ပုံသွင်းတဲ့သူ မဖြစ်ပါစေနဲ့ပျိုးထောင်ပေးတဲ့သူပဲ ဖြစ်ပါစေ5 နှစ်သားသူငယ်ချင်းအိမ် သွားချင်တယ်မသွားနဲ့ အိမ်မှာပဲဆော့အော်ဟုတ်ကဲ့ဘယ်သူငယ်ချင်းအိမ်မှ သူမသိဘူးသူ့မှာ အချစ်ဆုံးသူငယ်ချင်းမရှိဘူးသူအထီးကျန်တယ်
8 နှစ်ဟိုပါဝါရိမ်းဂျားအရုပ်လိုချင်တယ်ဝယ်ပေးပါလားအဲဒါတွေကအလကားဗိုက်ပြည့်တာမဟုတ်ဘူးအော်ဟုတ်ကဲ့ကလေးဘဝအမှတ်တရတွေကိုပြန်ကြည့်တိုင်းသူဟာကလေးတစ်ယောက်မဟုတ်ခဲ့ဘူး
10 နှစ် ကျောင်းဘောလုံးပြိုင်ပွဲမှာ ဘောလုံးဝင်ကန်ချင်တယ် ခြေထောက်ကျိုးမယ်၊ကွဲပြဲကုန်မယ်၊ ကျိုးကန်းချင်လားမကန်နဲ့အော်ဟုတ်ကဲ့အဲဒီအချိန်ကစဘာအားကစားမှ မပါဝင်ဖြစ်ကျန်းမာရေးလှုပ်ရှားမှုမရှိကြံ့ခိုင်မှုမရှိ
13 နှစ်လပြည့်ညသူငယ်ချင်းနဲ့တူတူပုန်းတမ်းကစားချင်တယ်မကစားနဲ့၈နာရီရှိပြီ နတ်ဖွက်မယ်၊သရဲရှိတယ်၊သံခရာခေါင်းဖြတ်မယ် အော်ဟုတ်ကဲ့(ကြီးတဲ့အချိန်ထိ အမှောင်ကိုကြောက်၊သရဲတစ်ဆေတွေကြောက်အမြဲအစခံရ)
15 နှစ်စီးပွားရေးသမားဖြစ်ချင်တယ်Ecoယူမယ်နော်ဟိုကောင်အာကာ တောင် Bioယူတယ်Bioကပိုမြင့်တယ်အဲဒါယူ အော်ဟုတ်ကဲ့(သူစိတ်မဝင်စားတဲ့ခန္ဓာအစိတ်အပိုင်းတွေအကြောင်း၊တိရစ်ဆာန်၊အပင်တွေအကြောင်းငြီးငွေ့အောင် သင်ခဲ့ကျက်ခဲ့ရ)
16 နှစ်အမှတ်လည်းကောင်းတယ်စီးပွားရေးတက္ကသိုလ်တက်ချင်တယ်နင့်အမှတ်နဲ့ ဆေးကျောင်းတက်နင့်ကိုဆရာဝန်ဖြစ်ဖို့ ကျောင်းထားတာအော်ဟုတ်ကဲ့သူ့ အကြီးမားဆုံးဆန္ဒကိုဖျက်ဆီးခံလိုက်ရပြီးဘဝတစ်လျှောက်လုံး
ဝါသနာမပါရာအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ရ19 နှစ်ရည်းစားရှိနေပြီသူကစီးပွားရေးကျောင်းကရူးနေလား ဆရာဝန်ဟာဆရာဝန်နဲ့ပဲယူ အဆင့်တူ ငွေကြေးချမ်းသာတာနဲ့ယူ ခွေးမဖြစ်ချင်နဲ့ အော်ဟုတ်ကဲ့သူ့ဘဝရဲ့
တစ်သက်လုံးလက်တွဲရမယ့်သူကိုဆုံးရူံခဲ့အချစ်ဆိုတာကို ငွေကြေးနဲ့ဂုဏ်ဒြပ်ကဖျက်ဆီးခဲ့20 နှစ်အဲဒီနရောကိုမရောက်ဖူးဘူးမင်းကအဲ့မြို့မှာမွေးအဲ့မှာကြီးတာလေဒါလေးတောင်မရောက်ဘူးမသိဘူးလားအော်အေးပါကွာ
သူငယ်ချင်းတွေကြားထဲသူဟာဘာမှမသိသူတစ်ယောက်25 နှစ်ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်နော်အဲဒီလိုဘယ်သူမှမလုပ်ဘူးဟိုးအရင်လူကြီးတွေကဟိုလိုပဲလုပ်တာဘဲအဲလိုလုပ် အော်ဟုတ်ကဲ့ကိစ္စတစ်ခုအပေါ်မိမိ
အမြင်သစ်တွေနဲ့မဖြေရှင်း၊မဖန်တီးတတ်တခြားသူအမြင်တွေပေါ်မှီခိုခဲ့အိမ်သဘောတူတဲ့သူနဲ့ယူခဲ့တယ်ချစ်တဲ့သူနဲ့ဝေးတယ်ကိုယ့်ဝါသနာကိုစွန့်လွှတ်တယ်မိဘရွေးပေးတာလုပ်တယ်ကိုယ့်အလုပ်ကိစ္စတွေကအစကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိ။စွန့်စားလိုစိတ်တွေ ပျောက်ကွယ်၊စဉ်းစားနိုင်စွမ်းတွေ
