အခ်စ္ေရးမွာလူေ႐ြးမွားေနၿပီဆိုတာသိသာေစတဲ့အခ်က္(၆)ခ်က္(၁)သင္လုပ္သမွ်အရာရာကိုအဆိုးဘက္က ဝဖန္တတ္တယ္သင္ဝတ္ထားတဲ့အဝတ္အစားပုံစံကအစ၊သင္ေ႐ြးခ်ယ္တဲ့ဂီတ၊႐ုပ္ရွင္အလယ္သင့္ကိုယ္ရည္ကိုယ္ေသြးနဲ႔ဆိုင္တာေတြအဆုံး။
သူ႔အျမင္မွာအျပစ္တင္စရာတစ္ခုမဟုတ္တစ္ခုရွိေနတယ္။ၿပီးေတာ့ကိုယ့္ရဲ႕အရာရာကိုအဆိုးဘက္ကေဝဖန္ေနတတ္တယ္ဆိုရင္သင့္အေနနဲ႔လူေ႐ြးမမွားဘူးဆိုရင္ေတာင္မွန္ေတာ့မမွန္ပါဘူးလို႔ေျပာရ မွာပါ။(၂)စကားေျပာမွားသြားမွာအၿမဲစိုးရိမ္ေနရတယ္။
တခါတရံကိုယ္ခ်စ္တဲ့သူနဲ႔ေျပာေနတာမွဟုတ္ရဲ႕လားလို႔ေတာင္ေတြးမိတဲ့ အထိပါပဲ။ကိုယ္ေျပာလိုက္တဲ့စကားေၾကာင့္ ႏွစ္ေယာက္သားျပႆနာတက္ရမွာကို စိုးရိမ္ရတဲ့သူက အၿမဲကိုယ္ပဲ ျဖစ္ေနၿပီး စကားမွားသြားမွာကို စိတ္ပူေန ရတာမ်ိဳးေပါ့။
ဒါဆိုရင္ေတာ့သင့္လက္ရွိအခ်စ္ေရးအေနအထားကစိတ္မေကာင္းစရာပါပဲ၃သင္ေျပာတဲ့စကားေတြကိုနားေထာင္ဖို႔ဘယ္ေတာ့မွစိတ္မရွည္ဘူး။နားေထာင္ျခင္းကခ်စ္ျခင္းရဲ႕ျပယုဂ္တစ္ခုပါ။တကယ္ခ်စ္တဲ့သူတစ္ေယာက္ကကိုယ့္ခ်စ္သူေျပာတာေတြကိုစိတ္ရွည္လက္ရွည္နားေထာင္ခ်င္ၾကၿပီး
ေျပာတဲ့အေၾကာင္းအရာေတြကိုလည္းၿပီးၿပီးေရာနားေထာင္တာမ်ိဳးမဟုတ္ဘဲစိတ္ဝင္တစားနားေထာင္တာမ်ိဳးပါ။ကိုယ္ေျပာတာေတြကိုေတာင္ေကာင္းေကာင္းနားမေထာင္ေပးတတ္တဲ့သူကကိုယ့္အတြက္လက္တြဲေဖာ္ေကာင္းတစ္ေယာက္ျဖစ္ပါ့မလားဆိုတာ စဥ္းစားစရာပါ။
(၄)မေပ်ာ္႐ႊင္ရဘူး။ပ်ာ္ခ်င္႐ုံသက္သက္နဲ႔ခ်စ္သူထားတာေတာ့မဟုတ္ပါဘူး။ဒါေပမယ့္ကိုယ္တည္ေဆာက္လိုက္တဲ့အခ်စ္ေရးကေပ်ာ္စရာေကာင္းေနတာမ်ိဳးေတာ့လူတိုင္းလိုခ်င္တာေပါ့။ကိုယ့္ဘာကိုယ္ေနတာအေကာင္း၊အခ်စ္ရွိလာမွစိတ္ညစ္စရာႀကီးျဖစ္သြားတယ္ဆိုရင္ေတာ့ဒါတစ္ခုခုမွားေနပါၿပီ။
အခ်စ္ေၾကာင့္ဘဝကပိုေပ်ာ္ဖို႔ေကာင္းသြားတာ၊ပိုျပည့္စုံသြားတာမ်ိဳးပဲျဖစ္သင့္တာပါ။(၅)ျပႆနာျဖစ္တိုင္းသူမွားတယ္ဆိုတာမရွိဘူး။ႏွစ္ေယာက္ၾကားမွာဘာပဲျဖစ္ျဖစ္သူ႔အမွားတစ္ခုမွမရွိဘူး၊အကုန္ကိုယ့္အမွားခ်ည္းပဲ။ကိုယ့္ေၾကာင့္ပဲဒီျပႆနာေတြျဖစ္ရတယ္ဆိုတာမ်ိဳးအၿမဲလုပ္တတ္ပါတယ္။သင့္ခ်စ္သူကအရာရာသင့္အမွားေတြခ်ည္းပဲျဖစ္ေအာင္
ေျပာတတ္တဲ့သူမ်ိဳးဆိုရင္ေတာ့ေသခ်ာတယ္၊သင္လူေ႐ြးမွားေနပါၿပီ(၆)သင့္ကိုျပဳျပင္ဖို႔ႀကိဳးစားေနတယ္။သင့္ကိုေကာင္းေစခ်င္လို႔၊ခ်စ္လို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔သင့္ရဲ႕အရာရာကိုျပဳျပင္ဖို႔ႀကိဳးစားေနတာမ်ိဳးေပါ့။သင့္ကိုတကယ္ခ်စ္တဲ့သူကသင့္ရဲ႕ နဂိုပုံစံကိုျပဳျပင္ဖို႔ႀကိဳးစားမွာမဟုတ္ပါဘူး။ခရစ္တစ္
