သိုင္းတတ္ေတာ့ဘာေကာင္းသလဲသိုင္းတတ္ရင္သိုင္းနဲ႔ေျဖရွင္းလို႔ရတယ္ေက်ာက္ဆည္ၿမိဳ့မွာ ဖုန္းလုရင္းဓားနဲ႔ထိုးသြားတာျမင္ရေတာ့ စိတ္ထဲမေကာင္းဗ်ာ ေဘးကလည္းလက္အုပ္ခ်ီ ထိုင္ေတာင္းပန္ေနရင္းၾကားကလဲေနတဲ့သူကိုဓားနဲ႔ထိုးသြားတယ္ဗ်ာ ။ဒီေတာ့ က်ေနာ္ သိုင္းသင္ျဖစ္တဲ့ အေၾကာင္းနည္းနည္းေျပာျပမယ္
က်ေနာ္ကငယ္ငယ္က ေၾကာက္တတ္တယ္ အေကာင္ကလည္းေသးတယ္ ေက်ာင္းစတက္ေတာ့လည္း အသက္မျပည့္ခင္ ကိုယ့္ထက္တႏွစ္ႀကီးတဲ့သူေတြနဲ႔ေက်ာင္းေပ်ာ္ေနရင္းေက်ာင္းတက္ျဖစ္သြားေတာ့ ေျပာရရင္ ေက်ာင္းမွာကိုယ့္ထက္အေကာင္ႀကီးတဲ့ေကာင္ေတြကအနိုင္က်င့္တာခံရတယ္ ျပန္မခ်ဘူးလားဆိုေတာ့ ျပန္ခ်တယ္ ျပန္ခ်လည္းကိုယ္ပဲခံရတာ
မ်ားေတာ့ ေၾကာက္တတ္သြားတယ္ကိုယ့္အကိုဝမ္းကြဲတို့ ေနာက္ေက်ာင္းေနဖက္သူငယ္ခ်င္းတို့ငယ္ငယ္ကကေလးသဘာဝရန္ျဖစ္ရင္း အထုအေထာင္းခံရတယ္။စိန္ေခၚခံရတယ္ ျပန္ၿပီး အံမတုရဲဘူးေပါ့ဒီေတာ့ ငယ္ငယ္က ေတြးတာက တခုခုျဖစ္မယ္ဆို ျပန္ၿပီး ကာကြယ္ဖို့ထက္ ေတာင္းပန္လိုက္မယ္ဘယ္သူမဆို ေတာင္းပန္ရင္ေတာ့ ဘာမွလုပ္မယ္မဟုတ္လို့
တကၠသိုလ္ေက်ာင္းသားဘဝအစပိုင္းေလာက္ထိ ေတြးဖူးတယ္တကယ္ကမရဘူးဗ်အနိုင္က်င့္မယ္ ေစာ္ကားမယ္လုမယ္ဆိုတဲ့သူေတြက ေတာင္းပန္႐ုံအသနားခံ႐ုံနဲ႔ မရဘူး ေၾကာက္မွန္းသိေလ ပိုၿပီးဆိုးရြားေအာင္လုပ္ေလေလပဲဒီလိုနဲ႔က်ာင္းၿပီး အလုပ္ကိစၥနဲ႔မန္းေလးေရာက္မန္းေလးကဆရာႀကီးဦးေမာင္ေမာင္ဆရာႀကီး ဦးေအာင္နိုင္ထြန္းတို့ဆီမွာသိုင္းေျပာင္းျပန္
ပညာ သင္ယူျဖစ္ခဲ့တယ္ ေနာက္ဆုံးရန္ကုန္ျပန္ေရာက္ေတာ့ ဆရာႀကီးဦးသိန္းေအးဆီက ဘုရင့္ေနာင္သင္တန္းမွာ ဆက္ၿပီး သင္ျဖစ္တယ္ေပါ့ဗ်ာ ။သိုင္းေျပာင္းျပန္ကို စသင္ရတုန္းက ကိုယ္ကာယေတြပုံစံေျပာင္းလဲႀကံ့ခိုင္လာၿပီးကာယသတၱိပုံစံ တိုက္ရဲခိုက္ရဲလာၿပီး ေနာက္ပိုင္း သိုင္းေျပာင္းျပန္ကိုသင္လာေလေလဒီပညာရဲ့ သေဘာေတြကို သိလာလာရၿပီး
