သူငယ်ချင်းတွေမိတ်ဆွေတွေဟာဒီကနေစပြီးမိတ်ပျက်သွားတာဘာပဲကျီးကန်းကကြက်ဥမကြိုက်ဘူး၊ကြက်ဥကိုအမြဲတမ်း ခွေးကိုပေးတယ်။ခွေးက အစကတော့ ကျေးဇူးတင်ပါတယ်ပေါ့၊ ကြာတော့လဲ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့၊

ဒါကပေးကိုပေးရမလိုဖြစ်လာတယ်။ တနေ့ကျတော့ကျီးကန်းကကြက်ဥကိုငါး ကိုပေးလိုက်တော့ခွးကမကျေနပ်တော့ဘူးကက်ဥကစကတည်းကကျီးကန်းဟာဆိုတာသူမေ့သွားတယ်။ကြက်ဥဘယ်သူကို ပေးမယ်ဆိုတာကျီးကန်းမှာဆုံးဖြတ်ခွင့်ရှိ

တယ်ဆိုတာမေ့သွားတယ်။ဒါနဲ့ သူတို့စကားများကြပြီး မိတ်ပျက်သွားကြတယ်။သိပ်ပူတဲ့နွေရာသီတခုမှာ၊လူတစုကမြစ်ရေလှိုင်းထဲဖောင်စီးသွားကြတယ်ကောင်မလေးတယောက်ရေဆော့နေတုံး၊ဖိနပ်ကရထဲကျသွားတယ်။ကမ်းပေါ်ရောက်တော့

နေပူထဲမှာပူကျစ်နေတဲ့ရချိုးကျောက်သဲပြင်ကျယ်ကြီးကိုဖတ်ရမယ်။ဒါနဲ့ကောင်မလေးကတယောက်ယောက်ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲပါတာဘယ်သူမှမပေးချင်ကြဖူး၊ကောင်မလေးက မကျေ

နပ်ဖြစ်သွားတယ်သူကမိန်းခလေးသဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများအကူညီရနေကျလေဒါပေမဲ့ဒီတခါတော့မရတော့ဘူး။ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး ၊ ကူညီချင်စိတ်မရှိဘူးလို့တွက်လိုက်တယ်နောက်တော့ ကောင်လေး

တယောက်ကသူ့ဖိနပ်ကို ပေးလိုက်တယ်။သူကတော့ ဖိနပ်ဗလာနဲ့အကြာကြီး ရေချိုးကျောက်ပူပူထဲပေးလိုက်ရတယ်သံပူနဲ့ကပ်နေသလိုပါပဲ။ကောင်မလေးက ကျေးဇူးတင်ကြောင်းပြောလိုက်တယ်ကောင်လေးက၊ဘယ်သူမှမင်းကိုကူညီဖို့တာဝန်

မရှိပါဘူးမင်းကိုကူညီတာခင်မင်မှုတစ်ခုကြောင့်ပဲမကူညီဖြစ်ရင်ဒါသမကြီးပါနဲ့ဒါသမရိုးကျပါ။အဲ့လိုပြောတော့ကောင်မလေးစိတ်ထဲအာင့်သက်သက်ဖြစ်သွားခဲ့တယ်။အဲချိန်ကစပြီးသူ့ကိုကူညီဖူးသူတွေကိုအမြဲမှတ်သားထားလေ့ရှိပြီးပြန်လည်ကျေး

ဇူးဆပ်လေ့ရှိသတဲ့။ကျမတို့ဟာအမြဲတမ်းသူများကကိုယ့်အပေါ်ကောင်းဖို့ပဲမျာ်လင့်ကြတယ်။အစပိုင်းတော့ ကျေးဇူးတင်မဆုံးဘူးပေါ့ကြာလာတော့သူများကိုယ့်အပေါ်ကောင်းတာကိုအကျင့်ဖြစ်လာတယ်။ဒါကဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။

တနေ့မှာကိုယ့်အပေါ်မကောင်းခဲ့ရင်အပြစ်တင်ရှုံ့ချမိတော့တယ်။တကယ်တန်းကျတော့၊သူများမကောင်းတော့တာမဟုတ်ပါဘူးကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပေါ့။

ညနေတခုမှာ၊ဆိတ်ကလေးတကောင်တည်းတာင်ကုန်းလေးပေါ်ဆော့နေတယ်။ရုတ်တရက် သစ်ပင်ခြုံကြားထဲက ၀ံပုလွေတကောင်ထွက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။ဆိတ်ငယ်က လန့်ခုန်ပြီးခထောက်နဲ့အသားကုန်ကန်တယ်အသံကျယ်

နဲ့အော်ပြီးသူငယ်ချင်းတွေကိုကူညီလှမ်းတောင်းတယ်။နွားကသစ်ပင်ခြုံထဲကတချက်လှမ်းကြည့်ပြီးဝံပုလွေကိုမြင်တော့ပြေးပါလေရောမြင်းကခေါင်းငုံပြီးတချက်ကြည့်၊၀ံပုလွေမြင်တော့ ၀ှစ်ကနဲကိုပြေးတာမြည်းကသွားနေရင်ကရပ်သွားတယ်ဒါပေမဲ့

ဝံပုလွေမြင်တာနဲ့တောင်အောက်ဆင်းပြေးတယ်ဝက်ကဖတ်သွားရင်းဝံပုလွေမြင်တာနဲ့ကမန်းကတန်းတောင်ပေါ်ကဆင်းပြေးရောယုန်ငယ်ကအသံကြားတာနဲ့မြှားပြစ်သလိုကိုပြေးတာတောင်အောက်မှာရှိတဲ့ ခွေးကဆိတ်အော်သံကြားတော့ကမန်း

ကတန်းတောင်ပေါ်ပြေးတက်ခြုံပုတ်တွေထဲကနေဖြတ်ပြီးဝံပုလွေရဲလည်မြိုကိုခဲပစ်လိုက်တယ်။ဝံပုလွေကနာလွန်းလို့ထအော်တယ်၊ခွးမာန်ဖီလိုက်တော့လန့်ပြီးပြေးပါလေရောအိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံးရောက်လာတယ်။

နွားကနင်ကဘာလို့ငါ့ကိုမခေါ်တာလဲငါဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့မြင်းကနင်ကဘာလို့ငါ့ကိုမပြောလဲ၊ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့မြည်းက နင်သာငါ့ကိုပြောရင် ငါအော်သံနဲ့ကို သူလန့်ပြေးမှာဝက်က နင်ငါ့ကိုခေါ်ရောပေါ့

ငါတချက်ပက်လိုက်ရင်သူတောင်ပေါ်ကတောင်ပြုတ်ကျသွားမယ်ယုန်ကလည်းနင်ငါ့ကိုခေါ်လိုက်ရင်ငါကအပြေးသန်တော့ သူများတွေကို သွားခေါ်ပေးနိုင်တာပေါ့တဲ့..။အဲ့ဆူဆူညံညံ ပြောသံတွေကြားမှာ ခွေးပဲ မပါခဲ့ပါမိတ်ဆွေစစ်ဆိုတာ စကား

အလှတွေသုံးနေစရာမလိုပါတကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူပါပဲမင်းနားမှာတနေကုန်ဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းတွေ ၊ မင်းကိုခင်သလိုလိုလုပ်နေတဲ့ သူငယ်ချင်းတွေကသူငယ်ချင်းအစစ် ဟုတ်မဟုတ်မသေချာပါခရစ်စတစ်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here