အိမ်မှာအပင်လေးတွေစိုက်ထားရင်ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်စရိတ်နည်းဖို့ဒီလိုအစပြုပါပိုးသတ် ဆေးကင်းရောဂါကင်းပေါ့သင့်အိမ်ကဆန်ဆေးရည်တွေကိုအကျိုးရှိမယ့်နေရာတစ်ခုခုမှာမသုံးစွဲပဲသွန်ပစ်နေခြင်းမျိုးလုံးဝ

မလုပ်ပါနှင့်။အထူးသဖြင့်သင်ဟာစိုက်ပျိုးရေးနဲ့ပါတ်သက်ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင်ပိုလို့ တောင်ဆင်ခြင် သင့်ပါတယ်ဆန်ဆေးရည်မှာဘာတွေပါသလဲဆိုရင် သက်ရှိများကိုအကျိုး ပြုနိုင်သောဓါတ်အဟာရတွေမြောက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

များစွာပါဝင်နေပါတယ်။လို့သာအလွယ်မှတ်လိုက်ကြပါစို့အိုမင်းရင့်ရော်ခြင်းကိုဟန့်တား စေနိုင်ခြင်းမဖြစ်မနေကျိုးရမဲ့သွား တွေကိုခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ ဆံပင်တွေတဖန်ပြန်ပြီးမဲနက်လာစေနိုင်ခြင်းဆိုတဲ့အထိ

အစွမ်းအာနိသင်မျိုးတွေဆန်ဆေးရည်မှာရှိနေပါတယ်စိုက်ပျိုးရေးနဲ့ပါတ်သက်သည်များကိုအဓိကထားတင်ရမယ်ဆိုရင်အပင်များနဲ့ပါတ်သက်ရင်လဲများပြားလှစွာသောအကျိုးများ ကိုဖြစ်ထွန်းစေပါတယ်အထွေအထူးစီမံနေစရာ

မလိုပါဘူးဆန်ဆေးရည်ကိုအချဉ်ဖေါက်ပြီးသုံးစွဲယုံသာဖြစ်ပါတယ်အရင်ဦးဆုံးဆေးတဲ့ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာ ထည့်အဖုံးကိုမလုံ့တလုံထား အေး/ခြောက်မှာ(၇)ရက်ထားလိုက်ပြီး ရင်ပိတ်စပါးပါးဖြင့်စစ်ယူလိုက်ပါ

ထိုအရည်ကို(၆)လခန့်အထိ အေး ခြောက်မှာသိမ်းဆည်းပြီးအသုံးပြုခဲ့ဖူးပါတယ်သန့်ရှင်းမှု၊ရာသီဥတုအပူအအေးပေါ်မူတည်ပြီးအထားခံတဲ့ရက်ကွာ ခြားသွားနိုင်ပါတယ်ဘယ်နှစ်ရက်ထားရင် ဘာဓါတ်၊ ဘာဓါတ်တွေပါဝင် နေ မယ်

နောက်ထပ်ဘယ်နှစ်ရက်ထပ်ထားလိုက်ရင်တော့ ဘာဓါတ်၊ဘာဓါတ်တွေထပ်တိုးလာမယ်ဆိုတာမျိုးကိုလဲကြားဖူးခဲ့ပါတယ်။ ဘာမှထပ် ထည့်ပေးတာလဲမဟုတ်ဘဲ၊ရက်ကာလတစ်ခုထပ်တိုးလိုက်ယုံနဲ့ဓါတ် တွေ ထပ်တိုးလာမယ်ဆိုတာကိုလဲ

စဉ်းစားပေါ့လို့သတိပေးပါရစေ။ကဲဆန်ဆေးရည်မှာကယ်လ်စီယမ်၊သံ၊ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သောစီလီကာဓါတ်ဗီတာမင်ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသောအခြားဓါတ်ပေါင်း

မြောက်များစွာလည်းပါဝင်နေပါတယ်။ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သောမှို၊ပိုး၊ပျ၊စုပ်စားပိုးတို့ကိုနိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များ ကိုပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်အပင်မစိုက်ပျိုးမှီ

စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့်အချို့သောမြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်းအတိုင်းအတာတစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့်နို့အချဉ်ဖေါက်ရည်

ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်း သောစိုက်ပျိုးရေးအတွက်ဖြစ်စေပထမဦးဆုံးစတင်စုဆောင်ရမည့်ကုန် ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်သူများထက်နှာတစ်ဖျားသာလို

သောကြောင့်ကိုယ်ထက်သာသွားမှာမလိုလားသောကြောင့်ဖျန်းသည့်ဆေးကို မသိအောင်တံဆိပ်ခွါထားတတ်ကြပါသည်ဘာမြေသြဇာထည့်မှန်းမသိအောင်အိတ်လှယ်ပြီးမှစိုက်ခင်းထဲယူလာပြီး ထည့်တတ်ကြပါသည်။အာ့တွေက

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကလေးအတွေးသာသာခပ်တိမ်တိမ်မိန်းမဉာဏ်လောက်သာရှိပါသည်အမှန်တကယ် သူများထက်သာခြင်လျှင် နှာတစ်ဖျားရှေ့ရောက်ခြင်နေလျှင် ဆန်ဆေးရည်ကစပြီး စုလိုက်ပါ။ ဆန်ဆေးရည်တစ်ခုအရင်းပြုပြီး အစပြုလိုက်စမ်းပါ