သိန်းထောင်ချီတန်တဲ့ဝက်စွယ်ဂင်းပိတ်သို့ဝက်မာန်စွယ်ဝက်စွယ်ဂင်းပိတ်ခေါ်ဝက်မာန်စွယ်သည်အမောင်းအဟန့်အလွှဲအဖယ်အကွယ်အကာကောင်းလှ၏ထူးခြားဆန်းကြယ်သောတောတောင်ထဲမှပစ္စည်းဆန်းတစ်မျိုးဖြစ်သည်

တောတောင်ထဲတွင်တောဝက်တို့သဘာဝကျင်လည်ကျက်စားနေထိုင်သွားလာလေ့ရှိသည်တောဝက်အုပ်တစ်အုပ်တွင်သင်းအုပ်ခေါင်းဆောင်ဝက်တောင်းကြီးတစ်ကောင်ရှိတတ်သည်ထိုခေါင်းဆောင်ဝက်ကြီးသည်အုပ်စု၏

အန္တရာယ်ကင်းစေရေးအတွက်အသက်စွန့်၍ကာကွယ်တတ်သည်အန္တရာယ်တစ်စုံတရာကျလာပါကမိမိအုပ်စုအတွက်ရှေ့ဆုံးမှရပ်တည်၍မိမိအုပ်စုကိုလွတ်ရာသို့ ပြေးစေသည်တချိန်တည်းမှာပဲရန်သူ၏အငွေ့အသက်ကိုရှုရှိုက်ပြီး

ရန်သူရှိရာအရပ်သို့တဟုန်တိုးပြေးဝင်၍အစွယ်ဖြင့်ဝင်အောင်းလေသည်ထိုသို့ဝက်ကြီးဝင်အောင်းရာတွင်ရန်သူကလျင်မြန်၍သစ်ပင်တခုခုနောက်သို့ဝင်လိုက်လျှင်လည်းကောင်းသစ်ပင်ကြီးတခုခုကိုရန်သူအမှတ်ဖြင့်ဝင်အောင်း၍

လည်းကောင်းဝက်အစွယ်သည်သစ်ပင်တွင်စိုက်ဝင်နေတတ်သည်စိုက်ဝင်နေသော အစွယ်ကိုရုတ်တရက်ပြန်နှုတ်မရပဲမာန်ရစ်ပြီးချိုးပစ်တတ်လေ့ရှိသည်သစ်ပင်၌ကျိုးကျန်စိုက်ဝင်နေသောအစွယ်သည်ဝက်မာန်စွယ်ပင်ဖြစ်လေသည်

၎င်းဝက်မာန်စွယ်တွင်ခရုသင်းရစ်ထားသလိုအရစ်လေးများပါနေပါကဝက်စွယ်ဂင်းပိတ်အစွမ်းအမြင့်ဆုံးဖြစ်၏ဝက်စွယ်ခေါင်းပွမှာဝက်စွယ်ဂင်းပိတ်လောက်အာနိသင်မထက်မြက်ပေထိုအတူဝက်များမိတ်လိုက်လို၍မုန်ထန်နေသောအချိန်၌

သစ်ပင်ကိုပြေးအောင်းတတ်သေးသည်။ထိုသို့ဖြစ်တည်လာသောဝက်စွယ်ဂင်းပိတ်သည်ရန်သူကိုတိုက်ခိုက်၍ဖြစ်တည်သောဝက်စွယ်ဂင်းပိတ်လောက်အာနိသင်အစွမ်းမကြီးရရှိလာသောဝက်စွယ်ဂင်းပိတ်ကိုဂဝံမျက်နှာဖုံးပုံထုလုပ်၍

ဆောင်ပါကအလွှဲအဖယ်အကွယ်အကာကောင်း၏ရှင်သီဝလိယပ်ထမ်းဟန်ထုလုပ်၍သဗ္ဗဇယမင်္ဂလာဂါထာတစ်ထောင်စုတ်ပြီးဆောင်ပါကလာဘ်လာဘရွှင်လန်း၏ဝက်စွယ်ဂင်းပိတ်အစစ်ရလျှင်ကာယသိဒ္ဓိပြီး၍ဒုတ်ဒါးပြီး၏

ဝက်စွယ်ဂင်းပိတ်ကိုအိတ်ထဲထည့်၍ယင်းအိတ်ကိုသနတ်ဖြင့်ယပစ်လျှင်မီးမကူး ကျည်မထွက်ပါကအစစ်ဟုဆိုနိုင်ပါသည်ရှားပါးဂမ္ဘီရပစ္စည်းတခုဖြစ်ပြီးအစစ်ရလျှင်သိန်းထောင်ချီတန်ဖိုးရှိတယ်လို့သိရပါတယ်