သူများတွေကိုလုံး၀ထုတ်ဖော်မပြောသင့်တဲ့ကိုယ်ရေး
ကိုယ်တာကိစ္စ(၅)ခုပွင့်လင်းတဲ့သူတိုင်းကခင်မင်စရာကောင်းတယ်ဆိုတာမှန်ကန်ပါတယ်ဒါပေမယ့်လူတစ်ယောက်ဟာ

ဘယ်လောက်ပဲ ပွင့်လင်းပါစေကိုယ့်ဆီမှာကိုယ်တစ်
ယောက်တည်းပဲသိထားသင့်တဲ့အရာတွေဆိုတာလည်းရှိတတ်ပါတယ်နော်တစ်ချို့အကြောင်းအရာတွေကိုလွယ်လွယ်ပြောမိ

တဲ့အခါတစ်ဖက်လူအတွက်အသုံးချသွားနိုင်တဲ့ပျော့ကွက်တွေ ဖြစ်သွားနိုင်ပါတယ်ဒါကြောင့် သူများတွေကိုထုတ်မပြောသင့်တဲ့အရာတွေကဒါတွေပါနော်ကိုယ့်ရဲ့အစီအစဉ်တွေကိုယ်

ရှေ့ဆက်ပြီးဘာတွေလုပ်မယ်ကိုယ့်ရဲ့planကဘယ်လိုရှိတယ်စသဖြင့်ဒါတွေကိုတစ်ခြားသူတွေဆီမှာမပြောသင့်ပါဘူးနော်။ကိုယ့်မှာဘယ်လောက်ပဲကောင်းမွန်တဲ့အစီအစဉ်တွေရှိ

နေပါစေကိုယ်ဘာလုပ်မယ်ဆိုတာကိုမပြပဲကိုယ်ဘယ်လိုလုပဆောင်နိုင်တယ်ဆိုတဲ့ရလဒ်ကိုသာပြသင့်ပါတယ်နောက်ပြီးကိုယ့်အစီအစဉ်ကောင်းတွေကိုသူများကိုပြောလိုက်တဲ့

အခါကိုယ်အကောင်အထည်မဖော်ရသေးခင်သူများယူသွားတာမျိုးဖြစ်သွားတတ်လို့ကိုယ့်ရဲ့အစီအစဉ်တွေကိုအမြဲတမ်းလျို့ဝှက်ထားသင့်ပါတယ်။ကိုယ့်ရဲ့အချစ်ရေးတစ်ခြားသူစိမ်း

တွေဆီကိုကိုယ့်အချစ်ရေးမှာဘာတွေဘယ်လိုဖြစ်နေတယ်၊ဘယ်လိုပြသနာတွေဖြစ်နေတယ်ဆိုပြီးတစ်ခုမကျန် အကုန်ပြောတာမျိုးမလုပ်သင့်ပါဘူး။ကိုယ်ကတော့ရိုးရိုးသားသား

အကုန်ထုတ်ပြောလိုက်ပေမယ့်ကွယ်ရာမှာကိုယ့်အကြောင်းကိုလှောင်ရယ်နေတာမျိုးအတင်းပြောတာမျိုးလုပ်နေတတ်ပါတယ်။အချစ်ရေးမှာပြသနာတွေဖြစ်နေရင်တောင်သူများတွေ

ကိုတော့ချပြတာမျိုးမလုပ်သင့်ပါဘူးနော်။သင့်ရဲ့ဝင်ငွေကိုယ် တစ်လမှာ ဝင်ငွေဘယ်လောက်ရှိတယ်၊ဘယ်လောက်ရတယ်ဆိုတာမျိုးကိုအမေးခံရတာပဲ ဖြစ်ဖြစ်ကြွားလုံးထုတ်ပြီးပြော

ချင်တာပဲဖြစ်ဖြစ်လုံးဝမပြောသင့်ပါဘူး။အနောက်နိုင်ငံမှာဆိုရင်လူတစ်ယောက်ရဲ့လစာကိုမေးမြန်းတာကအတော်လေးရိုင်းတဲ့ အပြုအမူပဲဖြစ်ပါတယ်ကိုယ်ကလည်းဘယ်လောက်ပဲ

ရင်းနှီးပါစေလူတစ်ယောက်ရဲ့ဝင်ငွေကိုစပ်စုတာမျိုးမလုပ်သင့်ပါဘူးနော်။ဒါကယဉ်ကျေးမှုတစ်ခုအနေနဲ့ထိန်းသိမ်းသင့်တဲ့ကျင့်ဝတ်ပဲဖြစ်ပါတယ်။သင့်ရဲ့နောက်ထပ်ခြေလှမ်းဆိုလို

ချင်တာကကိုယ့်ရဲ့နောက်လုပ်ဆောင်မယ့်အစီအစဉ်မျိုးပါဥပမာကိုယ်နောက်နှစ်မှာ လုပ်ငန်းအသစ်တစ်ခုစမယ်၊အိမ်ဝယ်ဖို့ပိုက်ဆံစုနေတယ်နောက်လမှာအလုပ်ထွက်မယ်စသဖြင့်

ကိုယ်နောက်ထပ်နောက်ထပ် လုပ်မယ့်အစီအစဉ်နောက်ထပ်လှမ်းမယ့်ခြေလှမ်းကိုသူများတွေဆီမှာထုတ်ဖော်မပြောသင့်ပါဘူး။မိသားစုပြသနာကိုယ့်ရဲ့ မိသားစုပြသနာမျိုးကိုလည်း

သူများသူစိမ်းတွေဆီမှာသွားပြောတာမျိုးမလုပ်သင့်ပါဘူးနော်။ကိုယ့်ရဲ့အိမ်တွင်းရေးဘယ်လိုပဲရှိရှိ သူများကိုထုတ်ပြောမိတဲ့အခါသူစိမ်းတွေဝင်လာပြီးကိုယ့်မိသားစုပြသနာပိုကြီး

သွားတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ မိသားစုမှာဖြစ်ပျက်နေတဲ့ပြသနာတွေကိုတစ်ခြားသူတွေဆီ မပြောသင့်ပါဘူးCredit