စည်သူတင်စိုး
ကိုယ်တိုင်သေချာမသိပဲ
ကြားသုံးကြားထဲဝင်ပါပြီး လိုင်းပေါ်မှာထင်ရာမြင်ရာပြောနေကြလို့အမှန်တရားကိုရှင်းပြတာ ….
#အမေ့ကိုအမွေတောင်းတယ်။
ကုန်သွားမှာစိုးလို့ မပေးဘူးပြောတော့ အမေ့ကို ဓား နဲ့လိုက်တယ်။
မောင်နှမ၅ယောက်မှာတစ်ဦးချင်းဆီအတွက် သူ့ဝေစု ၊သူရသင့်ရထိုက်တဲ့သိန်းပေါင်း ၁၂၀၀၀ (ငွေကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်)ပိုက်၊ပျော်ပျော်ပါးပါးကြီးယူ ထွက်သွားခဲ့တာ။
အမေသေလည်းမလာဘူး၊မောင်နှမတွေသေလည်းမလာဘူးဆိုပြီးတစ်ခါတည်းဆွေခန်းမျိုးခန်းဖြတ် သူကအရင်ဖြတ်သွားတာ။
အမေက ဘယ်သူ့ဘယ်သူအပေါ်မှ မတရားလုပ်ထားတာမရှိဘူး။အားလုံးညီတူမျှတူဘဲ။
သူမိန်းမယူတဲ့အချိန်တုန်းကလည်းအမေကသူ့မိန်းမရဲ့နောက်ကြောင်းအရှုပ်ထုပ်တွေကိုငွေထုပ်ပိုက်ပြီးတဖက်လူကိုခြေထောက်ဖက်တောင်းပန်ပြီးလျှော်ကြေးပေးခဲ့ရတာ အားလုံးသိတယ်။
သူသာ အကိုကြီးအဖရာအနေနဲ့ရော…
သားကြီးသြရသအနေနဲ့ရော ..
နောက်ဆုံးသူကိုယ်တိုင်မွေးထားတဲ့ သူကလေးတွေ အပေါ်မှာရော …ဘယ်တစ်ခုမှတာဝန်မကြေခဲ့ဘူး…
လင်မယားနှစ်ယောက်လုံးပျော်ပျော်ပါးပါး တက်ညီလက်ညီသုံးဖြုံန်းလိုက်ကြတာများ..ခုဆို သူတို့ရဲ့ကလေး၂ယောက်စလုံးကိုပါ ကျောင်းထုတ်ပြစ်ထားတဲ့အထိ။
ကောင်းစားစဉ်ကလည်းအဖေ့ဆီကိုလင်မယားနှစ်ယောက်လုံးမသွားဖူး..၊မလာဖူး..၊သီတင်းကျွတ်တောင်သွားမကန်ခဲ့ကြဖူးဘူး၊၊သူတို့ဒုက္ခရောက်လို့ငတ်ပြတ်တဲ့အချိန်ကြမှအဖေ့ကိုသွားအပူကပ်၊ငိုပြ၊နှိပ်စက်လိုက်ကြတာ အဖေဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဆုံးသွားခဲ့ရတဲ့အထိပဲ၊၊
ပိုစ့်တင်ထားတဲ့ဟိုတစ်ယောက်ရော
သူ့ကိုသိပ်ချစ်ကြ ၊သိပ်အပြစ်ကင်းတယ်ထင်ပြီးလိုင်းပေါ်မှာအာချောင်နေကြတဲ့သူတွေရော၊ မနေနိုင်ရင် မကျေနပ်ရင်စုပေါင်းပြီးသာစိုက်လျှော်ပေးလိုက်ကြတော့ဗျို့ ။
ရှေ့မှာသူတို့လင်မယားမိုက်ခဲ့ကြသမျှ ကျန်တော့်အမေနောက်ကနေလိုက်ရှင်းခဲ့ရတာတွေကိုတခုချင်းစီပြောပြရရင်စိတ်ဆင်းရဲပြီးကိုယ့်ကိုယ်တောင်သတ်သေသွားလိမ့်မယ်…
တမိသားစုလုံးမှာသမီးမိန်းကလေးတစ်ယောက်ပဲပါလို့ ဝိုင်းပြီးချစ်ကြရတဲ့ ကျွန်တော့ညီမ…
အိမ်ကစီပွားရေးလုပ်ငန်းမှန်သမျှသူ့နာမည်ပေးခဲ့တဲ့အထိတအိမ်လုံးကဝိုင်းချစ်ကြတဲ့ကျွန်တော့်ညီမ…
အကိုအကြီးဆုံးကနေစပြီး အကိုအယောက်ဆီတိုင်းအပေါ်(သူ့အိမ်ထောင်နဲ့သူဖြစ်နေတာတောင်)တာဝန်ကျေတာထက် ပိုပြီး သိတတ်တဲ့ကျွန်တော့်ညီမ…
သူတပါးမိသားစုအတွင်းရေးသေချာလည်းမသိဘဲရမ်းသန်းအာချောင်ချင်ပြီး သူ တစ်ခုခုဖြစ်တာနဲ့…ကျွန်တော့် ညီမကို လာပြောနေကြတဲ့သူတွေ… သေသေချာချာ ဖတ်ကြည့်ပေးပါ။
ဒီထက်မှအသေးစိတ်သိချင်ကြသေးတယ်ဆိုရင်လည်း ကျွန်တော့်ဖုန်းနံပတ် ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက်မေးကြပါ။
တဖက်သတ်အမြင်နဲ့စိတ်ထင်ရာပေါက်ကရတွေ ဝင်ရေးဝင်မန့်နေကြတာ ကျေးဇူးပြုပြီးရပ်ပေးကြပါ။
စည်သူတင်စိုး