သားဦးစနေဂြိုလ်အရန်းမွှေ ယုံတမ်းစကားလားတကယ်လားသားဦးစနေမွေးရင် ထိတ်လန့်တတ်တဲ့ လူတွေအတွက် စနေသားသမီးဟာဒုတိယ ဘုန်းကံအကြီးဆုံး စနေသားဦးမွေးလို့ ဓါးထမ်းကျော်တဲ့မိဘတွေ

စောစောသေကုန်ကြလေရဲ့စနေနေ့မရှိခဲ့ရင်ရတနာ၃ပါးလည်းလောကမှာမရှိနိုင်တော့ဘူးစနေနေ့ကိုအကြောင်းပြုပြီးရတနာ ၃ ပါးစုံတဲ့ ရတနာအခါတော်နေ့ပဲစနေနေ့ဟာ တစ်နည်းအားဖြင့် ဓမ္မစက်စတည်တဲ့နေ

စနေနေဟာသိပ်မွန်မြတ်တဲ့နေ့ ဘုရားရတနာ ဗုဒ္ဓဟူးနေ့စပေါ်သည်တရားရတနာနဲ့သံဃာရတနာကတော့ စနေနေ့မှာ စပေါ်တာဘုရားမွေးနေ့ သောကြာနေ့က အမြတ်ဆုံး၆၄၇ရတနာ၃ပါးက၄၇၇ဘုရားကဗုဒ္ဓဟူးနေ့

တရားနဲ့သံဃာက စနေနေ့ စပေါ်ရပါတယ်ရတနာသုံးပါးပေါ်တဲ့နေ့တွေဟာ ၄၇၇ ရတနာ ရတနာကိုကောက်လည်း ၄၇၇ပဲနော်။စနေနေ့မရှိပဲ တရားလည်းမရှိ နိုင် သံဃာရတနာလည်းမရှိနိုင်တရားနဲ့သံဃာမှမရှိရင်

ဘုရားပွင့်ခဲ့ကြောင်းလည်းမသိနိုင်ရတနာ၃ပါးနဲ့သာသနာကြီးဆုံတွေ့ခွင့်ရတာဒါကိုသားဦးစနေမီးလိုမွှေဆိုပြီး ပေါက်ကရပြောသူက ရှိခဲ့တယ်ရဟန်းတော်တွေအားလုံးဟာ ဘုရားရဲ့ ဘာတွေလဲ သားတော်တွေ မဟုတ်

ဘူးလားသားတွေထဲက ဦးဆုံးသားကို ဘာလိုခေါ် သားဦး လို့ခေါ်တယ်နော်။ပထမဦးဆုံး စနေနေ့မှာ ဓမ္မစကြာတရားဦးဟောတော့ အရှင်ကောဏ္ဍည သောတာပန်တည်တယ် ဘုရားထံမှာ ရဟန်းပြု ခွင့်တောင်းတယ်

သံဃာရတနာအစဟာဗေဒင်ဆရာကပဲကောဏ္ဍညကဗေဒင်ဆရာဘဝကလာတာလေရဟန်းတွေမှာပထမဆုံး သောတာပန်ရဟန်းက ဗေဒင်ဆရာကောဏ္ဍညပဲလေကောဏ္ဍညကဘုရားအမျိုးသကျသာကီဝင်မျိုး

နွယ်ပဲ ပထမဆုံးရဟန်းဟာ ဗေဒင်ဆရာဘဝက လာတယ်လို့ မှတ်ပါတပုဿနဲ့ဘလ္လိကညီနောင်ဟာလူပုဂ္ဂိုလ်အနေနဲ့ ဘုရားကို စပြီးဖူးရတာမှန်တယ်။ သူတို့ဟာ အရိယာမဖြစ်ဘူးသရဏဂုံ၂ပါးတည်သူကုန်သည်ညီနောင်

က ရဟန်းမှမဖြစ်ပဲကို ဘုရားဖူးသက်သက်ပဲ ကို တကယ့်သားတော် ရဟန်းဟာ စနေနေ့စပေါ်တာလေစနေသားဦး ပုထုဇဉ်ဘဝက အရိယာ ဖြစ်တော့ အလွန်မထူးသွားဘူးလားဒါ့ကြောင့်စနေသားဦး အလွန်ထူးတယ်

