မော်တော်ယာဉ်တစ်စီးမှာကြုံတွေ့ရလေ့ရှိတဲ့ပြဿနာတွေထဲမှာသံချေးတက်ခြင်းဟာလည်းတစ်ခုအပါအဝင်ပါပဲသံချေးတက်တာဟာကားကိုအကြည့်ရဆိုးစေတဲ့အပြင်ဘော်ဒီပဲ့
ထွက်တာတွေတောင်ဖြစ်လာနိုင်စေပါတယ်ဒါကြောင့်မိမိရဲ့ကားလေးသံချေးမတက်အောင်ဘာတွေလုပ်သင့်တယ်မလုပ်သင့်ဘူးဆိုတာဖော်ပြပေးလိုက်ပါတယ်နော်ကားကိုပုံမှန်




ရေဆေးပါကားကိုလုံးဝညစ်ပတ်ပြီးကြည့်ရဆိုးလာတဲ့အချိန်ရောက်မှရေဆေးတာမျိုးမလုပ်ဘဲပုံမှန်တစ်ပတ်တစ်ကြိမ်လောက်ပဲဖြစ်ဖြစ်ရေဆေးပေးသင့်ပါတယ်ဒီလိုကားကိုပုံမှန်
ရေဆေးပေးမှကားပေါ်မှာကပ်နေတဲ့သံချေးတက်စေမယ့်အရာတွေကိုသံချေးမတက်နိုင်ခင် ကြိုတင်ဖယ်ရှားပြီးသားဖြစ်သွားကြမှာပါရေဝပ်သောနေရာတွင်ကားမရပ်ပါနဲ့
ရေထိပါများရင်သံချေးတက်လွယ်လာပါတယ်။ ဒါ့ကြောင့်ကားကိုရပ်မယ်ဆိုရင်ရေမဝပ်တဲ့နေရာမျိုးတွေမှာသာရွေးပြီးရပ်ပါကုန်းမြင့်ပိုင်းတွေမှာကားကိုရပ်တာစိတ်အချရဆုံးပါ
Waxကိုတစ်နှစ်မှာနှစ်ကြိမ်ခန့်လုပ်ပါကားကိုwaxလုပ်တဖရောင်းသွင်းတာဟာ ကားကိုတောက်ပြောင်ပြီးလှပနေစေရုံတင်အကျိုးပြုတာမဟုတ်ပါဘူးကားဆေးရောင်မှိန်ခြင်းကို
လည်းကာကွယ်ပေးနိုင်သလိုသံချေးတက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသေးတယ်ဒါ့ကြောင့်တစ်နှစ်ကိုအနည်းဆုံး၂ကြိမ်ခန့်တော့waxingလုပ်ပေးသင့်ပါတယ်။




Rust arrestorအသုံးပြုခြင်းကားမှာသံချေးနဲနဲစတက်လာတာတွေ့ပေမယ့်ဆိုင်သွားပြီးသံချေးချွတ်ဖို့ကအဆင်မပြေသေးဘူးဆိုရင်rust arrestorအသုံးပြုပြီးသံချေးမပျံ့နှံ့
အောင်လုပ်ထားလို့ရပါတယ်ကားပစ္စည်းအရောင်းဆိုင်တွေမှာအလွယ်တကူရရှိနိုင်သလိုအသုံးပြုရလည်းအင်မတန်လွယ်ကူပါတယ်rust arrestor ကိုစုတ်တံလေးအသုံးပြုပြီး
သံချေးတက်နေတဲ့နေရာတစ်ဝိုက်ကိုသုတ်ပေးပါသေချာခြောက်သွားပြီဆိုတော့မှထုတ်စီးပါနေရောင်ထဲမှာထုတ်ထားရင်မြန်မြန်ခြောက်ပါတယ်သံချေးမပျံ့ခင်ပဲကြိုတင်ရှင်းလင်း
လိုက်ပါသံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင်ထိုနေရာတစ်ဝိုက်မှာသံချေးတွေပျံ့နှံ့လာတတ်ပါတယ်ဒီလိုမပျံ့နှံ့သွားခင်ကြိုတင်တွေ့ရှိထားရင်ျငွေအကုန်အကျနည်းနည်းနဲ့




သံချေးပြသနာကိုဖြေရှင်းနိုင်ပါတယ်သံချေးကွက်သေးသေးလေးပါဆိုပြီးအထင်တော့မသေးလိုက်နဲ့အချိန်တိုအတွင်းမှာဘေးပါတ်ပါတ်လည်ကပါသံအကောင်းတွေကိုသံချေးတွေ
ပျံ့နှံ့လာနိုင်တဲ့အတွက်သင့်ကားဘော်ဒီမှာသံချေး ရှိမရှိမကြာခဏစစ်ဆေးသင့်ပါတယ်ကားဘော်ဒီအပြင်ဘက်က သံချေးတွေကပဲအရေးကြီးတာမဟုတ်ပါဘူးကားဘော်ဒီအောက်ပိုင်းမှာသံချေးတွေတက်လာရင်လည်းပြသနာကြီးတစ်ခုဖြစ်လို့ကားတစ်ကားလုံးကိုစစ်ဆေးပါcredit