ဟင်းချက်အိုးမှာကပ်နေတဲ့ဆီချေးတွေကိုအလွယ်တကူဖယ်
ရှားနိုင်မယ့်နည်းလမ်းအိမ်ရှင်မတွေနဲ့မကင်းနိုင်တဲ့အရာတစ်ခုကတော့ဟင်းချက်တဲ့အိုးတွေပဲဖြစ်ပါတယ်ဟင်းချက်အိုးတွေ

ကိုအသုံးပြုတာကြာလာတဲ့အခါနဲ့ဟင်းချက်ရတာတွေကြောင့် အိုးမှာဆီချေးတွေကပ်ငြိနေတတ်ပါတယ်။ဟင်းအိုးတူးသွားတာကြောင့်ရောအမည်းတွေကပ်ငြိနေတတ်ပါသေးတယ်

အိမ်ရှင်မတွေအတွက်စိတ်ညစ်စရာအခက်အခဲတစ်ခုကတော့ မီးဖိုချောင်သုံးပစ္စည်းတွေကိုပုံစံမပျက်အောင်ဆေးကြောသန့်
စင်လို့ရဖို့ပဲဖြစ်ပါတယ်ဘယ်လိုသန့်ရှင်းမလဲအဓိကတော့ရိုးရိုး

ဒယ်အိုးတွေထက်လျှပ်စစ်မီးဖိုဂတ်စ်မီးဖိုတို့နဲ့တွဲသုံးတဲ့ဒယ်အ
ပြားလေးတွေကပဲဖြစ်ပါတယ်သူတို့မှာကပ်ငြိနေတဲ့ဆီချေးတွေကိုဖယ်ရှားရာမှပန်းကန်ဆေးရာမှာသုံးတဲ့သံစကိုသုံးရင်

အိုးကိုထိခိုက်နိုင်စရာရှိပါတယ်ဒါကြောင့်ဒီထက်ပိုပြီးလွယ်ကူစေမယ့်နည်းလမ်းလေးကိုဖော်ပြပေးလိုက်ရပါတယ်ဒီအတွက် သုံးမျိုးပဲလိုအပ်ပါတယ်။ပထမဆုံးအနေနဲ့ဆီချေးတွေရှိတဲ့

အိုးမှာရှိတဲ့နေရာတွေကိုဆားသို့မဟုတ်ဆိုဒါကိုဖြူးလိုက်ပါ။ပြီးရင်တော့ပန်းကန်ဆေးတဲ့အစနဲ့ပွတ်တိုက်ပါဒါပြီးရင်တော့တိုက်ထားတဲ့နေရာတွေကိုဟင်းသီးဟင်းရွက်ဆီနဲ့ထပ်လောင်း

ပြီးပွတ်တိုက်ပါဘယ်လိုထိန်းသိမ်းမလဲဒီလိုဒယ်ပြားမျိုးကိုတော့သေချာထိန်းသိမ်းဖို့တော့လိုအပ်ပါတယ်သူတို့ကိုဆေး
ကြောတဲ့အခါဆပ်ပြာကအဓိကလိုအပ်တာမျိုးမဟုတ်ပဲ

ဆပ်ပြာကိုပထမအဆင့်ဆေးကြောတဲ့အနေနဲ့ပဲသုံးလို့ရပါတယ်ဆေးကြောပြီးတိုင်းမှာသေချာအခြောက်ခံထားသင့်ပါတယ်ဒါ့အပြင်သံချေးတက်စေမယ့်အစိုဓာတ်မရှိမယ့်နေရာ

မှာထားသိုရပါမယ်ဒီဒယ်ပြားထဲကိုအစားအစာတွေထည့်သိမ်းဖို့လည်းမလုပ်လိုက်ပါနဲ့ဦးနော်ဒီဒယ်ပြားအမျိုးအစားတွေက ချက်ပြုတ်ဖို့လည်းအဆင်ပြေတာမို့အိမ်ရှင်မတွေအကြိုက်
တွေ့တဲ့အိုးအမျိုးအစားမို့ဒီနည်းလမ်းတွေနဲ့အိုးလေးတွေကို သေချာထိန်းသိမ်းလို့ရပါစေနော်ခရက်ဒစ်