ကိုယ္ဒီလိုခ်လိုက္ရင္ ဒီလူဟာ ဒီလိုက်ိဳးနိုင္ပါလား ေသနိုင္ပါလား ကန္းနိုင္ပါလားဆိုၿပီး ေတာ္႐ုံကိစၥေတာ္ေတာ္မ်ားမ်ားမွာ သည္းခံလာနိုင္တယ္ ၊ ေလၽွာ္ေပးလာနိုင္တယ္အျပင္မွာ လက္ပါလိုက္ရင္ ရမယ့္ကိစၥေတြမွာပါငါလုပ္ရင္ခံရမွာပါလား ဆိုၿပီး ပါးစပ္နဲ႔ပဲရေအာင္ေျပာဆိုတတ္တဲ့ စိတ္သတၱိေတြလည္း ဒီပညာကေနပဲ ရလာတယ္ဟိုးအရင္ကလို
ေၾကာက္တတ္လို့ မခ်ရဲတာမ်ိဳးမဟုတ္ေတာ့ပဲ နိုင္မွန္းသိလို့ မခ်ေတာ့တာမ်ိဳးက အေတာ္အရသာရွိမွန္းသိလာတယ္ဒါေၾကာင့္လည္း လူငယ္လူရြယ္ေတြ ၊ အမ်ိဳးသမီးအမ်ိဳးသားေတြ ဘယ္သူမဆို ကာယေရာ ဉာဏေရာ ႀကံ့ခိုင္ဖို့ ကိုယ့္တာ ကိုယ္လုံဖို့ ရိုးရာအေမြအႏွစ္ထိန္းသိမ္းဖို့ အရွက္နဲ႔ အသက္အႏၲရာယ္ကာကြယ္ဖို့
အေကာင္းဆုံးကေတာ့ ရိုးရာသိုင္းပညာတခုခုကို သင္ယူၾကပါလိုတိုက္တြန္းခ်င္ပါတယ္ဗ်ာသိုင္းသင္ရင္ဘာရသလဲဆိုတာ တကယ္သင္ၾကည့္ရင္ တကယ္သိလာမွာပါဗ်ာသင္ျဖစ္ေအာင္သင္ၾကဖို့ တိုက္တြန္းပါရေစဗ်ာ Lynn Za Nee ခရစ္တစ္
သိုင်းတတ်တော့ဘာကောင်းသလဲသိုင်းတတ်ရင်သိုင်းနဲ့ဖြေရှင်းလို့ရတယ်ကျောက်ဆည်မြို့မှာ ဖုန်းလုရင်းဓားနဲ့ထိုးသွားတာမြင်ရတော့ စိတ်ထဲမကောင်းဗျာ ဘေးကလည်းလက်အုပ်ချီ ထိုင်တောင်းပန်နေရင်းကြားကလဲနေတဲ့သူကိုဓားနဲ့ထိုးသွားတယ်ဗျာ ။ဒီတော့ ကျနော် သိုင်းသင်ဖြစ်တဲ့ အကြောင်းနည်းနည်းပြောပြမယ်
ကျနော်ကငယ်ငယ်က ကြောက်တတ်တယ် အကောင်ကလည်းသေးတယ် ကျောင်းစတက်တော့လည်း အသက်မပြည့်ခင် ကိုယ့်ထက်တနှစ်ကြီးတဲ့သူတွေနဲ့ကျောင်းပျော်နေရင်းကျောင်းတက်ဖြစ်သွားတော့ ပြောရရင် ကျောင်းမှာကိုယ့်ထက်အကောင်ကြီးတဲ့ကောင်တွေကအနိုင်ကျင့်တာခံရတယ် ပြန်မချဘူးလားဆိုတော့ ပြန်ချတယ် ပြန်ချလည်းကိုယ်ပဲခံရတာ
များတော့ ကြောက်တတ်သွားတယ်ကိုယ့်အကိုဝမ်းကွဲတို့ နောက်ကျောင်းနေဖက်သူငယ်ချင်းတို့ငယ်ငယ်ကကလေးသဘာဝရန်ဖြစ်ရင်း အထုအထောင်းခံရတယ်။စိန်ခေါ်ခံရတယ် ပြန်ပြီး အံမတုရဲဘူးပေါ့ဒီတော့ ငယ်ငယ်က တွေးတာက တခုခုဖြစ်မယ်ဆို ပြန်ပြီး ကာကွယ်ဖို့ထက် တောင်းပန်လိုက်မယ်ဘယ်သူမဆို တောင်းပန်ရင်တော့ ဘာမှလုပ်မယ်မဟုတ်လို့
