အင်္ဂါသားသမီးများဟာအများအားဖြင့်အရပ်မနိမ့်မမြင့်သို့မဟုတ်အသင့်တင့်နှင့်မြင့်သောအနေအထားတွင်ရှိနေတက်ပြီးကိုယ်ခန္ဓာအချိုးအဆစ်တို့မှာခန့်ခန့်ညားညားဖြင့်ကြည့်၍ကောင်းသောပုံစံအနေအထားတွင်ရှိနေတက်ပါတယ်
အသားအရေမှာအသားလတ်၍တင်းပြည့်နူးညံ့ပြီးဝင်းနေသောအသားအရေကိုပိုင်ဆိုင်ထားသူများဖြစ်ကြပါတယ်။အချို့သောမိန်းခလေးများတွင်နှုတ်ခမ်းမွေးရေးရေးလေးများပင်ပေါက်နေတက်၍ချစ်စရာကောင်းနေတက်ပါသည်
ကော့ညွတ်နေတက်နှုတ်ခမ်း၊မဲမှောင်တောက်ပနေသောမျက်လုံးထူထပ်နေသောမျက်ခုံးနှာတံစင်းစင်းနှင့်ထူးခြားနေသောသူများဖြစ်ကြပါတယ်ငယ်ရွယ်ချိန်တွင်သွယ်သွယ်လှလှရှိနေတက်ပြီးအသက်အရွယ်ရလာချိန်များတွင်
ခန့်ခန်းညားညားဖြင့်အလွန်ကြည့်၍ကောင်းနေသူများဖြစ်ပါတယ်လိမ်ညာဟန်မဆောင်တက်ပွင့်ပွင့်လင်းလင်းနှင့်မိမိပြောလိုရာကိုတိုတိုနှင့်လိုရင်းကိုပညာသားပါပါထိထိမိမိပြောဆိုတက်သူမျိူးဖြစ်ပါတယ်စကားပြောကောင်းသူဟုမဆိုနိုင်သော်လည်းစကားပြောတက်သူဟု
ဆိုရပါလိမ့်မည်အများအားဖြင့်အင်္ဂါသားသမီးတွေဟာစကားနည်းသူများဖြစ်ပါတယ်ဘဝအတွက်ကြီးမားသောအောင်မြင်မှုအတွက်ထာဝရကြိုးနေသူများဖြစ်ပါတယ်အထူးသဖြင့်ပညာရပ်ပိုင်းဆိုင်ရာကိုစိတ်ဝင်စားဝါသနာကြီးတက်ပါတယ်

ဘဝတွင်ခရီးသွားလာရတာကိုသဘောကျသူများဖြစ်သလိုတစ်နယ်တကျေးသွားရောက်တာဝန်ထမ်းဆောင်အသက်မွေးနေရတက်ပြီးမိမိဇာတိမဟုတ်သောအခြားအရပ်ဒေသတွင်ကြီးပွားချမ်းသာလေ့ရှိကြပါတယ်ဘယ်တော့အခါမှ
အောက်ကျမခံလိုသူမိမိကသာဦးဆောင်လိုသောခေါင်းဆောင်စိတ်ရှိသူ၊အမှန်တရားကိုထာဝရကိုးကွယ်သူမှန်တာလုပ်ဟုတ်တာပြောကာမိမိယုံကြည်ရာတစ်ခုအတွက်ဘယ်သူဖျက်ဖျက်မပျက်ဘဲလုပ်ဖြစ်အောင်လုပ်လိုက်ရမှကျေနပ်သူ
မှားမှန်းသိတဲ့အမှားတွေအတွက်နောင်တမရဘဲအတွေ့အကြုံဟုခံယူကာအတိတ်ကအမှားကိုပစ္စုပ္ပန်နှင့်အနာဂါတ်အတွက်အားအင်အဖြစ်ပြောင်းလဲအသုံးပြုနေတက်သူများဖြစ်တက်ပါတယ်။လျှို့ဝှက်လိုစိတ်ရှိနေတက်သော်လည်း
တကယ်တမ်းတွင်ဟန်မဆောင်တက်သူသူညာရင်လူတကာသိဟုဆိုရပေမည်။စိတ်ရင်းစေတနာအမှန်တကယ်ကောင်းသူများဖြစ်ပြီးအားနည်းတဲ့ဘက်ကရပ်တည်ကူညီလိုစိတ်ရှိပါတယ်မိမိအတွက်အသက်မွေးနိုင်သောအတက်ပညာတစ်ခုခုမဖြစ်မနေသင်ယူလေ့လာတက်သူများဖြစ်ပါတယ်
ဘယ်နေရာရောက်ရောက်လူအများအလယ်မှာထင်ထင်ရှားရှားရှိနေတက်သူမျိုးဖြစ်ပါတယ်ဒါကြောင့်ဘယ်တော့အခါမှဂုဏ်မငယ်ရပါဘူးအချစ်ရေးမှာတော့သူတစ်ပါးအမြင်မှာမျက်နှာပွင့်လန်းရေပန်းစားတယ်လို့ထင်ရသော်လည်း

လူမသိသူမသိမျိုသိပ်ထားရတဲ့ခံစားချက်တွေကြောင့်အကြိမ်ကြိမ်လဲကျခဲ့ဖူးကြပါတယ်။မိမိအချစ်ကိုမိမိချစ်သလောက်ထုတ်ဖော်ပြောလေ့မရှိဘဲတိတ်တခိုးမျိုသိပ်ချစ်နေတက်သူများဖြစ်ပါတယ်တကယ်တမ်းတွင်
အရမ်းသဝန်တိုတက်တက်သောသူများဖြစ်ပါတယ်အချစ်ရေးမှာမိမိကကြင်နာဂရုစိုက်တက်သလောက် မိမိအပေါ်တွင်လည်းကြင်နာဂရုစိုက်နွေးထွေးခံချင်များဖြစ်ပါတယ်။မျိုသိပ်ချစ်ရတဲ့အတွက်တခါတရံအရမ်းပင်ပန်းရပါလိမ့်မယ်
အရမ်းချစ်တက်သော်လည်းနှလုံးသားနှင့်ဘဝယှဉ်လာခဲ့ရင်ဘဝရေးကိုသာဦးစားပေးလေ့ရှိတက်ပါတယ်။အင်္ဂါသားသမီးများ၏အချစ်ရေးဆိုင်ရာလျှို့ဝှက်ခံစားချက်များကိုသိဖို့ခတ်ခဲလှ၍သိရှိလိုပါကအရက်မူးအောင်တိုက်၍သာရင်
ဖွင့်ခိုင်းပါထိုအချိန်ခါမျိူးတွင်သာငို၍သင့်အားသူကိုယ်တိုင်ရင်ဖွင့်ပါလိမ့်မည်။အင်္ဂါသားသမီးများအားလုံးဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေcreditဆရာဦးဘိုနိုင်