သောကြာသားသမီးများသာရှယ်ရန်စိတ်နေစ်ိတ်ထားနဲ့အကျင့်စရိုက်များသောကြာသားသမီးတွေကတဇွတ်ထိုးလုပ်တတ်သူလေးတွေပေါ့။ အရာရာကိုအလေးအနက်ထားတတ်ကြတယ်။အပျင်းလဲမကြီးဘူး။

ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ကြဘူး။ လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတတ်ကြတယ်။ အစားတော့သိပ်မရွေးဘူး အကုန်စားတယ်။ တစ်ခုခုဆို ခံစား လွယ်ကြတယ်။သောကြာသားသမီးတွေက စိတ်တို

လွယ်ပေမယ့်ခဏနဲ့စိတ်ပြန်ပြေကြပါတယ်။သူ့နေရာနဲ့သူလည်းဝတ်တတ်စားတတ်တယ်။မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ် ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် သူတို့ကပဲ အမြဲ အနစ်နာခံ တတ်ကြတယ်။ စိတ်ကူးယဉ်တတ်တယ်။

တစ်ခုခု ဆိုလည်း အရမ်း စိုးရိမ်တတ်ကြတယ်။ သူတို့က တစ်ခါတစ်လေမှာတော့ တစ်ဖက်လူနားညီးအောင်ထိ စကားတွေ ပြောနေတတ်ကြပါတယ်။ လောဘမကြီးဘူး။ အချစ်အရမ်းကြီးပြီး အရမ်းချစ်တတ်တယ်။

ဒါပေမယ့် ချစ်သူက သူတို့အပေါ် အမြဲ ခံစားရအောင် လုပ်တတ်ကြတယ်။ ထူးခြားချက်ကတော့ အနစ်နာခံနိုင်တာပါ။သောကြာသားသမီးတွေက ကံ ကောင်းစေဖို့ စိန် ကို ဆောင်သင့်ပါတယ်။Credit#T.L