မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့်ပွဲစားများထည့်သည့်ဂျင်းရောင်းနေတုန်းကမပြောဘဲခြံစည်းရိုးခတ်အိမ်ဆောက်ပြီးမှသစ်တောကြိုးဝိုင်းမြေဆိုတော့ဆုံးရှုံးကြတရားရင်ဆိုင်ကြရမှာပေါ့မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်

မြို့နယ်၊မေမြို့ထင်းကြိုးဝိုင်းအတွင်းခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊အုတ်တံတိုင်းခတ်ကာရံ၍အဆောက်အဦအခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီးကျူးကျော်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လုပ်ကိုင်ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသစ်တောဦးစီးဌာနကလူမှုကွန်ရက်မှတစ်ဆင့်ထုတ်ပြန်ကြေညာလိုက်ပါတယ်ပြင်ဦးလွင်မြို့နယ်၊သစ်တောကြိုးဝိုင်းအတွင်းပါဝင်

သော မြေကွက်များကို မြေကွက် ပေ၄၀x ပေ၆၀အကွက်တကွက်လျှင် ငွေကျပ်၂၅သိန်းမှအကျယ်အဝန်းနှင့် နေရာကိုလိုက်၍သိန်းရာကျော်အထိဈေးပေါက်၍အရောင်းအဝယ်လုပ်မှုများရှိခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်ပြင်ဦးလွင်တွင်

မြေကွက်များကို အကွက်ရိုက်၍ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချမှုများ ၂၀၁၅ခုနှစ်မှစတင်၍ ခေတ်စားလာပြီးအနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့သွားရောက်ဝယ်ယူမှုများရှိကြောင်း၊အဓိကအားဖြင့် အရပ်စာချုပ်များဖြင့်ဝယ်ယူ

ရောင်းချမှုများရှိကြောင်း၊အထူးသဖြင့်လူမှုကွန်ရက်တွင် ဈေးပေါပေါဖြင့် ပြင်ဦးလွင်မြေကွက်များ ရောင်းချမှုများ လွန်စွာတွင်ကျယ် နေကြောင်းရန်ကုန်အခြေစိုက်စကားဝါအိမ်ခြံမြေအကျိုးဆောင်ဦးလွင်ကဆိုပါတယ်တကယ်တော့

အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော်များတယ်တချို့စာချုပ်တွေမှာက ဒေသက ကျေးရွာရပ်ကွက်လူတွေနဲ့ပဲလက်မှတ်ထိုးရောင်းကြတာ၊အခုတော့သစ်တောဘက်ကဒီလိုစပြီးကြေညာတာကြောင့်

ကျနော်ထင်ပါတယ်အတော်များများဆုံးရှုံးမှုတွေတော့ကြုံရမယ့်အခြေအနေပါပဲဟုစကားဝါအိမ်ခြံမြေအကျိုးဆောင်ဦးလွင်ကဆိုပါတယ်ဒါကြောင့် မြေကွက်ဝယ်ယူမယ်ဆိုရင်၁။ မြေအမျိုးအစား၂။တရားဝင်ပိုင်ဆိုင်မှုအထောက်အထား

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၃။တရားဝင် ရောင်းဝယ်မှု ဖြစ်မဖြစ်၎။မိမိအမည်ပေါက်ဆောင်ရွက်မှုစသည်ဖြင့်စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါကြေင်း၊ဒီလိုမှမဟုတ်ရင်တော့အခုလို ဆုံးရှုံးနစ်နာမှုမျး၊တရားရင်ဆိုင်ဖြေရှင်းရမှုများကြုံတွေ့ရမည် ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။