အကြောတက်သွေးတိုးခေါင်းမူးခေါင်းကိုက်ခါးနာခြင်းတို့အတွက်အုန်းမှုတ်ခွက်စနစ်တကျနင်းနည်းသွေးတိုး၊ ခေါင်းကိုက်၊ခါးနာများအတွက်ဆေးနည်းသာမန်ခေါင်းကိုက်၊ ခေါင်းမူး၊နောက်ကျောတက်၊ ခါးနာ၊
ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့သွေးတိုးရောဂါ၊လေငန်းရောဂါ၊မျက်စိမှုန် ပါဝါတိုး၊မျက်ရိုးကိုက်၊ အကြောတက် စသဖြင့်ရောဂါဟာကြီးထွားလာတတ်ကြပါတယ်။ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါ
များဟာပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါသက်သာပျောက်ကင်းအောင်အုန်းမှုတ်ခွက်နင်းခြင်းဖြင့်
ကာကွယ်နိုင်ကြပါတယ်။အုန်းမှုတ်ခွက်နင်းခြင်းဟာရှေးမြန်မာဆေးကျမ်းများနှင့်ရှေးအိန္ဒိယဆေးနည်း၊တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်းအများအပြား
ရှိနေပါတယ်။(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ
(၃)အုန်းမှုတ်ခွက်ပေါကိုခြေထောက်နှစ်ချောင်းကတက်နင်းပြီးဘယ်ညာအကြိမ်(၁၀၀)တက်နင်းပါ။၅မိနစ်ခန့်သာ ကြာပါတယ်။(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ညအိပ်ခါနီးခြေထောက်ကို ရေဆေး
ပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။သတိပြုရန် အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုး
ပါ။အထက်ပါနည်းအတိုင်းပုံမှန်နင်းသွားပါက( ၂ )လအတွင်း ခန္ဓာကိုယ်မှ အပူများလျှော့ကျသွားပြီအကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ
မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။Crd to ဆရာဦးဝင်းမြင့် ( မကွေး) Copied by La Wone Eain