သံပရိုသီးဟာဘက်စုံအသုံးဝင်တဲ့အသီးတစ်မျိုးပါ။ဟင်းထဲထည့်ချက်လို့လည်းရသလိုဖျော်ရည်ပဲဖျော်သောက်သောက်ခန္ဓာကိုယ်အတွက်အရမ်းကိုကောင်းတဲ့ဗီတာမင်စီကြွယ်ဝတဲ့အသီးပါ။အလှအပအတွက်ပဲဖြစ်ဖြစ်၊စားသောက်ဖို့

အတွက်ပဲဖြစ်ဖြစ်အရန်းကိုအသုံးဝင်တဲ့ သံပုယိုသီးပင်ကိုအိမ်မှာတင်ကိုယ်တိုင်စိုက်ပျိုးလို့ရပါတယ်လွယ်ကူရိုးရှင်းပြီးလူတိုင်းနဲ့အဆင်ပြေမယ့်စိုက်ပျိုးနည်းအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်နော်သံပရိုပင်ကို စိုက်ပျိုးဖို့အတွက်အဓိက

လိုအပ်တဲ့အရာကတော့သံပရိုစေ့ပဲဖြစ်ပါတယ်သဘာဝအတိုင်းစိုက်ပျိုးထားတဲ့သံပရိုသီးရဲ့အစေ့ဖြစ်ရပါမယ်။စိုက်ပျိုးပုံအဆင့်ဆင့်ကတော့အောက်မှာဖော်ပြပေးပါမယ်။သံပုယိုသီးကိုထက်ဝက်ပိုင်းပြီးအစေ့တွေကိုထုတ်လိုက်ပါအစေ့ကို

ဖုံးထားတဲ့အခွံပါးပါးလေးကိုဖယ်လိုက်ပါ။အစေ့ကိုမခြောက်သွေ့စေဖို့အတွက်တစ်ရှူးအစိုလေးနဲ့ထုပ်ထားလိုက်ပါအဲ့ဒီ့အပေါ်ကိုပလတ်စတစ်လောင်းပြီး၃ရက်ထားလိုက်ပါသုံးရက်ကြာတဲ့အခါအစေ့ကနေအညှောင့်လေးထွက်လာတာကို

တွေ့ရမှာပါ။ပြီးရင်တော့မြေကြီးထည့်ထားတဲ့ပန်းအိုးထဲကိုပြောင်းစိုက်ရမှာဖြစ်ပါတယ်။အညှောင့်လေးကိုအပေါ်ဘက်မှာထားပြီးမြေကြီးထူထူဖုံးအုပ်လိုက်ပါပြီးရင်တော့နေ့စဉ်ပုံမှန်ရေလောင်းပေးကာအရိပ်ထဲမှာပဲထားပါမြေကြီးခြောက်တာနဲ့

ရေပြန်ပြန်လောင်းပေးပါ၃ပတ်ခန့်ကြာတဲ့အခါအပင်ပေါက်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်အရွက်လေးတွေ၄ရွက်လောက်ပေါက်လာပြီဆိုရင်တော့အပင်လေးကိုပန်းအိုးအကြီးထဲပြောင်းစိုက်နိုင်ပါပြီ၆လကနေတစ်နှစ်အတွင်းအသီးတွေသီးလာမှာဖြစ်ပါတယ်ခရက်ဒစ်အန်တီမေEm Emခရစ်တစ်