သံပုရာပင်တွေအသီးတင်ဖိုဘာတွေလုပ်ဖိုလိုလဲသံပုရာပင်စိုက်တဲ့ဦးကြီးတချိုစိုက်ထားတာ(၃-၄)နှစ်ရှိပြီအပွင့်တွေလည်းပွင့်တဲ့အခါပွင့်ပေမယ့်အသီးမတင်ဘူးကြုံတွေ့နေပါသလား။ဒါဆိုရင်တော့အောက်ကအချက်တွေလုပ်ဖိုလို
အပ်နေပါပြီဗျ၁။နေရောင်ခြည်သံပုရာပင်ကအသီးတွေသီးခင်အချိန်မှာနေရောင်ခြည်ကောင်းကောင်းရဖိုလိုပါတယ်ဗျနေရောင်ကောင်းစွာမရရင်တော့ပန်းလည်းများများစားစားပွင့်မှာမဟုတ်ပါဘူးပန်းမပွင့်ရင်တော့အသီးလဲမတင်တော့
ပါဘူး။သံပုရာပင်တစ်ရက်ကိုအနည်းဆုံး(၆)နာရီလောက်နေရောင်ရဖို လိုအပ်ပါတယ်။ဒါ့ကြောင့်ဦးကြီးတိုရဲ့သံပုရာပင်တွေကအရိပ်အောက်ရောက်နေတယ်ဆိုရင်တော့အရိပ်ဖြစ်စေတဲ့အပင်တွေကိုင်းချိုင်တာမျိုးလုပ်ပြီးအလင်းရရှိ
အောင်လုပ်ပေးလိုက်ပါ။၂။ရေအသီးတင်ဖိုဒုတိယအရေးကြီးဆုံးအချက်ကတော့ရေရရှိမှုပါ။ရေကိုလုံလုံလောက်လောက်ပေးသွင်းခြင်းသံပုရာသီးတွေအထွက်ကောင်းဖိုကူညီပါလိမ့်မယ်။စိုက်တဲ့မြေကလည်းရေစီးရေလာကောင်းတဲ့မြေဖြစ်သင့်
ပြီးအမြဲခြောက်သွေ့နေတဲ့မြေမှာမစိုက်သင့်ပါဘူး။မြေကိုလည်းအမြဲစမ်းစစ်သင့်ပြီးအနက်(၂)လက်မလောက်ထိမြေကခြောက်နေတယ်ဆိုရင်တော့ရေများများပေးဖိုလိုအပ်နေပါပြီဗျ။အရွက်တွေငိုက်ကျနေတယ်ဆိုရင်လည်းရေလိုအပ်နေပါ
ပြီ။တစ်ပတ်(၁)ကြိမ်ပုံမှန်ရေရွှရွှလောင်းပေးသင့်ပါတယ်။၃။အာဟာရဓာတ်အာဟာရဓာတ်ရရှိဖိုအပင်စစိုက်ကတည်းက သဘာဝမြေသြဇာတွေထည့်ပေးသင့်ပါတယ်ဗျ။ရှောက်သံပုရာအုပ်စုဝင်တွေကိုကျွေးတဲ့ဓာတ်မြေသြဇာ
citrusfertilizerတချိုကိုတစ်နှစ်ကိုလေးကြိမ်လောက်ကျွေးပေးပါ။သံပုရာပင်ကနိုက်ထရိုဂျင်ကိုပိုပြီးစားသုံးတဲ့ကောင်မိုN:P:Kအချိုး၃:၁:၁နဲ့၂:၁:၁လိုမျိုးနိုက်ထရိုဂျင်အချိုးပိုပါတဲ့ဓာတ်မြေသြဇာတွေကိုရွေးချယ်ပြီးသုံးသင့်
ပါတယ်။၄။အပူချိန်သံပုရာပင်တွေကအပူချိန်(၂၀)ဒီဂရီစင်တီဂရိတ်လောက်ထိလျော့ကျပြီးအေးသွးတာကိုခံနိုင်ရည်ရှိကြပါတယ်ဒါပေမယ့်(၂၀)ဒီဂရီစင်တီဂရိတ်ရဲ့အောက်ရောက်ပြီးအလွန်အေးသွားရင်တော့အသီးသီးနှုန်းကျသွားတတ်ပါ
