ချက်သူများဆီကပိုက်ဆံချေးထားတဲ့သူတွေလိုက်နာကျင့်သုံးရမယ့်အချက်
၁၃ချက်၁ပိုက်ဆံချေးမယ်ဆိုရင်ချေမယ်လို့ပဲပြောလိုက်ပါဖြစ်ကြောင်းကုန်စဉ်ကိုဇာတ်စုံခင်းပြမနေပါနဲ့ကြာပါတယ်မဟုတ်လည်းချေးမှာပဲကိုဆိုတော့မရှိလို့ပဲ
ချေးချေး၊လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာချေးတာပါပဲ၂ပိုက်ဆံတစ်ရာနှစ်ရာမှသည်တစ်သိန်းနှစ်သိန်းအထိပိုက်ဆံဟာပိုက်ဆံပါပဲအချေးခံရတဲ့သူကဘာမှမရှိလို့ပြန်မတောင်းရင်ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေရင်တောင်
ချေးတဲ့သူကအလိုက်တသိနဲ့သေချာပြန်ပေးရပါမယ်(၃)ဖြစ်နိုင်ရင်တော့ဘယ်သူမှချေးရတာရော၊ချေးပေးတာရောကိုမလုပ်ချင်ကြပါဘူးချေးလာတဲ့သူရှိလို့သာအားနာပြီးချေးပေးကြရတာဖြစ်တဲ့အတွက်ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူ
ဟာလာချေးသူပါပဲ၄ပိုက်ဆံချေးတဲ့အခါပေါက်ကရလေးဆယ်တွေကိုရွှန်းရွှန်းဝေအောင်လျှောက်မပြောပါနဲ့။ကိုယ်ချေးချင်တဲ့ပမာဏချေးထားမယ့်ကာလ၊ပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်မယ့်ပုံစံကိုသာလိုတိုရှင်းပြောပါ။(၅)ကိုယ်ပစ်မှတ်ထားပြီး
ပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက်ရှိတဲ့သူဖြစ်ချင်မှဖြစ်ပါမယ်။သူကမရှိဘူးလို့ပြောရင်အဲ့ဒါကိုအတည်ပဲမှတ်ပါအားနာပြီးစိတ်ရှုပ်ရအောင်ထပ်ပြီးနားမပူပါနဲ့ကိုယ်လိုချင်သလောက်မရဘဲသူပေးနိုင်သလောက်သာပေးရင်လည်
ထိုနည်းအတူပါပဲ။ရသလောက်သာချေးပါ(၆)အရေးကြီးဆုံးအချက်ပါ။သေချာပြန်ဆပ်ရပါမယ်ကိုယ်ကတိပေးထားတဲ့အချိန်မှာသေချာပေါက်ကိုပြန်ဆပ်ရပါမယ်အကြောင်းတစ်ခုခုကြောင့်ကြန့်ကြာနေရင်တောင်ကိုယ်ကဦးအောင်ဆက်သွယ်ပြီး
ရှင်းပြရပါမယ်။ပြန်ဆပ်မယ့်အချိန်ကိုထပ်ပြောရပါမယ်၇ချေးတုန်းကချေးပြီးပြန်ဆပ်ချိန်ရောက်မှအတိတ်မေ့သလိုရွှေပျောက်သလိုအူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့နောင်တတရားနဲ့လူသတ်ချင်စိတ်ကိုဒွန်တွဲပြီးဖြစ်
ပေါ်စေပါတယ်၈ချေးတုန်းကတောင်သတိတရနဲ့သေတော့မတတ်ဖုန်းဆက်ပြီးချေးသေးရင်ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့ရူးချင်ယောင်ဆောင်ပြီးဖုန်းပိတ်တာတွေမကိုင်တာတွေseenဖြစ်ပြီးreplyမလာတာတွေဟာအင်မတန်မှ
ကိုလူဝါးဝရာကျပါတယ်(၉)အဆိုးဆုံးကကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီးရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီးပြန်တောင်းတဲ့သူကိုချစ်တီးလို့တစ်လောကလုံးကထင်အောင်ဇာတ်နာပြတာပါပဲသူပြန်
တောင်းတဲ့အထိစောင့်မနေပါနဲ့ကိုယ်ပေးတဲ့ထားတဲ့ကတိထက်ပိုစောပြီးဆပ်နိုင်လေကောင်းလေပါပဲမြန်မြန်ရရင်မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိစောင့်မနေပါနဲ့တခါတလသေူတို့ကမမေ့ပါဘူးကိုယ့်မြင်ကတည်းကသူတို့ပိုက်ဆံကိုတန်းသတိ
ရပါတယ်အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါလူလိုနားလည်ပါပိုက်ဆံချေးပြီးပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ချေးမိတဲ့သူရဲ့အားနာတတ်တဲ့စိတ်ကိုချနင်းတာပါပဲတော်တော်ယုတ်ညညံ့တဲ့စိတ်ပါဆိုတော့ချေးပေးမိတဲ့သူတွေကအားမနာကြပါနဲ့။အချိန်တန်ရင်ကိုယ့်ပိုက်ဆံကိုပြန်တောင်းပါ
(၁၂)တကယ်တော့ကိုယ့်ကိုပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီးရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုးကမ္ဘာပေါ်မှာသိပ်များများစာစားမရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊စာနာလို့၊အားနာလို့၊ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေးထုတ်ပြီး
ချေးပေးတာဖြစ်ပါတယ်(၁၃)ကတိတည်ရပါမယ်
မဟုတ်ရင်တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင်နောင်လည်းလိုတဲ့အခါရနိုင်ပါမယ်။မဟုတ်ရင်တော့ကမ္ဘာပေါ်ကအကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်အရမ်းနှမြောဖို့ကောင်းပါတယ်ဆိုတော့ပိုက်ဆံချေးပြီးရင်အသေအချာပြန်ဆပ်ကြပါ။