သားျပန္သြားရင္အဲဒီဓာတ္တိုင္ေပၚကစာရြက္ကိုစုတ္ျဖဲလိုက္ပါသားရယ္။အဖြားမေရးတဲ့စာေၾကာင့္လူေတြကိုဒုကၡမေရာက္ေစခ်င္ဘူးကၽြန္ေတာ္အလုပ္ကျပန္လာတဲ့တစ္ေန႔လမ္းကဓာတ္တိုင္မွာစာရြက္အေဟာင္းေလးတစ္ရြက္ကပ္ထားတာကိုေတြ႕လို့ဖတ္မိလိုက္တယ္။

မေသမသပ္လက္ေရးေလးနဲ႔ခုလိုေရးထားတယ္။ကၽြန္မလမ္းသြားရင္း ေဒၚလာ၅၀က်ေပ်ာက္သြားလို့ပါ။တစ္ေယာက္ေယာက္မ်ားေတြ႕ခဲ့ရင္ဒီလိပ္စာအတိုင္း ေက်းဇူးျပဳ၍လာေပးေစလိုပါတယ္။ကၽြန္မကမ်က္စိလည္းေကာင္းေကာင္းမျမင္တဲ့အတြက္ပိုက္ဆံကိုျပန္ရွာဖို့လည္းအဆင္မေျပလို့ပါ။

ကၽြန္မကိုကူညီၿပီးျပန္ရွာေပးပါေနာ္ဆိုၿပီးေအာက္နားမွာေတာ့လိပ္စာတစ္ခုေရးထားတယ္။ကၽြန္ေတာ္လည္း စိတ္ဝင္စားတာနဲ႔စာထဲကလိပ္စာအတိုင္း သြားၾကည့္မိတယ္။အဲဒီလိပ္စာမွာအဖြားအိုတစ္ေယာက္ေနပါတယ္။အဖြားကမ်က္စိမျမင္ရပါဘူးအနားကိုကၽြန္ေတာ္ေရာက္သြားမွအဖြားကဘယ္သူလဲလို့ေမးတယ္။ကၽြန္ေတာ္အဖြားက်ေပ်ာက္သြားတဲ့ေဒၚလာ၅၀ကို ေကာက္ရထားလို့လာျပန္ေပးတာ

ပါလို့ေျပာလိုက္တယ္ကၽြန္ေတာ့္စကားကိုၾကားတာနဲ႔အဖြားကမ်က္ရည္က်ပါတယ္။မင္းနဲ႔ဆိုရင္အဖြားကို ေဒၚလာ၅၀လာေပးတာအေယာက္၄၀ေက်ာ္သြားၿပီ။ဓာတ္တိုင္မွာစာကပ္ထားတာေတြ႕လို့တဲ့။အဖြားဘာစာမွ ေရးၿပီးမကပ္ခဲ့ပါဘူး။စာလည္းမေရးတတ္ပါဘူး။အဲ့လိုေရးေပးမယ့္ သားသမီးေတြလည္းအနားမွာ မရွိပါဘူးကြယ္တဲ့။

အဖြားကိုသနားမိတာနဲ႔ အဖြားလက္ထဲကိုေဒၚလာ ၅၀ ထည့္ေပးလိုက္ပါတယ္။အဖြားကပါးစပ္ကတတြတ္တြတ္နဲ႔ဆုေတြအမ်ားႀကီးေပးတယ္ၿပီးေတာ့အဖြားကကၽြန္ေတာ္မျပန္ခင္ခုလိုမွာလိုက္ပါေသးတယ္သားျပန္သြားရင္အဲဒီဓာတ္တိုင္ေပၚကစာရြက္ကိုစုတ္ျဖဲလိုက္ပါသားရယ္။အဖြားမေရးတဲ့စာေၾကာင့္လူေတြကိုဒုကၡမေရာက္ေစခ်င္ဘူး

ကၽြန္ေတာ္အဖြားဆီက ျပန္လာေတာ့တစ္လမ္းလုံး စဥ္းစားလာမိတယ္။ဒီစာကိုဘယ္သူကေရးၿပီးကပ္ခဲ့တာလဲ။အရင္လူေတြကိုလည္း အဖြားဒီလိုပဲေျပာခဲ့မွာေသခ်ာတယ္။ဒါေပမယ့္ဘာလို့စာရြက္ကို မျဖဲခဲ့ၾကတာလဲ။အဖြားကိုဒါနျပဳဖို့စဥ္းစားၿပီးလုပ္သြားတဲ့သူရဲ့လုပ္ရပ္ကိုလည္း ေက်းဇူးတင္ေနမိတယ္။

တဆက္တည္းမွာပဲ တျခားသူေတြကိုကူညီဖို့ဆိုတာနည္းလမ္းေတြအမ်ားႀကီးရွိပါလားဆိုတာကိုလည္း အသိတစ္ခုရလိုက္တယ္။ စဥ္းစားတတ္ဖို့ပဲလိုတာပါဒီလိုနဲ႔ကိုယ္အေတြးနဲ႔ကိုယ္လမ္းေလၽွာက္ေနလိုက္တာလူတစ္ေယာက္ရဲ့ေခၚသံၾကားမွအေတြးစျပတ္သြားတယ္။

