တကယ်တော့ကျိကျိတက်ချမ်းသာပါတယ်ဆိုတဲ့ကမ္ဘာ့သူကြွယ်သူဌေးကြီးတွေဟာလည်းသိပ်ပြီးပုံမှန်ဆန်တဲ့ဘဝမှာပဲနေထိုင်ကြပြီးအကြွားအဝါကင်းကင်းနဲ့ ပိုက်ဆံရဲ့တန်ှဖိုးကို ကောင်းကောင်းနားလည်ကြပါတယ်ပြီးတော့သူတို့ကိုဒီလို

နေရာမှာရပ်တည်စေတဲ့အချက်တွေထဲအရေးကြီးတစ်ချက်ကပိုက်ဆံဘယ်လိုရှာလဲဆိုတာထက်ရှာလို့ရလာတဲ့ပိုက်ဆံကိုကျစ်ကျစ်လျစ်လျစ်နဲ့စီမံခန့်ခွဲသုံးတတ်စွဲတတ်ပြီး ငွေစုတတ်တဲ့ အကျင့်ကောင်းပါပဲသန်းကြွယ်သူဌေးတွေရဲ့

အကောင်းဆုံး ငွေစုနည်းလမ်း၇သွယ်ကို လေ့လာကြည့်ကြရအောင်(၁)အကြွေးနဲ့ဝေးအောင်နေသူဌေးကြီးတွေကသူတို့ဘဝမှာ ကြွေးမြီဆိုတာမျိုးလုံးဝအဖြစ်မခံဘူးအကြွေးကိုအတင်မခံတာဟာပိုက်ဆံစုနည်းတစ်မျိုးပါပဲအကြွေးနဲ့

ဝေးအောင်နေတာစိတ်အချရဆုံးနံပါတ်တစ်နည်းလမ်းပါပဲ(၂)တိကျသေချာတဲ့ အသုံးအစွဲအစီအစဉ်ကိုယ့်ဝင်ငွေကိုဘယ်လိုသုံးစွဲဖို့ပိုင်းခြားကန့်သတ်မလဲဆိုတာအရေးကြီးပါတယ်၅၀၃၀၂၀နည်းလမ်းနဲ့မဖြစ်မနေကုန်ကျစရိတ်တွေကို

ဝင်ငွေရဲ့၅၀ရာခိုင်နှုန်းတစ်ကိုယ်ရည်လိုအပ်ချက်အတွက်၃၀ရာခိုင်နှုန်းနဲ့ပိုတဲ့၂၀ရာခိုင်နှုန်းကိုစုဆောင်းမယ်ဆိုလည်းဒါကိုတကယ်ဖြစ်အောင်လုပ်ပါ(၃) ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံးဆိုလိုတာကတော့အသုံးအစွဲလက်မဖွာဖို့၊

အသုံးအဖြုန်းမများဖို့လိုပေမယ့်ကိုယ့်ဘဝအတွက်ဝင်ငွေပိုတိုးတက်လာစေမယ့်အရာတွေကိုတော့ဝယ်ယူသင့်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံပါဥပမာလက်ပ်တော့ပ်တွေ၊ နေရာစုံသွားနေရသူအဖို့သွားလာရေးအဆင်ပြေဖို့ရာကားဝယ်ထား

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မျိုးတွေက ရွှေငန်းလေးလိုတစ်နေ့ဥတစ်လုံးဥပေးမှာအသေအချာပါပဲ(၄) ပေးစရာရှိတာအရင်ပေကိုယ့်ပိုက်ဆံတွေရလာပြီဆိုရင်အရင်ဆုံးလုပ်ရမှာကမဖြစ်မနေမသုံးမဖြစ်၊မရှိမဖြစ်တဲ့ ခေါင်းပူခေါင်းခဲစရာစရိတ်စကတွေကို

အရင်ပြီးပြတ်အောင်ပေးချေထားလိုက်ဖို့ပါပဲဒါမှပိုတဲ့ပိုက်ဆံကိုမှဘယ်လိုဆက်သုံးစွဲသွားမလဲ အရှင်းလင်းဆုံးစဉ်းစားသွားနိုင်မှာဖြစ်တယ်ဒါကပိုက်ဆံကိုမလိုတဲ့အပိုမှာမသုံးမိစေဖို့ ချွေတာပြီးသားဖြစ်စေလိမ့်မယ်ပိုက်ဆံရလာ

တိုင်းအပျော်လွန်သုံးဖြုန်းဖို့ပါ နောက်ကိုပို့ထားပြီးသား ဖြစ်လာစေမှာပါ(၅) လုံးဝပိုက်ဆံမသုံးဘူးဆိုတဲ့ နေ့ရက်တွေဒီလိုလုံးဝပိုက်ဆံမသုံးမယ့်ရက်တွေကို တစ်ပတ်သို့တစ်လမှာဘယ်နှရက်အထိထားရှိသွားမလဲဆိုတာ

သန္ဒိဌာန်ချထားလိုက်ပါသင့်အတွက်အကျိုးထူးပါတယ်ဒါကရိုးရှင်းပြီးအရေးပေါ်သုံးဖို့စွဲဖို့မလိုမချင်းပိုက်ဆံကိုလုံးဝမထုတ်မိပါစေနဲ့လေ။(၆)အကြွေပိုက်ဆံလေးတွေစုစုထားပါ။အကြွေပိုက်ဆံလေးတွေကိုအထင်မသေးပါနဲ့

အခွင့်အရေးရတိုင်းစုဆောင်းထားလိုက်ပါလိုအပ်လာတဲ့အချိန်ဆိုအကြွေလေးကိုစုလိုက်ရင်ကော်ဖီတစ်ခွက်စာ၊မုန့်တစ်နပ်စာသင့်အတွက်ဖြစ်စေပါတယ်(၇)အသစ်မလဲခင် အရင်ပြင်ကိုယ်ဝယ်ထားတဲ့ပစ္စည်းလေးတွေပျက်စီးသွားရင်

လွယ်လွယ်လေးအသစ်လဲတတ်တဲ့အကျင့်ကမကောင်းပါဘူး ပြင်သုံးလို့ရရင်သုံးလိုက်ပါဦးလုံးဝမရတော့တဲ့အခြေအနေမှစွန့်ပစ်၊အသစ်လဲဒါလဲငွေကိုပိုစုလာနိုင်စေတဲ့ ထိရောက်တဲ့အချက်ပါပဲ။