာေဆာ့ေနတဲ့သားငယ္ကလွမ္းၾကည့္ၿပီးပါးစပ္ကလည္းေမေမလို႔ေခၚၿပီးေက်ာင္းထဲဝင္လာတဲ့လူဆီကိုေျပးသြားတယ္ဦးဇင္းအံ့ၾသသြားတယ္ဦးဇင္းေသခ်ာၾကည္တာေတာင္ေယာက်ာ္းမိန္းမမကြဲဘူးသားငယ္ကသူရဲ႕အေမဆိုတာေသခ်ာသိေနတယ္။ဪသားနဲ႔အမိရဲ႕ေမတၱာတရားကဘယ္လိုပင္ေဝးကြာေနေပမယ့္

အရိပ္တစ္ခုနဲ႔လည္းအေမနဲ႔သားရယ္လို႔ခံစားသိႏိုင္တယ္။အနံ႔တစ္ခုနဲ႔လည္းအေမနဲ႔သားရယ္လို႔ခံစားသိႏိုင္တယ္အသံတစ္ခုနဲ႔လည္းအေမနဲ႔သားရယ္လို႔ခံစားသိႏိုင္တယ္။ေမတၱာတရားရဲ႕စြမ္းအားကအံ့ဖြယ္ရွိေပစြသားအမိႏွစ္ေယာက္ေပြ႕ဖက္ငိုယိုၿပီးေက်ာင္းထဲဝင္လာၾကတယ္။သားလည္းငိုအေမလည္းငိုေပါ့

ဦးဇင္းလည္းဘာမွမေျပာပဲနားလည္စြာပဲသားအမိႏွစ္ေယာက္ကိုၾကည့္ေနလိုက္တယ္။အတန္ၾကာသည္အထိတင္းၾကပ္စြာေပြ႕ဖက္ငိုေနလိုက္ၾကတာငိုလို႔အားရမွဦးဇင္းကိုသတိရဟန္တူပါရဲ႕ဦးဇင္းထံမ်က္ႏွာမူလာၿပီးတပည့္ေတာ္ကသားေလးရဲ႕အေမပါဘုရားသူအေဖနဲ႔တပည့္ေတာ္ကကြဲေနတာပါဘုရား

သားေလးကိုဆရာေတာ္ဆီသူအေဖပို႔လိုက္တယ္ဆိုတာၾကားပါတယ္ခုတပည့္ေတာ္ဒီကိုလာတာသားေလးကို ေတြ႕ခ်င္တာေရာေနာက္တစ္ခုကသူအေဖဆုံးသြားၿပီဘုရားအဲဒါကိုလာၿပီးအသိေပးတာပါဘုရားတဲ့။တပည့္ေတာ္သားကိုေခၚဘို႔လာတာမဟုတ္ပါဘူးဘုရားတပည့္ေတာ္လည္းသိပ္မေနရေတာ့ဘူးဘုရားတဲ့ ေျပာလည္းေျပာ

ငိုလည္းငိုဆရာေတာ္ကိုလည္းတပည့္ေတာ္ေနာက္ဘဝေပါင္းမ်ားစြာအထိေက်းဇူးတင္ေနမွာပါဘုရားတဲ့သားေလးကိုလည္းလိမ္လိမ္မာမာေနဘို႔တဖြဖြမွာဆရာေတာ္စကားကိုလည္ နားေထာင္ေနာ္သားဆိုၿပီ မွာေနတဲ့အေမရဲ႕ေမတၱာဘယ္အရာနဲ႔ ေဖာ္ၾကဴးရမွန္းေတာင္မသိေလာက္ေအာင္ပါပဲ။

