မြေကွက်ဝယ်တော့မယ်ဆိုရင်ဒီအချက်တွေကိုမဖြစ်မနေသေချာစစ်ဆေးပြီးမှဝယ်ပါလယ်ယာမြေတွေကိုအကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာတွေ တော်တော်များများ ကျွန်တော်ကိုလာအကူအညီ တောင်းကြတယ်

ကျွန်တော်ပထမဦးဆုံးပြောချင်တာကမိမိဝယ်ယူလိုက်တဲ့လယ်ယာမြေသည်အခြားနည်းသုံးစွဲခွင့်လန(လန၃၀)ကျပြီးသားမြေလားအရင်ကြည့်ရမယ်အိုခေအခြားနည်းသုံးစွဲခွင့်လန-၃၀ကျပြီးသားဆိုရင်ဘာအတွက်ကျတာလည်း

၁။သာသနမြေအတွက်လား၂။စက်ရုံမြေအတွက်လား၃။ နှစ်ရှည်အတွက်လား၎။အိမ်ယာဆောက်လုပ်ခွင့်အတွက်လားဆိုတဲ့အကြောင်းအရာတွေ ရှိပါတယ်အခြားနည်း သုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့ မရပါဘူးပုံစံ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁၀၅.၁၀၆ ရှိရုံနဲ့ မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး။ မြေနယ်နမိတ်သက်မှတ်ချက်နဲ့ မြေရာဇဝင်သာ ဖြစ်ပါတယ်နောက်ဆုံးပြောချင်တာကတော့ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့မိတ်ဆွေများသည်ကိုယ်ဝယ်ယူမဲ့မြေ

အကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည်လယ၃၀ခွင့်ပြုချက် ပုံစံကိုပါ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်မြေအမျိုးအစားအမျိုးမျိုးအိမ်ခြံမြေအကြောင်းလုပ်ကိုင်နေသူများသိကိုသိထားသင့်တဲ့မြေအမျိုးအစားတွေ

ကို ဖေါ်ပြပေးပါမည်အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာမြေပိုင်မြေမြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့နယ်နိမိတ်အတွင်းမှာ စနစ်တကျမြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့စဉ်ကပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်

အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကိုဆိုလိုပါတယ်ဘိုးဘွားပိုင်မြေအောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေပုဒ်မ၄၊ပုဒ်မခွဲ(၁၀)အရဘိုးဘွားမိဘများလက်ထက်ကဓမ္မဦးချပိုင်ဆိုင်လာခဲ့ပြီးလွှဲပြောင်းဆက်ခံခွင့်ရှိကာ

မစိုက်ပျိုးသည့်မြေအမျိုးအစားကိုဘိုးဘွားပိုင်မြေလို့သတ်မှတ်ပါတယ်ဂရန်ရှိမြေပိုင်မြေအောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများဥပဒေပုဒ်မ ၇(က)အရခွင့်ပြုထားသည့်ဘိုးဘပိုင်မြေကဲ့သို့အခွင့်အရေးအဆင့်အတန်းရှိတဲ့မြေကို

ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်လိုင်စင်မြေအောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအပိုဒ်၃၀၊၃၄တို့အရ၊ ကော်မတီကသတ်မှတ်သည့်စည်းကမ်းချက်များနှင့်အညီယာယီအသုံးပြုခွင့်ပေးထားသော မြေကိုလိုင်စင်မြေလို့

ခေါ်ပါသည်ပါမစ်မြေကော်မတီကသတ်မှတ်ထားတဲစည်းကမ်းချက်တွေနဲ့အညီလူနေအိမ်သိုမဟုတ်အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုထားသော မြေကိုပါမစ်မြေလို့ဆိုလိုပါသည်မြေငှားဂရန်မြေအောက်မြန်မာနိုင်ငံမြို့နှင့်

ကျေးရွာမြေများဥပဒေ၇/၈ နှင့် နည်းဥပဒေအပိုဒ်၂၉တို့အရ ကော်မတီကစည်းကမ်းချက်များသတ်မှတ်ပြီးနှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့်အငှားချထားတဲ့မြေကို မြေငှားဂရန်မြေလို့ခေါ်ပါသည်

စကွာတာမြေစကွာတာမြေဆိုတာမြေငှားစာချုပ်မရယူခဲ့၍လည်းကောင်းမြေငှားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်းမြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လည်းကောင်းမြေအဆင့်အတန်းနိမ့်ချသတ်မှတ်ထားတဲ့ မြေကိုဆိုလိုပါသည်ကျူးလွန်ခြင်းမြေလူနေရပ်ကွက်အတွင်းစနစ်တကျရှိသောအိမ်ရာမြေကွက်ထဲမှာကျူးလွန်ခြင်းပြေစာဖြင့်ကောက်ခံတဲ့မြေမျိုးကိုကျူးလွန်ခြင်းမြေလို့ခေါ်ပါသည်

ကျူးကျော်မြေကော်မတီပိုင်မြေနှင့် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာခွင့်ပြုချက်တစ်စုံတစ်ရာမရှိသူများဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကိုကျူးကျော်မြေလို့ခေါ်ပါသည်။ဗဟုသုတအဖြစ်မျှဝေပါသည်။