ဖြူးဆရာတော်ဘုရားကြီးနရပတိနေတက်ရေတက်မှာမွေးလို့ဘယ့်သူ့ကိူမှမီးလိုမမွှေသွားဘူးလေခေတ်အဆက်ဆက်က ရဟန္တာမထေရ်ကြီးတွေ သားဦးစနေတွေ များခဲ့ကြတယ်မိဘကိုရာသက်ပန် အိမ်ထောင်မပြုပဲ

ရှာကျွေးနေသူတွေ လည်းများစွာတွေ့ရတယ် စနေသားသမီးသားဦးမွေးတဲ့မိဘဟာကလေးကဘုန်းအလွန်ကြီးတယ်အဲဒီမိဘတွေဟာ သီလမလုံဘူးဆိုရင် အကျင့် စရိုက်မပြည့်စုံရင်အဲမိဘတွေလှိမ့်ခံရောပဲအမှန်တကယ်

သားဦးစနေကလေးဟာ လောကကို အကျိုးပြုဖို့ရောက်လာတာ အကယ်၍ မိမိဓါးထမ်းကျော်ခဲ့သောဤသားဦးစနေ ကလေးသည် အနာဂတ်၌ ရဟန္တာဖြစ်မယ့်သူဆိုရင် ဓါးထမ်းကျော်တဲ့မိဘ မတွေးဝံ့ဘူးနော်

စနေသားဦးမွေးရင် ကောင်းလားဆိုရင် ကောင်းတယ်အကောင်းကိုလွန်နေတာ ကောင်းတဲ့ဒဏ်မခံနိုင်ရင် သွားတာပဲ လူ့ပြည်နဲ့ဗြဟ္မာ့ပြည် စတင်ဆက်သွယ်တဲ့နေ့ လည်း စနေနေ့ပါပဲနတ်ဗြဟ္မာပေါင်း၁၈ကုဋကျွတ်တမ်းဝင်

တဲ့နေ့ဟာလည်း စနေနေ့ပါပဲဒီလောက်မွန်မြတ်တဲ့စနေနေ့ကို ဘာအထောက်ထားနဲ့ သားဦးစနေ မီးလိုမွှေလို့ ပြောခဲ့သလဲရှေ့လူကြီးတွေဟာအရူးတွေများတယ်အကျိုးအကြောင်းဆီလျှော်စွာမသုံးသပ်တတ်ပညာ

နည်းပါးကြတယ် ရှေ့ခေတ်က ရဟန်းနဲ့ပုဏ္ဏား ၂မျိုးသာလျှငိ ပညာကြွယ်ခဲ့ကြတယ် သူဆငိးရဲမျိုး၌ပညာရှိအလွန်ရှားပါးခဲ့တယ် ရှေးစကားအမှားတွေ များစွာရှိတယ် သူဆင်းရဲမျိုးတွေက အဲခေတ်တွေကပညာမသင်

နိုင်ဘူးလေ။အဋ္ဌာရသ၁၈ရပ်ဆိုတာ မင်းညီမင်းသားတွေနဲ့ သူကြွယ်သားသမီးတွေပဲ သင်နိုင်တာလေအဲဒီတော့ ပညာမတတ်တဲ့ခေတ်က ပြောခဲ့တဲ့ပေါက်လွတ်ပဲစားစကားတွေကို လက်မခံ ပဲ ပြင်ရမှာရှိရင်ပြင်ရမှာပဲ

စကားတိုင်းကိုမဆိုလိုဘူး နော်အမှားစကားတွေကိုတော့ ပြင်ကို ပြင်ရမယ်သားဦးစနေမီးလိုမွှေတဲ့ ဘယ်ကလေ ကဝက ပြောခဲ့တာပါလိမ့်စနေနေ့လောက် အကျိုးထူးများတဲ့နေ့ ကို စနေနေ့မရှိရင် ဗုဒ္ဓဘာသာလည်းမရှိ

အကိုတို့ဗုဒ္ဓဘာသာဖြစ်ခွင့်ရခဲ့တာမဟာသက္ကရာဇ်၁၀၃ဝါဆိုလပြည့်စနေနေ့ရဲ့ကျေးဇူးကင်းလို့လား
ဗဟုသုတရစေရန်နှင့် အမှားမလုပ်မိစေရန် ပြန်လည်တင်ပြခြင်းဖြစ်ပါသည်မိမိတို့ခံစားချက် အတွေ့အကြုံလေးတွေလည်း မန့်ခဲ့ပေးကြပါမူရင်းရေးသားသူအား လေးစားစွာဖြင့် Credit:TunTunOo