အင်္ဂါသားသမီးလေးများသာရှယ်ရန် စိတ်နေစိတ်ထားနှင့်ဆောင်ရန်ရှောင်ရန်များအင်္ဂါသားသမီးတွေက အပြင်ပန်း ကနေကြည့်ရင်ချေတယ်မာနကြီးတယ်ထင်ရပေမယ့်သူတို့ စိတ်အရင်းခံကတော့ ပေါင်းကြည့်မှပဲသိမှာပါ။

ချစ်ခင်ရသူတွေနဲ့ဆိုရင် ကလေးတစ်ယောက်လို ပျော်ပျော် နေတတ်ကြတယ်။ တော်ရုံ စိတ်မဆိုးတတ်လို စိတ်လဲမနာတတ်ဘူး။ဒါပေမယ့်စိတ်ဆိုးစိတ်နာသွားပြီဆိုရင်လဲဒူးထောက်ပြီး တောင်းပန်ရင်တောင် လှည့်မကြည့်

တတ်ကြတော့ဘူး။သူတို့စကားပြောရင် အရမ်းချစ်ဖို့ကောင်းကြပြီး ရုပ်ရည်ကလဲ တစ်ခုခု ဆွဲဆောင်မှု ရှိနေတတ်ကြတယ်။ အများစုက စိတ်ဓာတ်ပိုင်းဆိုင်ရာ နှလုံးသား နုနယ်ပြီး ဝမ်းနည်းလွယ်ကြတယ်။ သူတို့လေး

တွေက အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပေမယ့် တစ်ခါတစ်လေမှာတော့ တစ်ယောက်တည်း တိတ်တ်ိတ်ဆိတ်ဆိတ် ရှိနေတတ်ကြပြန်တယ်။ ချစ်သူအပေါ် သစ္စာ ရှိကြတယ်။ချစ်မိပြီဆိုနှစ်ယောက်မရှိသလိုမုန်းမိပြီ

ဆိုရင်လည်းပြန်လည့် မကြည့်တတ်ကြတော့ဘူး။ အစားအသောက်ကတော့ အရမ်း ကြိုက်တတ်ကြသူတွေပေါ့။ ဖြစ်လာသမျှ အခက်အခဲတိုင်းကိုလည်း ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ ဇွဲရှိရှိဖြေရှင်းတတ်ကြတယ် ဖြေရှင်း

နိုင်ကြတယ်။သူတို့မှာရုပ်ရည်ချောမောတာကြောင့် ရည်းစားရှိတယ် အထင်ခံကြရတတ်တယ်တကယ်တမ်းက အချစ်ရေးကံမကောင်းကြဘူး ။ ကံကောင်းပီဆိုလည်း သူများလိုက်မမီအောင်ထိ အချစ်ရေးကံကောင်းတတ်

ကြပါတယ်။အင်္ဂါ သားသမီးတွေ ဆောင်သင့်တဲ့ အဆောင်ကျောက်ရတနာက တော့ သန္တာကျောက်ပဲ ဖြစ်ပါတယ်။Credit#T.L