အချစ်ရေးမှာလူရွေးမှားနေပြီဆိုတာသိသာစေတဲ့အချက်(၆)ချက်(၁)သင်လုပ်သမျှအရာရာကိုအဆိုးဘက်ကဝဖန်တတ်တယ်သင်ဝတ်ထားတဲ့အဝတ်အစားပုံစံကအစ၊သင်ရွေးချယ်တဲ့ဂီတ၊ရုပ်ရှင်အလယ်သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး။
သူ့အမြင်မှာအပြစ်တင်စရာတစ်ခုမဟုတ်တစ်ခုရှိနေတယ်။ပြီးတော့ကိုယ့်ရဲ့အရာရာကိုအဆိုးဘက်ကဝေဖန်နေတတ်တယ်ဆိုရင်သင့်အနေနဲ့လူရွေးမမှားဘူးဆိုရင်တောင်မှန်တော့မမှန်ပါဘူးလို့ပြောရ မှာပါ။(၂)စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ်။
တခါတရံကိုယ်ချစ်တဲ့သူနဲ့ပြောနေတာမှဟုတ်ရဲ့လားလို့တောင်တွေးမိတဲ့ အထိပါပဲ။ကိုယ်ပြောလိုက်တဲ့စကားကြောင့် နှစ်ယောက်သားပြဿနာတက်ရမှာကို စိုးရိမ်ရတဲ့သူက အမြဲကိုယ်ပဲ ဖြစ်နေပြီး စကားမှားသွားမှာကို စိတ်ပူနေ ရတာမျိုးပေါ့။
ဒါဆိုရင်တော့သင့်လက်ရှိအချစ်ရေးအနေအထားကစိတ်မကောင်းစရာပါပဲ၃သင်ပြောတဲ့စကားတွေကိုနားထောင်ဖို့ဘယ်တော့မှစိတ်မရှည်ဘူး။နားထောင်ခြင်းကချစ်ခြင်းရဲ့ပြယုဂ်တစ်ခုပါ။တကယ်ချစ်တဲ့သူတစ်ယောက်ကကိုယ့်ချစ်သူပြောတာတွေကိုစိတ်ရှည်လက်ရှည်နားထောင်ချင်ကြပြီး
ပြောတဲ့အကြောင်းအရာတွေကိုလည်းပြီးပြီးရောနားထောင်တာမျိုးမဟုတ်ဘဲစိတ်ဝင်တစားနားထောင်တာမျိုးပါ။ကိုယ်ပြောတာတွေကိုတောင်ကောင်းကောင်းနားမထောင်ပေးတတ်တဲ့သူကကိုယ့်အတွက်လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။
(၄)မပျော်ရွှင်ရဘူး။ပျာ်ချင်ရုံသက်သက်နဲ့ချစ်သူထားတာတော့မဟုတ်ပါဘူး။ဒါပေမယ့်ကိုယ်တည်ဆောက်လိုက်တဲ့အချစ်ရေးကပျော်စရာကောင်းနေတာမျိုးတော့လူတိုင်းလိုချင်တာပေါ့။ကိုယ့်ဘာကိုယ်နေတာအကောင်း၊အချစ်ရှိလာမှစိတ်ညစ်စရာကြီးဖြစ်သွားတယ်ဆိုရင်တော့ဒါတစ်ခုခုမှားနေပါပြီ။
အချစ်ကြောင့်ဘဝကပိုပျော်ဖို့ကောင်းသွားတာ၊ပိုပြည့်စုံသွားတာမျိုးပဲဖြစ်သင့်တာပါ။(၅)ပြဿနာဖြစ်တိုင်းသူမှားတယ်ဆိုတာမရှိဘူး။နှစ်ယောက်ကြားမှာဘာပဲဖြစ်ဖြစ်သူ့အမှားတစ်ခုမှမရှိဘူး၊အကုန်ကိုယ့်အမှားချည်းပဲ။ကိုယ့်ကြောင့်ပဲဒီပြဿနာတွေဖြစ်ရတယ်ဆိုတာမျိုးအမြဲလုပ်တတ်ပါတယ်။သင့်ချစ်သူကအရာရာသင့်အမှားတွေချည်းပဲဖြစ်အောင်
ပြောတတ်တဲ့သူမျိုးဆိုရင်တော့သေချာတယ်၊သင်လူရွေးမှားနေပါပြီ(၆)သင့်ကိုပြုပြင်ဖို့ကြိုးစားနေတယ်။သင့်ကိုကောင်းစေချင်လို့၊ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့သင့်ရဲ့အရာရာကိုပြုပြင်ဖို့ကြိုးစားနေတာမျိုးပေါ့။သင့်ကိုတကယ်ချစ်တဲ့သူကသင့်ရဲ့ နဂိုပုံစံကိုပြုပြင်ဖို့ကြိုးစားမှာမဟုတ်ပါဘူး။ခရစ်တစ်