လူပျောက်ရှာသည့်အဖွဲ့နှင့်ပူးပေါင်း၍မိမိကိုယ်မိမိလိုက်ရှာသောသူအသက်၅၁နှစ်အရွယ်ရှိဘေးဟန်မူတလူးဆိုသူသည် သူပျောက်ဆုံးသဖြင့်လိုက်လံရှာဖွေနေကြောင်းမသိရှိပဲလူ

ပျောက်ရှာသည့်အဖွဲ့နှင့်ပူးပေါင်းကူညီခဲ့သည်ထိုသူသည်ပြီးခဲ့သည့် အင်္ဂါနေ့ကတူရကီနိုင်ငံအနောက်မြောက်ဖက်ရှိတောအုပ်တစ်ခုထဲတွင်သူငယ်ချင်းတစ်ဦးနှင့်အတူအရက်မူးလွန်

ပြီးအိမ်သို့ပြန်မရောက်ခဲ့ချေထို့ကြောင့်သူ၏ဇနီးဖြစ်သူကခင်ပွန်းသည်ပျောက်ဆုံးကြောင်းအိမ်နီးနားချင်းများအားအကြောင်းကြားကာကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုခင်ပွန်းသည်မူ

တလူးအားလိုက်လံရှာဖွေစေခဲ့သည်မူတလူးသည်လည်းအမူးပြေလာချိန်ဝယ်လူပျောက်ရှာနေသောအဖွဲ့နှင့်ဆုံလေရာသူ့ကိုလိုက်ရှာနေကြောင်းမသိရှိပဲယင်းအဖွဲ့ကိုကူညီရန်ဆုံးဖြတ်

လိုက်ပြီးပူးပေါင်းလိုက်တော့သည်ထိုသို့ပူးပေါင်းကူညီလိုက်ရာတွင်ကယ်ဆယ်ရေးအဖွဲ့သားအချို့ကသူ့အမည်ကိုအော်ခေါ်ကြတော့မှသာလျှင်သူ့ကို လိုက်လံရှာဖွေနေကြခြင်းဖြစ်

မှန်းသိလေတော့၏ကျွန်တော့်နာမည်ကိုအော်ခေါ်ပြီးလိုက်ရှာနေကြသံကိုကြားတော့ချွေးသီးချွေးပေါက်တွေကျွန်တော်ကျလာတယ်ဗျဟုဘေးဟန်မူတလူးကပြောသည်ကျွန်တော်ဟာ

ခင်ဗျားတို့လိုက်ရှာနေတဲ့ဘေးဟန်မူတလူးပါလို့ပြောတာတောင်မှကယ်ဆယ်ရေးအဖွဲ့သားတွေက မယုံပဲဆက်ရှာနေကြတုန်းပဲကျွန်တော်နဲ့အတူသောက်ခဲ့တဲ့သူငယ်ချင်းနဲ့တွေ့

တော့မှယုံကြတော့တယ်ဟုလည်းမူတလူးကပြောသည်သူသည်ကယ်ဆယ်ရေးအဖွဲ့နှင့်နာရီဝက်ကျော်မျှကြာသည်အထိပူးပေါင်းကူညီနေခဲ့ခြင်းဖြစ်သည်credit