လူမှာImpressionလို့ခေါ်တဲ့ကိုယ်ပိုင်သွင်ပြင်လက္ခဏာ၃ခုရှိတယ်လို့မြင်တယ်ပထမFirstImpressionကအဝတ်အစားအပြင်အဆင်နဲ့အနေအထိုင်ပေါ့အရမ်းခေတ်မှီခေတ်ဆန်နေတာမျိုးမဟုတ်တောင်သေသေသပ်သပ်ရှိပြီး
အနံ့အသက်ကောင်းတဲ့ဟာမျိုးဖြစ်သင့်တာပေါ့အဲ့ဒီကနေတစ်ဆင့်မှကိုယ့်ရဲ့Life Style ကိုဖော်ပြတဲ့ပုံရိပ်ကိုယ့်ရဲ့Valuesလို့ခေါ်တဲ့ကိုယ်ပိုင်စံနှုန်းတွေကိုထင်ဟပ်စေတဲ့အဝတ်အစားအပြင်အဆင်အနေအထိုင်တွေကနောက်တစ်ဆင့်အရေးပါလာတာ။
ဒုတိယSecond Impressionကတော့အပြောအဆိုပေါ့အရမ်းကြီးနူးညံ့ချိုသာမနေတောင်လူတွေကိုလေးလေးစားစားစကားပြောတတ်လားပညာရှင်ဆန်ဆန်Professionalကျကျစကားပြောတတ်သလားဆိုတာတွေကအရေးပါ
ပါတယ်စကားကိုစနစ်တကျပြောဆိုတတ်ခြင်းစကားလုံးရွေးချယ်တတ်ခြင်းဟာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာလို့ပြောလို့ရပါတယ်နောက်တစ်ဆင့်အနေနဲ့ယဉ်ယဉ်ကျေးကျေးပြောတတ်တာချိုချိုသာသာပြောတတ်တာနူးနူးညံ့ညံ့
ပြောတတ်တာတွေကလူတစ်ယောက်အဖွဲ့အစည်းတစ်ခုပတ်ဝန်းကျင်တစ်ခုအပေါ်မှာမူတည်ပြီးလိုက်လျောညီထွေမှုရှိဖို့လိုအပ်ပါသေးတယ်တတိယThird Impressionကတော့စိတ်နေစိတ်ထားပေါ့နောက်ဆုံးမှာထားပေမယ့်
အရေးအကြီးဆုံးပဲစိတ်နေစိတ်ထားမကောင်းဘူးမမှန်ဘူးဆိုရင်ရေရှည်မှာရှေ့နှစ်ခုလည်းမကယ်နိုင်ဘူးလူရှေ့မှာအရမ်းချစ်ပြပေမယ့်နောက်မှာကျအတင်းပြောတာမျိုးမြှောက်ပင့်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကဒုက္ခရောက်
စေချင်တာမျိုးတော်ချင်တော်ဒါပေမယ့်ငါ့ထက်တော့မတော်စေနဲ့ဆိုတဲ့စိတ်ထားမျိုးတွေကိုတော့ကျမတစ်ယောက်အနေနဲ့စိတ်နေမြင့်သူစာရင်းထဲမှာမထည့်ပါဘူးImpressionလည်းDownရုံမကမရှိတေ့ာတာမျိုးပါလူဆိုတာပြည့်စုံ
တယ်လို့မရှိပေမယ့်ဒီImpressionတွေဟာအရေးကြီးတယ်သင်ယူရမယ်ဆိုတဲ့ခံယူချက်နဲ့ဒီစာကိုရေးပါတယ်ဖတ်ပေးလို့ကျေးဇူးပါSincerelyMai