ဆေးဝါးဈေးနှုန်းမြင့်တက်ချိန်ဆေးဝါးတင်သွင်းခွင့်လုပ်ထုံးလုပ်နည်းဖြေလျော့ပေးပေမယ့်လည်းဈေးမြင့်ဆဲဗဟိုဘဏ်ကနိုင်ငံခြားငွေကန့်သတ်ပြီးနောက်ပိုင်းနိုင်ငံခြားဆေးဝါးအများစုမှာဆေးကဒ်တစ်ကဒ်လျှင်ကျပ်၅၀၀မှ
ကျပ်၁၀၀၀ခန့်အထိဈေး၂ဆ မြင့်တက်သွားပြီးအချို့ဆေးဝါးများပစ္စည်းပြတ်လပ်တာတွေရှိနေပါတယ်လက်တလောနိုင်ငံခြားဆေးဝါးများဈေးတက်နေပြီးကုန်ပစ္စည်းအဝင်နည်းပါးမှုကြောင့်ဈေးကွက်အတွင်းဆေးပစ္စည်းအချို
ပြတ်လပ်နေတာတွေရှိတယ်လို့နိုင်ငံခြားဆေးဝါးများရောင်းချသည့်အရောင်းဆိုင်တစ်ဆိုင်ကMFNကိုမှတ်ချက်ပြုပါတယ်ဒီလိုအခြေအနေမှာဆေးဝါးနဲ့ ဆေးပစ္စည်းများတင်သွင်းတဲ့ကုမ္ပဏီများမိမိအစီအစဉ်ဖြင့်ကုန်ရောင်းသူထံငွေပေးချေ
မည်ဆိုပါကကုန်သွယ်ရေးဦးစီးဌာနနှင့်ဆက်သွယ်၍သွင်းကုန်လိုင်စင်ထုတ်ယူနိုင်ကြောင်းအသိပေးချက်ထုတ်ပြန်လာပါတယ်လိုင်စင်ထုတ်ယူရာမှာလည်းစီးပွား/ကူးသန်းဘက်ကသွင်းကုန်လိုင်စင်လျှောက်ထားဖို့အတွက်မြန်မာနိုင်ငံဆေးနှင့်
ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတစ်ဆင့်ကျန်းမာရေးဝန်ကြီးဌာနထံတင်ပြစိစစ်ထားရှိပြီးအဲမှတစ်ဆင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတင်ပြထားတဲ့သွင်းကုန်လိုင်စင်တွေကိုခွင့်ပြုပေးမယ်လို့ဖော်ပြထားပါတယ်။အဲလိုကြေညာချက်ကြောင့် ဆေးဝါးနဲ့ ဆေးပစ္စည်းသွင်းကုန်လိုင်စင်
ရရှိသူတွေအနေနဲ့မိမိအစီအစဉ်နဲ့သာနိုင်ငံခြားသုံးငွေအမေရိကန်ဒေါ်လာကိုရှာဖွေဝယ်ယူရမှာဖြစ်ပြီးလိုင်စင်ထုတ်ပေးလိုက်တာကြောင့် ဆေးဝါးပြတ်လပ်မှုမဖြစ်ပေါ်ပေမယ့်လည်းဈေးနှုန်းကတော့အမြင့်မှာပဲရှိနေမယ်လို့ ဆေးဝါးရောင်းချသူများကမှတ်ချက်ပြုထားပါတယ်