အရွယ်မတိုင်မှီ ဆံပင်ဖြူခြင်းကင်းဝေးစေမယ့် ဆေးနည်းကောင်းဆံပင်ဖြူခြင်းဟာလူငယ်တော်တော်များများမှာ တွေ့လာရတယ်ပုံမှန်အားဖြင့်အသက်(၄၀)ကျော်မှသာ ဆံပင်ဖြူကြပေမယ့်ဒီနေ့ခေတ် မှာတော့အသက်(၂၀)ကျော်
နဲ့ဆံပင်ဖြူလာသူတွေတွေ့လာရပြီအရွယ်မတိုင်ခင်ဆံပင်ဖြူတာကိုpremature grey hairလို့ ခေါ်ပါတယ်။အမှန်တော့ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်melaninထုတ်လုပ်မှုနည်းလာလို့ ဖြစ်ပါတယ်
အထူးသဖြင့်မျိုးရိုး၊စိတ်ဖိစီးမှုအာဟာရဓာတ်ချို့တဲ့မှုတွေကဆံပင်အရောင်ကို ဖြူလာစေတယ်အသက် အရွယ်အရ ဆံပင်ဖြူသူတွေအတွက်သိပ်ကိစ္စမရှိပေမယ့်လူငယ်တွေအတွက်တော့ အိပ်မက်ဆိုးတွေသာဖြစ်တယ်အရွယ်မတိုင်ခင်
ဆံပင်ဖြူလာတာနဲ့ပက်သက်ပြီး လေ့လာကြည့်တဲ့အခါမျိုးရိုးတခုတည်းတင်မဟုတ်ဘဲအင်တီအောက်စီးဒင့်တမျိုးဖြစ်တဲ့ catalase ဓာတ်ချို့တဲ့ခြင်းနဲ့ဆံသားအခြေမှာ hydrogen peroxide တွေစုပုံနေခြင်းကအဓိက
အကြောင်းရင်း ဖြစ်တယ်လို့ဆိုတယ်ဒါဆို ဆံပင်မဖြူအောင်လုပ်လို့ရသလားဟုတ်ကဲ့ရပါတယ်အဲဒီအတွက်အကောင်းဆုံးနည်းကကြက်သွန်နီရည်ဖြစ်တယ်ဆံပင်နဲ့ပက်သတ်ရင်ကြက်သွန်နီအရည်က တော်တော်ကောင်းပါတယ်
အထူးသဖြင့်ငယ်ငယ်ရွယ်ရွယ် နဲ့ဆံပင်ဖြူနေတဲ့လူငယ်တွေအတွက်သင့်တော်တယ်ဘာ့ကြောင့်လဲဆိုတော့ကြက်သွန်နီကထွက်တဲ့အရည်ထဲမှာcatalaseပမာဏကို မြင့်တက်စေနိုင်လို့ပါcatalase ကြောင့်ဆံပင်ရဲ့ပုံမှန်
အရောင်ကို ပြန်ရစေတယ်အဲဒီထဲကိုမှသံပုရာရည်တဇွန်းထည့်ပြီးဦးရေပြားကိုလိမ်းရင်ဆံပင်ထူထပ်စေပြီးအဆီပြန်ခြင်း၊ဗောက်ထခြင်းကိုပါကင်းဝေးစေသတဲ့။ကြက်သွန်နီရည်လက်ဖက် ရည်ဇွန်း(၃)ဇွန်းသံပုရာသီးရည်လက်ဖက်ရည်ဇွန်း
(၂)ဇွန်း။ကြက်သွန်နီကိုကြိတ်ပြီးထွက်လာတဲ့အရည်ကိုလက်ဖက်ရည်ဇွန်း(၃)ဇွန်းစာခန့်ယူပါသံပုရာသီးကိုအရည်ညှစ်ပြီးလက်ဖက်ရည်ဇွန်း(၂)ဇွန်းစာခန့်နဲ့ ရောပါအဆိုပါအရောကို ဆံသားနဲ့ ဦးရေပြားကို လိမ်းပြီးမိနစ်သုံးဆယ်ကြာထားပါ
ပြီးရင်ခပ်ပျော့ပျော့shampooတမျိုးမျိုးသုံးပြီးခေါင်းပြန်လျှော်ပါအဆိုပါ နည်းအတိုင်းတပတ်ကို၅ရက်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်နှစ်ပတ်အတွင်းဆံပင်ဖြူခြင်းကိုသိသိသာသာပျောက်ကင်းစေရုံသာမကဆံသားပါးခြင်း၊ ဆံနွယ်ကျွတ်ခြင်းကိုပါကာကွယ်ပေးလိမ့်မယ်ဒေါက်တာအေးမင်းထူး