






အချစ်ရဲ့သက်သေပြု စစ်ကိုင်းတံတားပေါ်က သော့တွဲလေးများစစ်ကိုင်းတံတားပေါ်က သော့တွဲလေးများစစ်ကိုင်းတံတားအသစ်(ရတနာပုံ)ရဲ့ Platform ပေါ်မှာ လမ်းလျှောက်ဖူးသူတိုင်း ဒီသော့တွဲလေးတွေကို

မြင်ဖူးကြမှာပါ ကိုယ်တွေလည်း ပထမဆုံး မြင်ဖူးတုန်းကဘာလုပ်ထားတာလဲပေါ့ နောက်တော့မှ သိရတယ်။ ချစ်သူရည်းစားတွေ အတူတူလာချိတ်ထားတာတဲ့ ။ လိုက်ပြီးရေတွက်ကြည့်ရင် နှစ်ဖက်ပေါင်းအခု500တော့

ကျော်မယ်ထင်တယ်ချစ်သူနှစ်ယောက် သော့နှစ်ခုကို အတူတူဝယ်တယ်။ ပြီးတော့ တံတားပေါ်မှာ အခုလိုမျိုးအတွဲလေးဖြစ်အောင် အတူတူချိတ်ကြတယ်ပြီးရင်သော့တံနှစ်ခုကိုလည်း အတူတူချိတ်ပြီး တံတားပေါ်ကနေ

ဧရာဝတီမြစ်ကြီးထဲကို သစ္စာပြုပြီး လွှင့်ပစ်ကြတယ်ပေါ့ဆိုလိုတာက သူတို့နှစ်ယောက်ကို ဘယ်သူခွဲခွဲ မကွဲနိုင်တော့ဘူးပေါ့ကိုယ်တော့ ခုချိန်ထိ အဲ့လို မချိတ်ဖူးသေးဘူးချိတ်မယ်ဆိုလည်း တစ်ယောက်ထဲ သွားချိတ်ရုံပဲ

ဒီအထိက တွေးကြည့်ရင် တကယ် ကြည်နူးစရာလေးပါဒါပေမယ့် အဲ့လို သစ္စာပြုထားလျှက်နဲ့မှ ချစ်သူနှစ်ယောက် ကွဲသွားပြီဆိုရင်တော့ နှစ်ယောက်ထဲက တစ်ယောက်စီမှာ သော့အပိုရှိလို့လား ဒါမှမဟုတ်

သံဖြတ်လွှနဲ့ပဲ လာဖြတ်သလားမသိ။ တစ်ချို့သော့လေးတွေမှာတော့ တစ်ခုထဲ အဖော်ကွဲလို့ဆိုတော့က စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် မတော်တဆ ရောက်ခဲ့မယ်ဆိုရင်

ကိုယ်တိုင် သော့အတူတူ ချိတ်စရာလူမရှိ‌ဘူးဆိုရင်တောင်သူများချိတ်ထားတာလေးတွေ လိုက်ကြည့်ပြီးစိတ်ကူးယဉ်ကျိပါပေါ့ TTa_Photography credit

LEAVE A REPLY

Please enter your comment!
Please enter your name here