တက္ကသိုလ်ကျောင်းသားဘဝအစပိုင်းလောက်ထိ တွေးဖူးတယ်တကယ်ကမရဘူးဗျအနိုင်ကျင့်မယ် စော်ကားမယ်လုမယ်ဆိုတဲ့သူတွေက တောင်းပန်ရုံအသနားခံရုံနဲ့ မရဘူး ကြောက်မှန်းသိလေ ပိုပြီးဆိုးရွားအောင်လုပ်လေလေပဲဒီလိုနဲ့ကျာင်းပြီး အလုပ်ကိစ္စနဲ့မန်းလေးရောက်မန်းလေးကဆရာကြီးဦးမောင်မောင်ဆရာကြီး ဦးအောင်နိုင်ထွန်းတို့ဆီမှာသိုင်းပြောင်းပြန်
ပညာ သင်ယူဖြစ်ခဲ့တယ် နောက်ဆုံးရန်ကုန်ပြန်ရောက်တော့ ဆရာကြီးဦးသိန်းအေးဆီက ဘုရင့်နောင်သင်တန်းမှာ ဆက်ပြီး သင်ဖြစ်တယ်ပေါ့ဗျာ ။သိုင်းပြောင်းပြန်ကို စသင်ရတုန်းက ကိုယ်ကာယတွေပုံစံပြောင်းလဲကြံ့ခိုင်လာပြီးကာယသတ္တိပုံစံ တိုက်ရဲခိုက်ရဲလာပြီး နောက်ပိုင်း သိုင်းပြောင်းပြန်ကိုသင်လာလေလေဒီပညာရဲ့ သဘောတွေကို သိလာလာရပြီး
ကိုယ်ဒီလိုချလိုက်ရင် ဒီလူဟာ ဒီလိုကျိုးနိုင်ပါလား သေနိုင်ပါလား ကန်းနိုင်ပါလားဆိုပြီး တော်ရုံကိစ္စတော်တော်များများမှာ သည်းခံလာနိုင်တယ် ၊ လျှော်ပေးလာနိုင်တယ်အပြင်မှာ လက်ပါလိုက်ရင် ရမယ့်ကိစ္စတွေမှာပါငါလုပ်ရင်ခံရမှာပါလား ဆိုပြီး ပါးစပ်နဲ့ပဲရအောင်ပြောဆိုတတ်တဲ့ စိတ်သတ္တိတွေလည်း ဒီပညာကနေပဲ ရလာတယ်ဟိုးအရင်ကလို
ကြောက်တတ်လို့ မချရဲတာမျိုးမဟုတ်တော့ပဲ နိုင်မှန်းသိလို့ မချတော့တာမျိုးက အတော်အရသာရှိမှန်းသိလာတယ်ဒါကြောင့်လည်း လူငယ်လူရွယ်တွေ ၊ အမျိုးသမီးအမျိုးသားတွေ ဘယ်သူမဆို ကာယရော ဉာဏရော ကြံ့ခိုင်ဖို့ ကိုယ့်တာ ကိုယ်လုံဖို့ ရိုးရာအမွေအနှစ်ထိန်းသိမ်းဖို့ အရှက်နဲ့ အသက်အန္တရာယ်ကာကွယ်ဖို့
အကောင်းဆုံးကတော့ ရိုးရာသိုင်းပညာတခုခုကို သင်ယူကြပါလိုတိုက်တွန်းချင်ပါတယ်ဗျာသိုင်းသင်ရင်ဘာရသလဲဆိုတာ တကယ်သင်ကြည့်ရင် တကယ်သိလာမှာပါဗျာသင်ဖြစ်အောင်သင်ကြဖို့ တိုက်တွန်းပါရစေဗျာ Lynn Za Nee ခရစ်တစ်