သံပုရာပင်တွေအသီးတင်ဖို့ဘာတွေလုပ်ဖို့လိုလဲသံပုရာပင်စိုက်တဲ့ဦးကြီးတချို့စိုက်ထားတာ(၃-၄နှစ်ရှိပြီအပွင့်တွေလည်းပွင့်တဲ့အခါပွင့်ပေမယ့်အသီးမတင်ဘူးကြုံတွေ့နေပါ

သလားဒါဆိုရင်တော့အောက်ကအချက်တွေလုပ်ဖို့လိုအပ်နေပါပြီဗျ၁နေရောင်ခြည်သံပုရာပင်ကအသီးတွေမသီးခင်အချိန်မှာနေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျနေရောင်

ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာမဟုတ်ပါဘူး။ပန်းမပွင့်ရင်တော့ အသီးလဲမတင်တော့ပါဘူး။သံပုရာပင်ကတစ်ရက်ကိုအနည်းဆုံး(၆)နာရီလောက်

နေရောင်ရဖို့လိုအပ်ပါတယ်ဒါ့ကြောင့် ဦးကြီးတို့ရဲ့သံပုရာပင်တွေကအရိပ်အောက်ရောက်နေတယ်ဆိုရင်တော့အရိပ်ဖြစ်စေတဲ့အပင်တွေကိုကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိ

အောင်လုပ်ပေးလိုက်ပါ၂။ရေအသီးတင်ဖို့ဒုတိယအရေးကြီးဆုံးအချက်ကတော့ရေရရှိမှုပါ။ရေကိုလုံလုံလောက်လောက်ပေးသွင်းခြင်းကသံပုရာသီးတွေအထွက်ကောင်းဖို့ကူညီပါ

လိမ့်မယ်စိုက်တဲ့မြေကလည်းရေစီးရေလာကောင်းတဲ့မြေဖြစ်သင့်ပြီးအမြဲခြောက်သွေ့နေတဲ့မြေမှာမစိုက်သင့်ပါဘူး။မြေကိုလည်းအမြဲစမ်းစစ်သင့်ပြီးအနက်(၂)လက်မလောက်ထိ

မြေကခြောက်နေတယ်ဆိုရင်တော့ရေများများပေးဖို့လိုအပ်နေပါပြီဗျ။အရွက်တွေငိုက်ကျနေတယ်ဆိုရင်လည်းရေလိုအပ်နေပါပြီ။ တစ်ပတ်(၁)ကြိမ်ပုံမှန်ရေရွှဲရွှဲလောင်းပေးသင့်ပါ

တယ်၃။ အာဟာရဓာတ်အာဟာရဓာတ်ရရှိဖို့အပင်စစိုက်ကတည်းကသဘာဝမြေသြဇာတွေထည့်ပေးသင့်ပါတယ်ဗျရှောက်သံပုရာအုပ်စုဝင်တွေကိုကျွေးတဲ့ဓာတ်မြေသြဇာ

(citrus fertilizer)တချို့ကိုတစ်နှစ်ကိုလေးကြိမ်လောက်ကျွေးပေးပါ။သံပုရာပင်ကနိုက်ထရိုဂျင်ကိုပိုပြီးစားသုံးတဲ့ကောင်မို့(N:P:K)အချိုး(၃:၁:၁) နဲ့ (၂:၁:၁)လိုမျိုး

နိုက်ထရိုဂျင်အချိုးပိုပါတဲ့ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီးသုံးသင့်ပါတယ်၄။အပူချိန်သံပုရာပင်တွေကအပူချိန်
(၂၀ )ဒီဂရီစင်တီဂရိတ်လောက်ထိလျော့ကျပြီးအေးသွားတာ

ကိုခံနိုင်ရည်ရှိကြပါတယ်။ဒါပေမယ့်(၂၀)ဒီဂရီစင်တီဂရိတ်ရဲ့အောက်ရောက်ပြီးအလွန်အေးသွားရင်တော့အသီးသီးနှုန်း ကျသွားတတ်ပါတယ်။ဒါ့ကြောင့်အိုးနဲ့စိုက်တဲ့အပင်တွေကို