တယ်ဒါ့ကြောင့်အိုးနဲ့စိုက်တဲ့အပင်တွေကိုအလွန်အေးလာတဲ့အခါအအေးဒဏ်သက်သာမယ့်နေရာဆီပြောင်းထားပေးသင့်ပါတယ်။နေပွင့်လာပြီးအအေးပေါ့လာတဲ့နေ့လည်ခင်းလိုအချိန်တွေမှာတော့အပြင်ပြန်ထုတ်ပေးပါ။အအေးဒဏ်ရှောင်
ဖိုအဆောက်အအုံထဲပြောင်းရွှေ့ထားတဲ့အခါရွက်တွေခြောက်လာတတ်တာမိုရေဖျန်းပေးဖိုမမေ့ပါနဲ့ဗျ။၅။ဝတ်မှုန်ကူးခြင်းသံပုရာပင်တွေကအများအားဖြင့်တစ်နှစ်ပတ်လုံးပန်းပွင့်နိုင်ကြပေမယ့်အဓိကအားဖြင့်တော့မိုးရာသီနဲ့နွေဦးပိုင်းမှာပန်း
အများဆုံးပွင့်တတ်ကြပါတယ်ဗျပန်းတွေပွင့်တိုင်းမှာဝတ်မှုန်ကူးဖိုလိုအပ်ပါတတယ်ဆိုလိုတာကပန်းတော့ပွင့်ပေမယ့်ဝတ်မှုန်မကူးပဲကြွေသွားရင်အသီးလည်းမရနိုင်တော့ပါဘူး။ဒါ့ကြောင့်ပွင့်တည်းဝတ်မှုန်ကူးခြင်းကအကောင်းဆုံးဖြစ်
ပေမယ့်အသီးအထွက်ကောင်းဖိုဆိုရင်တော့်နဲ့ဝတ်မှုန်ကူးခြင်းကိုလုပ်ပေးဖိုလိုပါတယ်ဗျ။လက်နဲ့ဝတ်မှုန်ကူးခြင်းဆိုတာကတော့စုပ်တံခပ်သေးသေး(သို)ဂွမ်းစလေးနဲ့အဖိုဝတ်မှုန်တွေကိုခြစ်ယူပြီးအမအင်္ဂါပေါ်သုတ်ပေးခြင်းဖြစ်ပါတယ်
အသေးစိတ်ဆန်ပြီးလက်ဝင်တာမိုတစ်နိုင်တစ်ပိုင်စိုက်တဲ့သူတွေအတွက်ပိုသင့်တော်ပါတယ်ဗျ။၆။ကိုင်းချိုင်ပေးခြင်းအသီးများများသီးဖိုရန်အပင်ကရှည်စရာမလိုပါဘူးဗျ။ဒါ့ကြောင့်မိုးဦးပိုင်းမှာကိုင်းချိုင်ခြင်းတွေပြုလုပ်ပေးပါ
အပေါ်ကိုရှည်ထွက်နေတဲ့ကိုင်းတွေကပုံမှန်အားဖြင့်အသီးမသီးကြပါဘူး။ဒါကြောင့်မိုအဲ့လိုကိုင်းတွေကို ဦးစားပေးချိုင်ပါ။ထိုပြင်ခြောက်နေတဲ့ကိုင်းတွေနဲ့ရောဂါကျနေတဲ့ကိုင်းတွေကို(၄၅)ဒီဂရီစောင်း၍ဖြတ်ပေးပါ။ပင်မပင်စည်ကိုနေရောင်
မဝင်နိုင်လောက်အောင်ပိတ်စိုနေတဲ့ကိုင်းတချိုကိုလည်းချိုင်ပေးပါ။ဒါမှပင်စည်ကိုနေရောင်ရရှိမှာဖြစ်ပြီးလေဝင်လေထွက်လည်းကောင်းကာမှိရောဂါတွေဖြစ်ခြင်းမှကင်းလွတ်မှာလည်းဖြစ်ပါတယ်ဗျ။ပြုံပြွတ်ပြီးသီးနေတဲ့အထဲမှတချိုအသီးတွေကို
ခြွေပေးခြင်းကအရည်အသွေးကောင်းပြီးအရွယ်အစားကြီးတဲ့အသီးတွေရရှိမှာလည်းဖြစ်ပါတယ်ဗျ။ဒီအချက်တွေကိုလုပ်ဆောင်ပေးပြီးဦးကြီးတိုရဲ့သံရာပုပင်တွေ အသီးထွက်ကောင်း၍ဈေးကောင်းရကြပါစေဗျာ။Credit-ထွန်းရာဇာ