ခဏေနေတာ့အိတ္ထဲကေနသားငယ္ေလးကိုဖိနပ္ေလးတစ္ရံထုတ္ၿပီးေပးတယ္တပည့္ေတာ္သားကဖိနပ္မၿမဲဘူးဘုရားခဏခဏေပ်ာက္တယ္။(ဟုတ္ပါတယ္သားငယ္ကိုေက်ာင္းေရာက္တဲ့ေန႔ကစၿပီးတစ္ေန႔တစ္ရံနီးပါဖိနပ္ထုတ္ေပးရပါတယ္ဖိနပ္မေပ်ာက္ဖို႔လည္းခဏခဏမွာရတယ္)

သားျဖစ္သူကိုအေမျဖစ္သူကဖိနပ္ကေလးထုတ္ေပးၿပီးသားငယ္ကိုစိတ္မခ်စြာမွာရွာတယ္။က်န္းမာေရးဂ႐ုစိုက္ဖို႔ဖိနပ္စီးဘို႔ေနာက္ဆိုဘိနပ္မေပ်ာက္ဘို႔တဖြဖြမွာရင္း ညေန၄နာရီေလာက္သားငယ္ေလးကိုႏုတ္ဆက္ၿပီးေက်ာင္းကေနျပန္သြားတယ္။ေနာက္ေန႔မနက္ၾကေတာ့ ေက်ာင္းဆရာတစ္ေယာက္ကဦးဇင္းကိုလာေျပာတယ္

ဦးဇင္းတဲ့ေကာင္းဆက္မ်ိဳးဆက္ကဘာျဖစ္တာလည္းမသိဘူးတဲ့။ညအိပ္ရင္သူဖိနပ္ကေလးကိုဖက္ဖက္ၿပီအိပ္တာတဲ့ရင္ထဲမွာစိတ္မေကာင္းျဖစ္သြားမိတယ္။ထူးျခားစြာပဲဦးဇင္းကိုလည္းလာေျပာတယ္။ေဖႀကီးေဖႀကီးတဲ့ဖိနပ္ကေလးကိုကိုင္ၿပီးလာျပတယ္သားဖိနပ္မေပ်ာက္ေတာ့ဘူးေနာ္တဲ့။ရင္ထဲကခံစားခ်က္ကိုသူ႔ခင္မ်ာမေျပာတတ္ရွာေပမယ့္ဒီဘိနပ္ကေလး

ဟာအေမေပးခဲ့တဲ့တစ္ခုတည္းေသာအေမြပစၥည္းေလးပါလားဆိုတဲ့အသိနဲ႔သားငယ္ေလးတစ္ယုတယရွိေနတာျဖစ္မယ္။ေအးခ်မ္းပါေစသားငယ္ေလးရယ္Credit:အရွင္ဇနာနႏၵရန္ကုန္မႏၲေလးအျမန္လမ္းသစ္ေဘး၈၉မိုင္၅ဖာလုံ(YGW ပရဟိ တမိဘမဲ့ေက်ာင္း)ဖုန္း 09780000085

သားဖိနပ်မပျောက်တော့ဘူးဖေကြီးတဲ့(နောက်ဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးဝေးပါစေသားလေးရယ်)ဒီသားလေးကိုမှတ် မိကြလားမသိဘူးHIVရောဂါသည်ဖခင်ကိုယ်တိုင်ဦးဇင်းထံပေးအပ်ပြီးလှည်ကူးကနေခေါ်လာခဲ့တဲ့ သားငယ်လေးပါပြီးခဲ့တဲ့ရက်ပိုင်ကပဲသားငယ်လေးရဲ့ဖခင်ဟာလူလောကကိုလက်ပြနုတ်ဆက်ပြီးအပြီးပိုင်ထွက်ခွါသွားပါပြီ။

သားငယ်လေးမှာအမေရှိပါသေးတယ်အမေရှိပေမယ့်လည်းအမေဖြစ်သူကလည်းဒီရောဂါနဲ့ပါပဲ။သားငယ်လေးရဲ့အဖေနဲ့အမေကတကယ်တော့ကွဲနေကြတာပါသားငယ်လေးရဲ့အဖေဆုံးသွားကြောင်းကို အမေဖြစ်သူကိုယ်တိုင်ကျောင်းကိုလာရောက်ပြောကြားခဲ့တာပါ။

