မိဘတွေအနေနဲ့သားယောက်ျားလေးတွကိုစိတ်ဓာတ်ခိုင်မာသူအဖြစ်ကြီးပြင်းလာစေဖို့မိဘတွေအနေနဲ့သားယောက်ျားလေးတွကိုစိတ်ဓာတ်ခိုင်မာသူအဖြစ်ကြီးပြင်းလာစေဖို့မိဘတွအနေနဲ့သားယောက်ျားလေးတွကိုစိတ်ဓာတ်ခိုင်မာသူအဖြစ်

ကြီးပြင်းလာစေဖို့စိတ်ဓာတ်ကြံ့ခိုင်ပြီးသဘောထားပြည့်ဝတဲ့လူတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့ငယ်စဉ်ကတည်းကနေပြုစုပျိုးထောင်ပေးနိုင်ပါတယ်။မိဘနဲ့သားတွေကြားမှာရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ကအဓိကအရေးပါတဲ့အချက်ပါပဲ

အဲဒါကြောင့်သားတွေကိုစိတ်ဓာတ်ကြံ့ခိုင်သူဖြစ်အောင်လို့ဒီအချက်တွေနဲ့လမ်းညွှန်ပေးပါ။(၁အရှုံးကိုရင်ဆိုင်တတ်ဖို့သင် ပေးပါဘဝကအနိမ့်အမြင့်အတက်အကျတွေအမြဲရှိနေဆဲပါပဲအတ္တမပါဘဲအရှုံးကိုရင်ဆိုင်တတ်ဖို့နားလည်သွားတဲ့အခါ

ဆုံးရှုံးမှုတွေရှိလာရင်တောင်နာကျင်ခံစားရတဲ့ဝေဒနာလျော့ပါးသွားမှာပါအရှုံးတွေရရှိလာရင်တောင်တစ်ဖက်သားကို လေးစားမှုရှိအောင်သင်ကြားပေးဖို့ကမဖြစ်မနေလိုအပ်တဲ့အရည်အချင်းတစ်ရပ်ပါပဲ။(၂)အချိန်တိုင်းမှာသန်မာနေစရာ

မလိုပါဘူးယောက်ျားလေးတွေမှာလည်းခံစားချက်တွေရှိတာကြောင့်ဝမ်းနည်းစရာတွေကိုအမြဲတမ်းဖုံးကွယ်ထားစရာမလိုကြောင်းမိဘတွေကပြောပြပေးပါစိတ်ဓာတ်ခိုင်မာချင်ယောင်ဆောင်နေတာကစိတ်ဓာတ်ခိုင်မာသွားတာမဟုတ်ပါဘူး။

ခံစားချက်တွေကိုအမြဲတမ်းဖုံးကွယ်ပြီးဟန်ဆောင်ပါများတဲ့အခါစိတ်ကျန်းမာရေးနဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုပါထိခိုက်စေပါတယ်(၃)အမှားတွေကိုဝန်ခံတတ်ဖို့သင်ပေးပါလူတိုင်းဟာဘယ်သူမှမပြည့်စုံတာကြောင့်အမှားနဲ့လည်းမကင်းပါဘူး။

အမှားကိုဝန်မခံချင်လို့ခေါင်းရှောင်တာကမှားပြီးရင်းမှားသွားစေပါတယ်အဲဒါကြောင့်အမှားကိုလက်ခံတတ်အောင်၊အမှားကိုဝန်ခံတတ်အောင်၊အမှားကနေသင်ခန်းစာယူတတ်အောင်သင်ကြားပေးပါ၎မိဘတွေနဲ့ပွင့်ပွင့်လင်းလင်းပြောနိုင်

အောင်လမ်းဖွင့်ပေးပါ။တောသားတွေအကူအညီလိုတဲ့အချိန်တိုင်းမှာမိဘတွေကအမြဲရှိနေကြောင်းဖော်ပြပေးဖို့လိုအပ်ပါတယ်။သားတွေရဲ့အခက်အခဲတွေအတွက်လုံခြုံစိတ်ချစွာနား ထောင်ပေးနိုင်မယ့်သူတွေဟာမိဘတွေဖြစ်တဲ့အခါပိုပြီး

ရင်းနှီးနွေးထွေးမှုတွေရှိလာမှာပါ။(၅)အခြားသူတွေရဲ့ကိုယ်ရေး အချက်အလက်တွေကိုလေးစားမှုထားဖို့သင်ကြားပေးပါမိန်းကလေးတစ်ယောက်နဲ့ပြောထားတဲ့စာတွေပုံတွေကိုအခြားသူတွေကိုဖြန့်ပြီးဂုဏ်သိက္ခာကျအောင်ပြုလုပ်တာယောက်ျား

ကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူးအမျိုးသမီးတွေကိုကောင် ကောင်းမွန်မွန် ဆက်ဆံဖို့အတွက်မိဘတွေကလမ်းညွှန်ပေးပါ။(၆)အမျိုးသမီးတွေကို လေးစားတတ်ဖို့ ပြောပြပေးပါအမျိုးသမီးတွေကိုလေးစားမှုထားတတ်တဲ့အကျင့်၊အကူအ

ညီပေးတတ်တဲ့အကျင့်ကအမျိုးသားတိုင်းမှာရှိသင့်တဲ့အရာပါပဲအမျိုးသမီးတွေအပေါ်မှာမစားရတဲ့အမဲသဲနဲ့ပတ်သလိုလုပ်တဲ့အပြုအမူတွေကအမြဲတမ်းသိမ်ငယ်နေရမယ့်လုပ်ရပ်တွေ ဖြစ်သွားစေမှာပါအဲဒါကြောင့်ဒီလိုအချက်တွေကိုဆယ်ကျော်

သက်အရွယ်ကတည်းကနေဖြည်းဖြည်းချင်းသင်ကြားပေးလို့ရပါတယ်သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနေတတ်ဖို့ယောက်ျားလေးအများစုကအိမ်မှုကိစ္စတွေလုပ်ရမှာစိတ်မဝင်စားပေမယ့်အခြားသူနဲ့အခန်းအတူတူငှားနေတဲ့အခါအိမ်မှုကိစ္စ

တွေကလုပ်တတ်ဖို့လိုအပ်ပါတယ်အချက်အပြုတ်၊သန့်ရှင်းရေး၊အလျှော်အဖွပ်ကိစ္စတွေကမိန်းကလေးတွေရဲ့အလုပ်တင်မဟုတ်ဘဲယောက်ျားလေးတွေပါတတ်ထားရမယ့်အရာတွေ ဖြစ်ကြောင်းအမေတွေကသင်ကြားပြသပေးပါအမြဲသပ်သပ်

ရပ်ရပ်သန့်သန့်ရှင်းရှင်းနေထိုင်နေတတ်တာကလည်းအားသာချက်တစ်ခုပါပဲ။(၈)ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့စိတ်ကအရာရာကိုဦးဆောင်နိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိတဲ့အခါဘယ်အရာကိုပဲလုပ်လုပ်မဝံ့မရဲဖြစ်နေမှာပါ။အဲဒီ

အတွက်မိဘတွေကသားတွေကိုယုံကြည်မှုပေးဖို့လည်းလိုအပ်ပါတယ်။ကိုယ်ပိုင်အတွေးအခေါ်နဲ့ရဲရဲဝံ့ဝံ့မှန်မှန်ကန်ကန်လုပ် ဆောင်တတ်တဲ့အခါသားတွေမှာရလဒ်ကောင်းတွေရလာမှာပါ။(၉)စိတ်ဖိစီးမှုတွေကိုထိန်းချုပ်တတ်စေဖို့စိတ်ဖိစီးနေတဲ့

အခါမှာဘာမဆိုလုပ်မိသွားပြီးပြောမိသွားပြီးနောက်နောင်တရနေတတ်ပါတယ်။အဲဒါကြောင့်သားတွေကိုစိတ်ဖိစီးမှုတွေကိုဘယ်လိုထိန်းချုပ်မလဲ၊ဘယ်လိုလျော့ပါးအောင်လုပ်မလဲဆိုတာကိုသင်ပေးပါစိတ်လိုက်မာန်ပါလုပ်မိလိုက်တဲ့အရာတွေ

ကြောင့်ဘဝမှာအရေးပါတဲ့လူတွေထွက်သွားနိုင်သလိုဘယ်တော့မှပြန်မရနိုင်တဲ့အရာတွေကိုလည်းဆုံးရှုံးသွားရတတ်ပါတယ်။စိတ်ခံစားချက်ကိုကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်တာက ပြဿနာတွေအများကြီးကိုမဖြစ်အောင်ဟန့်တားနိုင်

ပါတယ်။(၁၀)သူငယ်ချင်းမိတ်ဆွေတွေကိုတန်ဖိုးထားတတ်ဖို့ခိုင်မာတဲ့ဆက်ဆံရေးတွေကဘဝမှာအရမ်းကိုအရေးပါပတယ်ခိုင်မာတဲ့ဆက်ဆံရေးတွေပျက်ယွင်းပြီးနောက်မှာတော့ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကိုထိခိုက်လာစေနိုင်ပါတယ်