အသီးအပင်အတွက်မြေသြဇာအရည်ကိုယ်တိုင်ပြုလုပ်နည်းလိုအပ်သောပစ္စည်းများနွားချေးခြောက်၁ပိဿာကြက်ချေးခြောက်၁ပိဿာပလပ်စတစ်စအပေါက်ပါသို့အဝတ်ပါးစ၁ခုရေ၈ဂါလံပြုလုပ်နည်းနွားချေးခြောက်၁ပိဿာကြက်ချေးခြောက်
(၁)ပိဿာကိုပလပ်စတစ်(သို့)အဝတ်ပါးစနဲ့ထုပ်ပါအဲ့အထုပ်ကိုရေ(၈)ဂါလံမှာစိမ်ပါ၃ရက်တိတိစိမ်ပြီးနွားချေးထုပ်ကိုဆယ်ယူပါအဲ့အထုပ်ကိုသစ်ပင်ရင်းမှာဖြစ်ဖြစ်ချထားပါအထုပ်ထဲကနေထွက်ကျလာမယ့်အရည်တွေဟာအပင်တွေအတွက်အစာအာဟာရဖြစ်စေပါတယ်
အသုံးပြုနည်းကြက်ချေး၊နွားချေးစိမ်ထားတဲ့အရည်(၁)ဆကိုရေ၂၀ဆရောပြီးအပင်တွေကိုလောင်းပေးနိုင်ပါတယ်အရွက်ဖျန်းဖို့အတွက်ဆိုရင်ဟင်းခတ်ဇွန်း(၁၅)ဇွန်းနဲ့ရေ(၂၀)လီတာရောပြီးပက်ဖျန်းနိုင်ပါတယ်တကယ်လို့အသီး၊အပွင့်ပင်မဟုတ်ရင်တော့နွားချေးတစ်မျိုးထဲနဲ့လုံလောက်ပါတယ်