ပျောက်သွားတယ်သူငယ်ချင်းတွေကိုယ့်မြို့လာလည်လို့သွားသင့်တဲ့နေရာတွေ မေးရင်မသိဒါပေမယ့်လူကြီးတွေရဲ့မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါဒါကကျွန်မတို့သားသမီးလေးလေမိဘစကားကိုတစ်သွေမတိမ်းလိုက်နာတယ်
အရမ်းလိမ္မာတာအမေကဒါဆိုဒါပဲသားသမီးလိမ္မာလေးမိဘကိုစိတ်ကျေနပ်ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တယ်သူရဲ့အကျင့်၊ဝါသနာအချစ် ဖြစ်ချင်စိတ်တွေကို အဖျက်ဆီးခံပြီးတော့ပေါ့ဘဝတစ်လျှောက်လုံးအမိန့်နာခံတတ်အောင်
သင်ကြားခံခဲ့ရပြီးလူတစ်ယောက်ရဲ့ပင်ကိုယ်စွမ်းရည်တွေမရှိ၊ဦးဆောင်မတတ်၊ လူရှေ့သူရှေ့စကားမပြောရဲ၊တစ်ယောက်ထဲဘာမွမလုပ်ရဲဒါပေမယ့်သူဟာ သား/သမီးလိမ္မာတစ်သက်လုံးပင်ကိုယ်စွမ်းရည်ဆုံးဖြတ်နိုင်စွမ်းတွေကို
နင်းချေခံခဲ့ရပေမယ့်နင်းချေခဲ့တဲ့သူတွေကိုယ်တိုင်တစ်ခါတစ်ရံဒါတောင်မသိဘူးလားဒါလေးတောင်မလုပ်တတ်လားလို့ဆူလေရဲဘာအကျိုးသက်ရောက်မှုတွေပဲ ရှိပါစေလူကြီးတွေကတော့ ကောင်းစေချင်လို့ဆိုတဲ့အဖြေတစ်ခုသာရှိပါတယ်
စောဒကတက်မိရင်လူကြီးစေတနာနဲ့ပြောတာနားမလည်ဘူးလားဆိုတဲ့အဖြေမဲ့မေးခွန်းတွေအမေးခံရတတ်ပါတယ်လူကြီးတွေတကယ်စေတနာရှိရင်လူငယ်တွေကိုနားလည်ပေးသင့်တာပေါ့ကိုယ်ကလူကြီးဖြစ်ပြီးနားမလည်ခိုင်းသင့်ဘူး
လူကြီးတွေကိုသိစေချင်တာကကိုယ့်မျိုးဆက်သစ်တွေကိုကိုယ်လုပ်ချင်တာကိုယ်ဖြစ်ချင်တာကိုတစ်သွေမသိမ်းလိုက်နာပြီးသူဖြစ်ချင်တာကိုဘာမှမသိတဲ့ကိုယ်လည်းသိစရာမလိုကိုယ်ပါမှကိုယ်ပြောမှလုပ်တတ်တဲ့သူအဖြစ်ပုံသွင်းနေတာလာ
ဒါ့အပြင် နှင်းဆီနဲ့တူတဲ့သူကိုစံပယ်နဲ့တူတဲ့သူနဲ့ယှဉ်လေ့ရှိကြပါတယ်ဆရာဝန်နဲ့အင်ဂျင်နီယာဘယ်သူပိုတော်သလဲဆိုတာလှေသမားနဲ့ဆရာဝန်ဘယ်သူပိုတော်သလဲလယ်သမားနဲ့အင်ဂျင်နီယာဘယ်သူပိုတော်သလဲ မေးနေသလိုပါပဲ
နှင်းဆီရဲ့ထူးခြားချက်ကအရောင်ဖြစ်သလိုစံပယ်ရဲ့အားသာချက်ကရနံ့ဖြစ်ပါတယ် နှင်းဆီကပိုလှတယ်လို့ဖြေရင်သင်ဟာ နှင်းဆီကြိုက်လို့ဖြစ်ပြီးစံပယ်ပိုလှတယ်ဖြေရင်သင်ဟာစံပယ်ကိုကြိုက်လို့ပါပန်းချင်းတူပေမယ့်အရည်အချင်း
မတူပါဘူးတစ်ချိန်မိဘဖြစ်မယ့်သင်လည်းပုံသွင်းသူနဲ့ပျိုးထောင်သူကို သေချာနားလည်ပြီးပန်းပျိုးတဲ့လက်ကလေး ဖြစ်ပါစေလို့နှင်းဆီကိုပိုရဲစေပြီးစံပယ်ပိုမွှေးစေနိုင်သူ ဖြစ်ပါစေလို့ရှင်ချစ်ခြင်းမေတ္တာဖြင့်