အမေဖြစ်သူကျောင်းရောက်လာတော့သားနဲ့အမေဖြစ်သူရဲ့ခဏတာတွေ့ဆုံခန်းလေးကခုထိဦးဇင်းရဲ့မျက်လုံထဲထင်ကျန်နေဆဲပါပဲ။ကျောင်းခြံထဲကိုလူတစ်ယောက်ဝင်လာရင်ကျောင်းအတွင်းထဲကနေကျောင်းခြံဝကိုလှမ်းကြည့်ဘယ်သူဘယ် ဝါဆိုတာသဲသဲကွဲကွဲမမြင်ရပါဘူ;အဲ့ဒီနေ့ကနေ့လယ်၂နာရီဝန်းကျင်လောက်ဖြစ်မယ်

ဦးဇင်းလည်းအမည်မရှိတဲ့အရာတွေနဲ့ပဲအလုပ်ရှုပ်နေတယ်။သားငယ်ကဦးဇင်းနားမှာအရုပ်တွေနဲ့ဆော့ကစားနေတာပေါ့ကျောင်းဝန်းထဲကိုလူတစ်ယောက်ဝင်လာတာကိုဦးဇင်းမြင်တယ်။ဦးဇင်းသိတာကလူတစ်ယောက်ဆိုတာလောက်ပဲမြင်တာယောကျာ်းလားမိန်းမလာဆိုတာတောင်ဦးဇင်းမသဲကွဲဘူး။

ဒါပေမယ့်အနားမှာဆော့နေတဲ့သားငယ်ကလှမ်းကြည့်ပြီးပါးစပ်ကလည်းမေမေလို့ခေါ်ပြီးကျောင်းထဲဝင်လာတဲ့လူဆီကိုပြေးသွားတယ်ဦးဇင်းအံ့သြသွားတယ်ဦးဇင်းသေချာကြည်တာတောင်ယောကျာ်းမိန်းမမကွဲဘူးသားငယ်ကသူရဲ့အမေဆိုတာသေချာသိနေတယ်။ဪသားနဲ့အမိရဲ့မေတ္တာတရားကဘယ်လိုပင်ဝေးကွာနေပေမယ့်

အရိပ်တစ်ခုနဲ့လည်းအမေနဲ့သားရယ်လို့ခံစားသိနိုင်တယ်။အနံ့တစ်ခုနဲ့လည်းအမေနဲ့သားရယ်လို့ခံစားသိနိုင်တယ်အသံတစ်ခုနဲ့လည်းအမေနဲ့သားရယ်လို့ခံစားသိနိုင်တယ်။မေတ္တာတရားရဲ့စွမ်းအားကအံ့ဖွယ်ရှိပေစွသားအမိနှစ်ယောက်ပွေ့ဖက်ငိုယိုပြီးကျောင်းထဲဝင်လာကြတယ်။သားလည်းငိုအမေလည်းငိုပေါ့

ဦးဇင်းလည်းဘာမှမပြောပဲနားလည်စွာပဲသားအမိနှစ်ယောက်ကိုကြည့်နေလိုက်တယ်။အတန်ကြာသည်အထိတင်းကြပ်စွာပွေ့ဖက်ငိုနေလိုက်ကြတာငိုလို့အားရမှဦးဇင်းကိုသတိရဟန်တူပါရဲ့ဦးဇင်းထံမျက်နှာမူလာပြီးတပည့်တော်ကသားလေးရဲ့အမေပါဘုရားသူအဖေနဲ့တပည့်တော်ကကွဲနေတာပါဘုရား

