မိဘတိုင်းအတုယူတဲ့ဂျူးလူမျိုးတို့၏ကလေးတွေကိုပြုစုပျိုး ထောင်နည်းအစ်စရေးလူမျိုးလို့လည်းခေါ်ကြပါတယ်ဂျူးလူမျိုးများဟာကမ္ဘာ့ရှေးအကျဆုံးသောလူမျိုးထဲမှာပါဝင်ပါတယ်။သမိုင်းတစ်လျှောက်မှာလည်းအမျိုးမျိုးအဖိနှိပ်ခံရပြီး
တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိဆုံးရှုံခဲ့ကြပါတယ်ဒါပေမဲ့ဂျူးလူမျိုးကိုကမ္ဘာမှာဉာဏ်ပညာအကောင်းဆုံးလူမျိုးလို့သတ်မှတ်ကြပါတယ်။၂၀၁၅ခုနှစ်ကမ္ဘာတစ်ခွင်မှာဂျူးလူမျိုးလူဦးရေး၁၄.၂သန်းရှိပါတယ်ကမ္ဘာ့လူဦးရေရဲ့ဝ.၂%ရှိတဲ့
ဂျူးလူမျိုးဟာ၂၀ရာစုအတွင်းနိုဘယ်စုရှင်များရဲ့ငါးပုံတစ်ပုံအမေရိကန်နိုင်ငံဩဇာအရှိဆုံးသူများစားရင်းထဲက၅၀%၊အမေရိကန်နာမည်အကြီးဆုံးသောပါမောက္ခတွေထဲမှာ၃၀%အမေရိကန်စာပေ၊တေးဂီတ၊ပြဇာတ်လောကမှာ၆၀%၊ကမ္ဘာ့
အချမ်းသာဆုံးလုပ်ငန်းရှင်များစားရင်းထဲမှာ၅၀%၊Forbesစားရင်းအရကမ္ဘာ့အချမ်းသာဆုံးသောပုဂ္ဂိုလ်၄၀ထဲမှာဂျူးလူမျိုးက၁၈ဦးတို့ဟာဂျူးလူမျိုးဖြစ်ကြသလို၊သမိုင်းမှာအလွန်ကျော်ကြားကြတဲ့အိုင်စတိုင်း၊ကားလ်မတ်စ်၊တာအိုဝင်စသည်
တို့ဟာဂျူးလူမျိုးဖြစ်ကြပါတယ်။သုတေသနအရဒီလိုအောင် မြင်ရတဲ့အကြောင်းရင်းအားလုံးထဲမှာဂျူးလူမျိုးတို့ရဲ့မိသားစုနီတိနဲ့ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာအဓိကကျတယ်လို့ဆိုပါတယ်သူတို့ဘာတွေကိုတန်ဖိုးထားလို့ကလေး
များကိုဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ၁။ကိုယ့်ကိုယ်ကိုရပ်တည်အားကိုးစေခြင်းကောင်းမွန်တဲ့ကလေးပညာရေးဟာတိုးတက်မှုအားလုံးကောင်းကျိုးအားလုံးရဲ့အခြေခံဖြစ်တယ်လို့ဂျူးတို့ကယုံကြည်ပါတယ်ကလေးတွေရဲ့လွတ်လပ်တဲ့
တွေးခေါ်မှုနဲ့ကိုယ့်ကိုယ်ကိုရပ်တည်နိုင်မှု၊မိမိကိုယ်ကိုအားကိုးတတ်မှုကိုအလေးထားပျိုးထောင်ပါတယ်။ကလေးကိုအချစ်လွန်ကဲတာမျိုး၊ပိုးမွေးသလိုမွေးတာမျိုးကိုလုံးဝဆန့်ကျတယ်သူတို့စကားပုံတစ်ခုကဒီလိုဆိုပါတယ်၅နှစ်ကလေးဟာသင့်ရဲ့
အရှင်သခင်၊၁၀နှစ်ကလေးဟာသင့်ရဲ့ကျွန်၊၁၅နှစ်ကလေးဟာအဖေနဲ့တန်းတူဖြစ်သွားပြီတဲ့။ဆိုလိုတာက၅နှစ်ကလေးဆိုရင်အတတ်နိုင်ဆုံးချစ်မယ်။ပျိုးထောင်မယ်၁၀နှစ်ကျရင်သူနိုင်တဲ့ဝန်ကိုထမ်းခိုင်းမယ်။မိဘများကသူနိုင်သမျှအချိန်ရရင်
ရသလိုခိုင်းရမယ်။၁၅နှစ်ကျရင်ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်၂စာအုပ်ချစ်တဲ့ဓလေ့ကလေးများသိတတ်ခါစအရွယ်မှာပဲဂျူးမိသားစုများဟာပျားရည်တစ်စက်တို့ထားတဲ့ကျမ်းစာအုပ်ကိုကလေးအားနှမ်းရူပ်စေပါတယ်။
