သီတင်းကျွတ်ကာလအပြီး ရွှေဈေးကျပ်၂၅သိန်းခွဲမှ၂၆သိန်းဝန်းကျင်ကြား ရွှေဆိုင်တွေအရောင်းဖွင့်အောက်တိုဘာ၁၀သီတင်းကျွတ်ကာလအပြီး အောက်တိုဘာ၁၀ရက်နံနက်၁၁နာရီပြင်ပရွှေဈေးကွက်စဖွင့်ချိန်၁၆ပဲရည်တစ်ကျပ်သားကို

ကျပ်၂၅သိန်းခွဲမှ၂၆သိန်းဝန်းကျင်ကြားအရောင်းအဝယ်လုပ်တယ်လို့ရန်ကုန်မြို့ရွှေဆိုင်တွေဆီကသိရပါတယ်ဒီနေ့နံနက်၁၁နာရီအချိန်ရွှေဈေးအရ အခေါက်ရွှေတစ်ကျပ်သားကိုကျပ်၂၅၅၀၀၀၀အထက်နဲ့ ဈေးစဖွင့်ပြီးဈေးနှုန်းတည်

ငြိမ်မှုမရှိဘဲ ပြောင်းလဲနိုင်တယ်လို့ ရွှေဆိုင်တစ်ဆိုင်ကဖြေကြားထားပြီး ရွှေဆိုင်တချို့ကတော့သီတင်းကျွတ်ကာလဖြစ်လို့ဆိုင်တွေပိတ်ထားကြဆဲဖြစ်ပါတယ်အောက်တိုဘာလ ရွှေဈေးကွက်ကတော့ပထမအပတ်မှာ

ရွှေအရောင်းအဝယ်အေးနေခဲ့ပြီးဝယ်သူထက် ရောင်းသူပိုများခဲ့ကာ ရွှေဈေးအနိမ့်ဆုံးကျပ်၂၂သိန်းဝန်းကျင်အထိကျဆင်းခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ရွှေအရောင်းအဝယ်အနည်းငယ်ပြန်ဖြစ်ကာ ရွှေဈေးတန်း၂၅သိန်းဝန်းကျင်မှာပဲ

ဈေးပြိုင်တင်ဒါစနစ်နဲ့ရွှေလေလံရောင်းချမှုတွေမှာအရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ၁၂ရက်နေ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးခန်းမှာလည်းမီးလင်းရွှေ၁၀ပိဿာ ကျော် ရောင်းချဖို့ရှိနေတာဖြစ်ပါတယ်