သားလေးကိုဆရာတော်ဆီသူအဖေပို့လိုက်တယ်ဆိုတာကြားပါတယ်ခုတပည့်တော်ဒီကိုလာတာသားလေးကို တွေ့ချင်တာရောနောက်တစ်ခုကသူအဖေဆုံးသွားပြီဘုရားအဲဒါကိုလာပြီးအသိပေးတာပါဘုရားတဲ့။တပည့်တော်သားကိုခေါ်ဘို့လာတာမဟုတ်ပါဘူးဘုရားတပည့်တော်လည်းသိပ်မနေရတော့ဘူးဘုရားတဲ့ ပြောလည်းပြော

ငိုလည်းငိုဆရာတော်ကိုလည်းတပည့်တော်နောက်ဘဝပေါင်းများစွာအထိကျေးဇူးတင်နေမှာပါဘုရားတဲ့သားလေးကိုလည်းလိမ်လိမ်မာမာနေဘို့တဖွဖွမှာဆရာတော်စကားကိုလည် နားထောင်နော်သားဆိုပြီ မှာနေတဲ့အမေရဲ့မေတ္တာဘယ်အရာနဲ့ ဖော်ကြူးရမှန်းတောင်မသိလောက်အောင်ပါပဲ။

ခဏနေတော့အိတ်ထဲကနေသားငယ်လေးကိုဖိနပ်လေးတစ်ရံထုတ်ပြီးပေးတယ်တပည့်တော်သားကဖိနပ်မမြဲဘူးဘုရားခဏခဏပျောက်တယ်။(ဟုတ်ပါတယ်သားငယ်ကိုကျောင်းရောက်တဲ့နေ့ကစပြီးတစ်နေ့တစ်ရံနီးပါဖိနပ်ထုတ်ပေးရပါတယ်ဖိနပ်မပျောက်ဖို့လည်းခဏခဏမှာရတယ်)

သားဖြစ်သူကိုအမေဖြစ်သူကဖိနပ်ကလေးထုတ်ပေးပြီးသားငယ်ကိုစိတ်မချစွာမှာရှာတယ်။ကျန်းမာရေးဂရုစိုက်ဖို့ဖိနပ်စီးဘို့နောက်ဆိုဘိနပ်မပျောက်ဘို့တဖွဖွမှာရင်း ညနေ၄နာရီလောက်သားငယ်လေးကိုနုတ်ဆက်ပြီးကျောင်းကနေပြန်သွားတယ်။နောက်နေ့မနက်ကြတော့ ကျောင်းဆရာတစ်ယောက်ကဦးဇင်းကိုလာပြောတယ်

ဦးဇင်းတဲ့ကောင်းဆက်မျိုးဆက်ကဘာဖြစ်တာလည်းမသိဘူးတဲ့။ညအိပ်ရင်သူဖိနပ်ကလေးကိုဖက်ဖက်ပြီအိပ်တာတဲ့ရင်ထဲမှာစိတ်မကောင်းဖြစ်သွားမိတယ်။ထူးခြားစွာပဲဦးဇင်းကိုလည်းလာပြောတယ်။ဖေကြီးဖေကြီးတဲ့ဖိနပ်ကလေးကိုကိုင်ပြီးလာပြတယ်သားဖိနပ်မပျောက်တော့ဘူးနော်တဲ့။ရင်ထဲကခံစားချက်ကိုသူ့ခင်မျာမပြောတတ်ရှာပေမယ့်ဒီဘိနပ်ကလေး

ဟာအမေပေးခဲ့တဲ့တစ်ခုတည်းသောအမွေပစ္စည်းလေးပါလားဆိုတဲ့အသိနဲ့သားငယ်လေးတစ်ယုတယရှိနေတာဖြစ်မယ်။အေးချမ်းပါစေသားငယ်လေးရယ်Credit:အရှင်ဇနာနန္ဒရန်ကုန်မန္တလေးအမြန်လမ်းသစ်ဘေး၈၉မိုင်၅ ဖာလုံ(YGW ပရဟိ တမိဘမဲ့ကျောင်း)ဖုန်း 09780000085

LEAVE A REPLY

Please enter your comment!
Please enter your name here