အချက်အလက်များမှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့်SIM Cardများကိုအပြီးပိတ်သိမ်းမည်ဖြစ်ကြောင်းထုတ်ပြန်အချက်အလက်များအားမှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်းစိစစ်တွေ့ရှိရသည့်SIM Cardများကိုအပြီးပိတ်သိမ်းမည်ဖြစ်ပြီး
ပိတ်သိမ်းSIM Cardများရှိလက်ကျန်ငွေများအား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကစက်တင်ဘာ၁၉ရက်နေ့တွင်ထုတ်ပြန်သည်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏စိစစ်ချက်များအရSIM Cardအသုံးပြုသူအချို့သည်အမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်စသည့်အချက်အလက်များကိုမှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲအသုံးပြုလျက်ရှိနေကြသည်ကို
တွေ့ရကြောင်းယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ထို့ကြောင့် SIM Cardမှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့်အမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ
e-ID Databaseအချက်အလက်များဖြင့်တိုက်ဆိုင်စစ်ဆေးမည်ဖြစ်သည့်အတွက်သုံးစွဲသူများအနေဖြင့်အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ပြီးစနစ်တကျမှတ်ပုံတင်ပြီးမှသာအသုံးပြုရန်ပါရှိသည်ထို့အပြင်ဆက်သွယ်ရေးအော်ပရေတာများနှင့်
SIM Cardရောင်းချသူများအနေဖြင့်လည်း ညွှန်ကြားချက်များနှင့်အညီစနစ်တကျဆောင်ရွက်သွားရန်နှင့်လိုက်နာဆောင်ရွက်ခြင်းမရှိပါကလုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူမည်ဖြစ်ကြောင်းလည်းသိရသည်ထို့ ကြောင့်သုံးစွဲ
သူ ပြည်သူများအနေဖြင့်လက်ရှိအသုံးပြုနေသောSIM Cardများကိုအချက်အလက်မှန်ကန်စွာမှတ်ပုံတင်ထားခြင်းမရှိပါကSIM Cardများပိတ်သိမ်းခံရမှုမရှိစေရေးအချိန်မီပြန်လည် ပြင်ဆင်မှတ်ပုံတင်ရန်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကအသိပေးထားသည်။