ဆိုလိုရင်းကတော့စာအုပ်ဟာအလွန်ချိုမြိန်ကြောင်း၊နှစ်သက်စရာအလွန်ကောင်းကြောင်းသိစေတဲ့သဘောပါ။ဂျူးမိသားစုတိုင်းလိုလိုစာအုပ်စင်ထားရှိပြီးစာအုပ်စင်များကိုခေါင်းအုံးဘက်မှာထားရပါတယ်။စာအုပ်ဆိုတာချစ်ရုံတင်နဲ့မပြီးပဲ
လေးစားရတဲ့သဘောပါရှိပါတယ်သူတို့ကိုသူတို့လည်းစာအုပ်ချစ်တဲ့လူမျိုးလို့တင်စားကြတယ်သုတေသနစာတမ်းအရအသက်၁၄နှစ်အထက်ဂျူးကလေးများဟာတစ်လအနည်းဆုံစာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်
၃။ဉာဏ်ပညာကိုအလေးထားတတ်အောင်ပျိုးထောင်ပေခြင်းဂျူးမိသားစုထဲမှာကလေးများနည်းနည်းအသိရှိလာပြီဆိုရင်မိခင်ဖြစ်သူကဒီလိုမေးမြန်းလေ့ရှိတယ်တကယ်လို့သားရဲ့အိမ်ကမီးလောင်သွားတယ်၊ပစ္စည်းတွေလည်းဘာမှမကျန်အောင်
အလုခံရတယ်၊သားဘာကိုယူပြီးထွက်ပြေးမလဲတဲ့ကလေးက ရွှေတို့ငွေတို့ဖြေတယ်ဆိုရင်မိခင်ကပြန်စဉ်းစားအုံးအဲဒီပစ္စည်ဟာအရောင်မရှိဘူးအနံ့အရသာလည်းမရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်သားကဉာဏ်ပညာလို့ဖြေဆိုနိုင်တဲ့အထိ
မိခင်ကတစ်ဖြည်းဖြည်းလမ်းကြောင်းပေးပါတယ်။ကျနော်တို့ဆီကပညာရွှေအိုးလူမခိုးနဲ့ခတ်ဆင်ဆင်တူပါတယ်ဒါပေမဲ့ကျနော်တို့ကကလေးတွေသူဖာသာသူသိစေတာမျိုးမဟုတ်ပဲမိဘနဲ့ဆရာများကတိုက်ရိုက်ပြောပြတာများနေပါတယ်
၎။စာအုပ်အများကြီးကိုဝန်တင်ထားတဲ့လားမဖြစ်ပါစေနဲ့စာတအားဖတ်တောဒီစကားပုံပေါ်ပေါက်လာတယ်လို့ယူဆရပါတယ်ကလေးများကိုငယ်ငယ်ကတဲကစာဖတ်အောင်သွန်သင် ပေးကြတယ်။ပြီးရင်စဉ်းစားတတ်အောင်ပျိုးထောင်ပေးကြပါ
တယ်။သူတို့အယူအဆအရဖတ်မှတ်လေ့လာခြင်းဟာအတုခိုး ခြင်းတစ်မျိုးသာဖြစ်ပြီးစဉ်းစားတွေးခေါ်တတ်ခြင်း၊ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့အသစ်ဖန်တီးတတ်ခြင်းသည်သာအဓိကကျတယ်လို့ယူဆပါတယ်ဗဟုသုတကြွယ်ဝပြီးဘာမှမလုပ်တတ်
တဲ့သူကိုစာအုပ်ကိုဝန်တင်ထားတဲ့လားလို့စကားပုံနဲ့ခိုင်းနိုင်းထားပါတယ်၅။တွေးခေါ်ခြင်းဆိုတာသံသယနဲ့အဖြေတို့ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါဒါလည်းသူတို့ရဲ့နာမည်ကြီးစကားပုံပါ။မိဘစကား၊ဆရာစကားအပါအဝင်ဘယ်သူပြော
တာပဲဖြစ်ဖြစ်သံသယအရင်ဝင်ခိုင်းပါတယ်သံသယဝင်မှပဲအဖြေမှန်ထွက်တဲ့သဘောပါကျနော်တို့ဆီကပြောတဲ့အတိုင်းနာခံမှလိမ္မာမယ်ဆိုတဲ့အယူအဆနဲ့ကွဲလွှဲပါတယ်မိဘများအဘထောက်အကူဖြစ်ဖို့တင်ပြပေးလိုက်ပါတယ်။နှစ်သက်နိုင်ကြပါစေ