အလွန်အေးလာတဲ့အခါအအေးဒဏ်သက်သာမယ့်နေရာဆီပြောင်းထားပေးသင့်ပါတယ်နေပွင့်လာပြီးအအေးပေါ့လာတဲ့နေ့လည်ခင်းလိုအချိန်တွေမှာတော့အပြင်ပြန်ထုတ်ပေးပါ

အအေးဒဏ်ရှောင်ဖို့အဆောက်အအုံထဲပြောင်းရွှေ့ထားတဲ့အခါအရွက်တွေခြောက်လာတတ်တာမို့ရေဖျန်းပေးဖို့မမေ့ပါနဲ့ဗျ။၅ဝတ်မှုန်ကူးခြင်းသံပုရာပင်တွေကအများအားဖြင့်

တစ်နှစ်ပတ်လုံးပန်းပွင့်နိုင်ကြပေမယ့်အဓိကအားဖြင့်တော့မိုးရာသီနဲ့နွေဦးပိုင်းမှာပန်းအများဆုံးပွင့်တတ်ကြပါတယ်ဗျ။ပန်းတွေပွင့်တိုင်းမှာဝတ်မှုန်ကူးဖို့လိုအပ်ပါတတယ်။ဆိုလိုတာက

ပန်းတော့ပွင့်ပေမယ့်ဝတ်မှုန်မကူးပဲကြွေသွားရင်အသီးလည်းမရနိုင်တော့ပါဘူး။ဒါ့ကြောင့် ပွင့်တည်းဝတ်မှုန်ကူးခြင်းကအကောင်းဆုံးဖြစ်ပေမယ့်အသီးအထွက်ကောင်းဖို့ဆိုရင်တော့

လက်နဲ့ဝတ်မှုန်ကူးခြင်းကိုလုပ်ပေးဖို့ လိုပါတယ်ဗျလက်နဲ့ဝတ်မှုန်ကူးခြင်းဆိုတာကတော့စုပ်တံခပ်သေးသေး(သို့)ဂွမ်းစလေးနဲ့အဖိုဝတ်မှုန်တွေကိုခြစ်ယူပြီးအမအင်္ဂါပေါ်သုတ်ပေး

ခြင်းဖြစ်ပါတယ်။အသေးစိတ်ဆန်ပြီးလက်ဝင်တာမို့တစ်နိုင်တစ်ပိုင်စိုက်တဲ့သူတွေအတွက်ပိုသင့်တော်ပါတယ်ဗျ။၆။ကိုင်းချိုင်ပေးခြင်းအသီးများများသီးဖို့ရန်အပင်ကရှည်စရာမလိုပါ

ဘူးဗျ။ဒါ့ကြောင့်မိုးဦးပိုင်းမှာကိုင်းချိုင်ခြင်းတွေပြုလုပ်ပေးပါ။အပေါ်ကိုရှည်ထွက်နေတဲ့ကိုင်းတွေကပုံမှန်အားဖြင့် အသီးမသီးကြပါဘူးဒါကြောင့်မို့အဲ့လိုကိုင်းတွေကိုဦးစားပေးချိုင်

ပါ။ထို့ပြင်ခြောက်နေတဲ့ကိုင်းတွေနဲ့ရောဂါကျနေတဲ့ကိုင်းတွေကို(၄၅)ဒီဂရီစောင်း၍ဖြတ်ပေးပါ။ပင်မပင်စည်ကိုနေရောင်မဝင်နိုင်လောက်အောင်ပိတ်စို့နေတဲ့ကိုင်းတချို့ကိုလည်းချိုင်

ပေးပါဒါမှပင်စည်ကိုနေရောင်ရရှိမှာဖြစ်ပြီးလေဝင်လေထွက်လည်းကောင်းကာမှိုရောဂါတွေဖြစ်ခြင်းမှကင်းလွတ်မှာလည်းဖြစ်ပါတယ်ဗျ။ပြုံပြွတ်ပြီးသီးနေတဲ့အထဲမှတချို့အသီးတွေ

ကိုခြွေပေးခြင်းကအရည်အသွေးကောင်းပြီးအရွယ်အစားကြီးတဲ့အသီးတွေရရှိမှာလည်းဖြစ်ပါတယ်ဗျဒီအချက်တွေကိုလုပ်ဆောင်ပေးပြီး ဦးကြီးတို့ရဲ့သံရာပုပင်တွေအသီးထွက်ကောင်း၍ဈေးကောင်းရကြပါစေဗျာ။credit