သူကကၽြန္ေတာ့္ကိုအခုလိုေမးတယ္”ေနာင္ႀကီး ဒီလိပ္စာကိုသိလားဗ်။ဒီလိပ္စာရွင္ရဲ့ေဒၚလာ၅၀ကိုကၽြန္ေတာ္ေကာက္ရထားလို့ သြားျပန္ေပးခ်င္လို့ပါ(ဆရာဗန္းေမာ္သိန္းရဲ့စာအုပ္ထဲကကၽြန္ေတာ့္ရင္ထဲေရာက္လာတဲ့ဇာတ္လမ္းေလးတစ္ပုဒ္ေပါ့ဗ်ာCrd:ဇင္ေယာ္With Ko Phoe Zawပခုက်ကူ

သားပြန်သွားရင်အဲဒီဓာတ်တိုင်ပေါ်ကစာရွက်ကိုစုတ်ဖြဲလိုက်ပါသားရယ်။အဖွားမရေးတဲ့စာကြောင့်လူတွေကိုဒုက္ခမရောက်စေချင်ဘူးကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့လမ်းကဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက်ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။

မသေမသပ်လက်ရေးလေးနဲ့ခုလိုရေးထားတယ်။ကျွန်မလမ်းသွားရင်း ဒေါ်လာ၅၀ကျပျောက်သွားတစ်ယောက်ယောက်များတွေ့ခဲ့ရင်ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍လာပေးစေလိုပါတယ်။ကျွန်မကမျက်စိလည်းကောင်းကောင်းမမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်းအဆင်မပြေလို့ပါ။ကျွန်မကိုကူညီပြီးပြန်ရှာပေးပါနော်

ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခုရေးထားတယ်။ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။အဲဒီလိပ်စာမှာအဖွားအိုတစ်ယောက်နေပါတယ်။အဖွားကမျက်စိမမြင်ရပါဘူးအနားကိုကျွန်တော်ရောက်သွားမှအဖွားကဘယ်သူလဲလို့မေးတယ်။ကျွန်တော်အဖွားကျပျောက်သွားတဲ့ဒေါ်လာ၅၀ကို ကောက်ရထားလို့လာပြန်ပေးတာ

ပါလို့ပြောလိုက်တယ်ကျွန်တော့်စကားကိုကြားတာနဲ့အဖွားကမျက်ရည်ကျပါတယ်။မင်းနဲ့ဆိုရင်အဖွားကို ဒေါ်လာ၅၀လာပေးတာအယောက်၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။စာလည်းမရေးတတ်ပါဘူး။အဲ့လိုရေးပေးမယ့် သားသမီးတွေလည်းအနားမှာ မရှိပါဘူးကွယ်တဲ့။

အဖွားကိုသနားမိတာနဲ့ အဖွားလက်ထဲကိုဒေါ်လာ ၅၀ ထည့်ပေးလိုက်ပါတယ်။အဖွားကပါးစပ်ကတတွတ်တွတ်နဲ့ဆုတွေအများကြီးပေးတယ်ပြီးတော့အဖွားကကျွန်တော်မပြန်ခင်ခုလိုမှာလိုက်ပါသေးတယ်သားပြန်သွားရင်အဲဒီဓာတ်တိုင်ပေါ်ကစာရွက်ကိုစုတ်ဖြဲလိုက်ပါသားရယ်။အဖွားမရေးတဲ့စာကြောင့်လူတွေကိုဒုက္ခမရောက်စေချင်ဘူး

ကျွန်တော်အဖွားဆီက ပြန်လာတော့တစ်လမ်းလုံး စဉ်းစားလာမိတယ်။ဒီစာကိုဘယ်သူကရေးပြီးကပ်ခဲ့တာလဲ။အရင်လူတွေကိုလည်း အဖွားဒီလိုပဲပြောခဲ့မှာသေချာတယ်။ဒါပေမယ့်ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကိုကူညီဖို့ဆိုတာနည်းလမ်းတွေအများကြီးရှိပါလားဆိုတာကိုလည်း အသိတစ်ခုရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲလိုတာပါဒီလိုနဲ့ကိုယ်အတွေးနဲ့ကိုယ်လမ်းလျှောက်နေလိုက်တာလူတစ်ယောက်ရဲ့ခေါ်သံကြားမှအတွေးစပြတ်သွားတယ်။

သူကကျွန်တော့်ကိုအခုလိုမေးတယ်”နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။ဒီလိပ်စာရှင်ရဲ့ဒေါ်လာ၅၀ကိုကျွန်တော်ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ(ဆရာဗန်းမော်သိန်းရဲ့စာအုပ်ထဲကကျွန်တော့်ရင်ထဲရောက်လာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာCrd:ဇင်ယော်With Ko Phoe Zawပခုကျကူ

LEAVE A REPLY

Please enter your comment!
Please enter your name here