မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှမကုန်ဘဲအခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါမှတ်ပုံတင်ပျောက်ရင်ဒီနည်းအတိုင်းသာလုပ်ကြည့်(၁)မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ဘာမှဆက်လုပ်မနေပါနဲ့

တစ်နေရာကိုပဲသွားပါအဲဒါကကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံး ဖြစ်ပါတယ် ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သာသွားပါလေ(၂)လဝကရုံးကိုရောက်တာနဲ့မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အကြောင်းပြောပြီးသူတို့ပေးတဲ့ ဖောင်နှစ်စောင်(ထွေ၎ ဖောင် လို့ ခေါ်ပါတယ်ကို၅၀၀ ပေးပြီးဝယ်ခဲ့ပါကိုယ်နေထိုင်ရာမြို့နယ်နဲ့သက်ဆိုင်တဲ့ဝန်ထမ်းကကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်(၃)လဝကရုံးကပေးလိုက်တဲ့

ဖောင်နှစ်စောင်မှာတစ်စောင်က ဆွေစဉ်မျိုးဆက်ဇယားအဘိုး၊အဘွားအထိပဲပါ ပါတယ် ဖြစ်ပြီးနောက်တစ် စောင်ကကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါ တယ်။နှစ် စောင်တည်းမို့အရမ်းမများပါဘူးအဲဒါဖြည့်ပြီး

ရင်တော့သန်း ခေါင်စာရင်းနဲ့အတူရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါတယ်။ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ(၄) နောက်တစ်နေ့မှာတော့အလုပ်ကနေ ခွင့်ယူလိုက်ပါမနက်ကတည်းကနေမှတ်ပုံတင်ကိစ္စစလုပ်ပါလေတော့

အရင်ဆုံးရဲစခန်းထောက်ခံစာသွားယူပါမနက် ၈နာရီဆိုဖွင့်ပါပြီ။ ထောက်ခံစာရပြီးတာနဲ့လဝကရုံးကိုသွားပြီးစလုပ်နိုင်ပါပြီမနေ့ကဖြည့်တဲ့ဖောင် နှစ်စောင်၊ရက်ကွက်ရုံးကထောက်ခံချက်တုံးထုပေးလိုက်တာ၊ဆိုင်မှာမှတ်ပုံတင်

အတွက်ဆိုပြီးရိုက်ထားတဲ့ဓါတ်ပုံ(၅)ပုံ၊သန်းခေါင်စာရင်းမူရင်းမိတ္တူတို့ယူသွားရပါမယ်(၅)မနေ့ကတွေ့ခဲ့တဲ့လဝကဝန်ထမ်းမမသို့မဟုတ်ညီမလေးဆီကိုသွားပါ။ကျွန်တော်၊ကျွန်မတော့အချက်အလက် တော့စုံလာပြီဘယ်ကနေ

စလုပ်ရမလဲခင်ဗျာလို့ပြောပြီးသူ့လမ်းညွှန်ချက်အတိုင်းသာသွားပါလေမနေ့ကဖောင်တွေအပြင်အခြားဖောင် တွေလည်းဝယ်ရဖြည့်ရမိတ္တူကူးရနဲ့အလုပ်တော့နည်းနည်းရှုပ်ပါတယ်။အဆင့်လေးငါးဆင့်လောက်ရှိမှာပါဦးစီးနဲ့ တွေ့ပြီး

လက်မှတ်လည်းယူရပါတယ်ရုံးထဲတင်ဆို တော့ ပြသနာမရှိပါဘူး(၆) နေ့တစ်ဝက်လောက်(နေ့လယ်ထမင်းစားချိန်ခန့်မှာတော့အဆင့်တွေအားလုံးပြီးသွားပြီးမှတ်ပုံတင်လက်ဗွေနှိပ်တာတို့ဘာတို့လုပ်ပြီးမှတ်ပုံတင်အသစ်လေးနဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အိမ်ကိုပြန်လာနိုင်ပါပြီ။(၇)ပိုက်ဆံပေးရလားဆိုတော့မပေးရဘူးခင်ဗျ ဖောင်ဖိုးရာဂဏန်းလောက်ပဲပေးရတယ်ကိုယ့်အခက်အခဲကိုအဆင်ပြေချောမွေ့ အောင်လုပ် ပေးတဲ့ ကျေးဇူးရှင်ကိုတော့ဂါရဝတရားလေးနည်းနည်းထားလိုက်ရင်အဆင်ပြေပါပြီအရမ်းအဆင်ပြေလို့မျှဝေလိုက်တာပါ