သားသမီးတွေကိုဆုံးမတဲ့အခါမဖြစ်မနေသိသင့်တဲ့အချက်(၁၀)ချက်သားသမီးတွေကိုဆုံးမတဲ့အခါမဖြစ်မနေသိသင့်တဲ့အချက်(၁၀)ချက်၁။သားသမီးတွေရဲ့အနာဂတ်ကိုချစ်ရင်အဆဲမပါပဲစကားပြောတတ်အောင်ကလေးတွေကို

သင်ပေးသင့်တယ်။၂။ရန်ဖြစ်ရင်ကိုယ့်ဘက်ကအနိုင်ယူဖို့ထက်ရန်မဖြစ်အောင် နေတတ် ထိုင်တတ်ဖို့ကိုပိုပြီးသင်ပေးသင့်တယ်၃။တချို့တောင်းပန်ခြင်းတွေကကိုယ့်ဘက်ကမှားလို့မဟုတ်ပဲ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးပိုပြီး

သင့်မြတ်အဆင်ပြေဖို့အတွက် တောင်းပန်ရတယ်ဆိုတာရှင်းပြ ပေးသင့်တယ်၎။တစ်စုံတစ်ယောက်ဆီကတစ္ခုခုရလိုက်လို့ခံစားရတဲ့ ပျော်ရွှင်မှုမျိုးထက်တစ်စုံတစ်ယောက်ကို ပေးဆပ်လိုက်ရလို့ကြည်နူးရတဲ့ပီတိတွေအကြောင်းကို

သေချာပြောပြသင့်တယ်၅။ကိုယ်မဟုတ်တဲ့အခြားသောလူတစ်ယောက်ရဲ အောင်မြင်မှုကိုမနာလိုဝန်တိုစိတ်မမွေးပဲထိုလူရဲ့ အောင်မြင်မှုအတွက်လက်ခုပ်သံအကျယ်ကြီး တီးပြီးမုဒိတာပွားနိုင်အောင်သင်ကြားပေးသင့်တယ်၆။တရားပြတဲ့

ပြိုင်ပွဲတွေပြိုင်တဲ့အခါဂုဏ်သိက္ခာရှိစွာအရှုံးအနိုင်ကိုလက်ခံနိုင်ဖို့သင်ကြားပေးသင့်တယ်၇။ မြေပေါ်ကျသွားတဲ့မုန့်လေးဟာကိုယ့်အတွက်အသုံးမဝင်ခဲ့ရင်တောင်အျခားသက်ရှိသတ္တဝါတွေဥပမာ-ပုရွက်ဆိတ်လိုသတ္တဝါလေးတွေအတွက်အသုံးဝင်တယ်ဆိုတဲ့အထိ တွေးနိုင်အောင်

ကလေးတွေရဲ့ဦးနှောက်နဲ့နှလုံးသားကိုသေချာပြုစုပျိုးထောင်ပေးသင့်ပါတယ်၈။ကလေးတွေအမှားလုပ်မိတဲ့အခါအပြစ်တင် ပြောဆိုခြင်းထက် နောက်ဒီလိုမမှားအောင်နားဝင်အောင်ဆုံးမပြုပြင်ပေးခြင်းကပိုကောင်းပါတယ်၉။တကယ်တော့ကလေးတွေကဖြူစင်ပါတယ်

လူတွေရဲ့အတ္တတွေနဲ့ပတ်ဝန်းကျင်ရဲ့မကောင်းမြင်စိတ်တွေကြောင့် အရောင်တွေ ပြောင်းသွားကြတာပါ၁၀။အဖြူထည်လေးတွေအရောင်စွန်းမသွားဖို့ဆိုရင်မိတ်ဆွေတို့ကျွန်မတို့ဟာကလေးတွေအပေါ်မှာလူသားဆန်ဖို့လိုအပ်ပါတယ်အနာဂတ်ကိုတကယ်ချစ်ရင်ယခုပစ္စုပ္ပန်မှာကလေးတွေကိုတန်ဖိုးထားပါ