သိန်း၁၀၀ကျော်တန်လျှပ်စစ်ကားတွေ ဈေးကွက်အတွင်းစတင်ရောင်းချလူ၅ဦးစီးနင်းနိုင်ကာမြို့တွင်းနှင့်ခရီးဝေး နှစ်မျိုးစလုံးအတွက်၂၀၁၉ မော်ဒယ်လ်KSD အမှတ်တံဆိပ်ဘက်ထရီစွမ်းအင်သုံးလျှပ်စစ်ကားများကို
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်သာဓုကန်စက်မှုဇုန်ရှိခိုင်ခိုင်ဆန်းဒါးအုပ်စုလီမိတက်မှဈေးကွက်အတွင်းသို့စတင်ဖြန့်ဖြူးရောင်းချလိုက်ပြီဖြစ်သည်လက်ရှိတွင်မော်ဒယ်နှစ်မျိုးထုတ်လုပ်ထားသည်KSDV1-NE1 မော်ဒယ်မှာမြို့တွင်း
သွားလာရန်ရည်ရွယ်ပြီးခရီးဝေးသွားလာမည့်သူများအတွက်KSDV1-NE2 မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်ကားများတွင်လီသီယမ်ဘက်ထရီအမျိုးအစားတပ်ဆင်ထားပြီးအာမခံ၅ နှစ်ပေးထားသည်
NE1 မော်ဒယ်မှာဘက်ထရီအားသွင်းချိန်၈နာရီကြာမြင့်ပြီးခရီးအကွာအဝေး ကီလိုမီတာ၁၈၀မှ၂၀၀ကြား မောင်းနှင်နိုင်မည်ဖြစ်သည်တစ်နာရီလျှင်ကီလိုမီတာ၆၀ နှုန်းထိ မောင်းနှင်နိုင်ပြီး၂၀၀စီစီအရေးပေါ်အားသွင်းမီးစက်
ပါဝင်သည်ကား၏အရောင်ကိုအဖြူရောင်တစ်မျိုးတည်းထုတ်လုပ်ထားပြီးစက်ရုံဈေး၁၀၃ သိန်းဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်ခရီးဝေးသွားလာနိုင်သည့်NE2 မော်ဒယ်အနေနဲ့ဘက်ထရီအားသွင်းချိန်၅နာရီကြာမြင့်ပြီးကီလိုမီတာ
၈၀၀ထိ မောင်းနှင်နိုင်ကာဘက်ထရီကို၇၆၆စီစီအားသွင်းမီးစက်ဖြင့်အားဖြည့်ပြီးဆက်လက်မောင်းနှင်နိုင်သည်အမြန်နှုန်းတစ်နာရီလျှင် ၈၀ကီလိုမီတာဖြင့် မောင်းနှင်နိုင်သည်။ကား၏အရောင်မှာတစ်စီးလုံးအဖြူရောင်
ဖြစ်သော်လည်းအရှေ့ပိုင်းမှာနက်ရောက်ဖြစ်ပြီးစက်ရုံဈေး၁၁၆သိန်းဖြင့် ရောင်းချလျှက်ရှိပြီး ပြင်ပတွင်လက်ရှိပေါက်ဈေးသိန်း၂၀၀ထိရှိနေကြောင်းသိရသည်မော်တော်ယာဉ်အမျိုးအစား နှစ်ခုစလုံးတွင်တပ်ဆင်ထားသော
ဘက်ထရီများကိုအိမ်သုံးလျှပ်စစ်မီးဖြင့်လွယ်ကူစွာအားသွင်းနိုင်ကြောင်းသိရသည်အဆိုပါကားမျာကိုမြန်မာတရုတ် ချစ်ကြည်ရေးအတွက်တရုတ်အစိုးရမှကူညီထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်းကုမ္ပဏီ၏မန်းနေးဂျင်း
ဒါရိုက်တာမစ္စတာယူဂျင်ချန်းက ပြောကြားခဲ့သည်ခိုင်ခိုင်ဆန်းဒါးကုမ္ပဏီအနေနဲ့ နောက်ပိုင်းတွင်တစ်လလျှင်ယာဉ်အစီးရေ၅၀၀ထိထုတ်လုပ်သွားရန်ရည်ရွယ်ထားပြီးဆလွန်းအမျိုးအစားကားများကိုလည်းထပ်မံထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်သတင်းရင်းမြစ် ကြေးမုံ