အင်္ဂါသားသမီးများထီပေါက်ကံအကျိုးပေးအထူးဟောဤရက်အတောအတွင်းတွင်စကားပြောဆိုရာ၌လိမာပါးနပ်မှုရှိမှသာလျှင်အဆင်ပြေမည်။အပြောအဆိုဆင်ခြင်၍စကားနှုတ်ကျွံတာမျိုးမဖြစ်ပါစေနှင့်။
ငြင်းပွားစရာလူမှုရေးပြသနာများဖြေရှင်းရတတ်သည်။မိတ်ဆွေသည်ရန်သူဖြစ်စေသည်။ဥပေက္ခာပြုနိုင်လေမိမိအတွက်အကျိုးပေးလေဖြစ်မည်။စီးပွားရေးတွင်အကြံဉာဏ်သစ်များပေါ်လာမည်။
ငွေအထုတ်လိုက်အထည်လိုက်ဝင်ကိန်းရှိသည်။အလုပ်အကိုင်သစ်လုပ်ရခြင်းတိုးချဲ့ရခြင်းနေရာပြောင်းရွေ့ရခြင်းကြုံရမည်။တန်ဖိုးရှိစက်ပစည်းများအပျောက်အပျက်များမည်။ကျန်းမာရေးအတွက်ဝမျးဗိုကျအထူးဂရုစိုကျပါ။
အမျိုးသမီးများသည်အမျိုးသမီးရောဂါအထူးဂရုစိုက်ပါ။အခန့်မသင့် ခွဲစိတ်ဝေဒနါကြုံရတတ်၏။ပညာရေးတွင်လူမှုရေးအချစ်ရေးကိစများဖြစ်ပေါ်ပါကပညာမှာတပိုင်းတစဖြစ်ပီးနှောင့်နှေးလိမ့်မည်။ဆုံးဖြတ်ချက်မှန်ကန်ဖို့အရေးကြီးသည်။
အချစ်ရေးတွင်ပျိုရွယ်သူများစန်းပွင့်ပြီးချစ်သူရည်းစားများယခင်ထက်အကြင်နာတိုးမည့်အချိန်ပါ။အိမ်ထောင်ရှိသူများ သားသမီးအတွက်ကျန်းမာရေးပူပင်သောကရောက်ရတတ်သည်။အကျိုးပေးဂဏန်းမှာ(၄ ၆ ၉)ဖြစ်ပါတယ်။
ဤရက်များတွင်ကံပွင့်ကံတက်စေရန်အတွက်အုန်းသီးအားမျက်နှာဖွင့်ပီးအိမ်ရှိဘုရားစဉ်တွင်လှူပြီးလိမ္မော်ရောင်ကိုဆောင်ပြီးမှသာလျှင်လုပ်ငန်းစပါ။ဆရာဟိန်းမင်ဈာန်ဖုန်း၀၉၄၂၅၈၃၄၇၇၂
LEAVE A REPLY
Please enter your comment!
Please enter your name here