ကလေး၊လူကြီးမည်သည့်အရွယ်မဆိုသွားကိုက်တတ်ကြပါတယ်ကိုက်ပြီဆိုရင်လဲညနက်သန်းခေါင်ဖြစ်တတ်ကြတာမို့ဆေးခန်းသွားဖို့ကလည်းမဖြစ်နိုင်ပြန်။အလွန်ခံရခက်တဲ့

ဝေဒနာတမျိုးပါ။ဒါပေမဲ့စိတ်မပူပါနဲ့သင့်ပတ်ဝန်းကျင်မှာမာလကာပင်တပင်လောက်ရှိရုံနဲ့အဆင်ပြေသွားမှာပါမာလကာရွက်ခပ်ရင့်ရင့်၁၀ရွက်လောက်ခူးလိုက်ပါရေစင်

အောင်ဆေးပြီးအိုတလုံးထဲထည့် ရေကိုမတ်ခွက်နဲ့တခွက်လောက်လောက်ထည့်ပြီးပွက်ပွက် ဆူအောင်ပြုတ်လိုက်ပါအဖန်ရေရလာပြီဆိုရင်ချနိုင်ပါပြီးခွက်ထဲသို့အရည်စစ်ထည့်

ပါပြီးရင်အအေးခံထားပါခပ်နွေးနွေးလေးရလောက်ရင်အာလုတ်ကျင်းပေးပါ။သွားမကိုက်ရင်တောင်ကိုယ့်မှာသွားပိုးပေါက်ရှိတယ်ဆိုရင်မကြာမကြာကြိုတင်ပြီးမာလကာရွက်

ရည်နဲ့အာလုတ်ကျင်းပေးခြင်းအားဖြင့်သွားကိုက်သွားနာကင်းဝေးပါလိမ့်မယ်ဆားမထည့်လဲအဆင်ပြေပါတယ်ခုပဲအိမ်မှာမာလကာပင်လေးစိုက်ကြည့်ရအောင်လားပန်းအိုးနဲ့တောင်

စိုက်လို့ရတဲ့မာလကာပင်လေးတွေရနေပြီဆိုတော့မြေနေရာမရှိလဲစိတ်ပူစရာမလိုတော့ဘူးနော်လက်ဆင့်ကမ်းမျှဝေပေးလို့လည်းရပါတယ်မူရင်းရေးသားသူကိုလေးစားစွာဖြင့်creditပေးပါတယ်။