ပါးစောင်နဲ့နဖူးတစ်ဝိုက်အဆီဖုထွက်ခြင်းကိုသက်သာစေမယ့်အသားအရေထိန်းသိမ်းနည်း(၆)မျိုးအဆီဖုကဝက်ခြံလိုအဖုကြီးပြီးနာကျင်တတ်တာမျိုးမဟုတ်ပေမယ့်အပြုံလိုက်ထွက်လာတတ်တာကြောင့်မိတ်ကပ်လိမ်းတဲ့
အချိန်တွေမှာစိတ်ညစ်ဖို့ကောင်းတာတော့အမှန်ပါပဲအဆီဖုဖြူဖြူတွေကတစ်ခါတစ်ရံမှာအဆီပြန်တတ်တဲ့နေရာတွေအပြင်မျက်နှာဘေးကပါးစောင်နေရာတွေမှာပါထွက်တတ်တာကြောင့်ဒါတွေကို ပြန်လည်ဖယ်ရှားနိုင်ဖို့ပြုလုပ်ပေးရမယ့်
အသားအရေထိန်းသိမ်းနည်းတွေကိုပြောပြပေးချင်ပါတယ်၁။မျက်နှာကိုသေချာသန့်စင်ပေးပါမျက်နှာယားယံတာတွေမဖြစ်စေဖို့မျက်နှာသစ်ဆေးအပျော့နဲ့ ဖြေးဖြေးချင်းပွတ်ပြီးသန့်စင်ပေးပါ။အဆီဖုထွက်တဲ့နေရာတစ်ဝိုက်ကိုသေချာ
သန့်စင်ပေးဖို့အရေးကြီးပါတယ်မျက်နှာသစ်တဲ့အခါချွေးပေါက်ပွင့်စေဖို့ ရေနွေးနွေးကိုအသုံးပြုပေးပါ။Scrubလုပ်တဲ့အခါမှာလည်းမျက်နှာကိုကြမ်းကြမ်းတမ်းတမ်းမပွတ်မိအောင်သတိထားဖို့လိုပါတယ်၂။Vitamin Aပါဝင်တဲ့
Cream တွေလိမ်းပေးပါVitamin Aကအသားအရေနီမြန်းခြင်းနဲ့ရောင်ရမ်းခြင်းတွေကိုသက်သာစေတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပြီးအရေပြားကျန်းမာရေးကိုအကျိုးပြုစေမယ့်ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်
ဒါကြောင့်Vitamin Aကရရှိတဲ့Retinoids Cream တွေလိမ်းပြီးအသားအရေကိုပြန်လည်ထိန်းသိမ်းပေးပါ၃။Sunscreenအမြဲလိမ်းပါအဆီဖုရှိတဲ့သူတွေအနေနဲ့ကိုယ်လုပ်နေကျSkincareအဆင့်တွေထဲမှာ
Sunscreenလိမ်းတဲ့အဆင့်ကိုလည်းမဖြစ်မနေထည့်သွင်းပြုလုပ်ပေးဖို့လိုပါတယ်SPFပါဝင်မှုများပြီကိုယ့်အသာအရေနဲ့အဆင်ပြေတဲ့Sunscreenတစ်မျိုးကိုပုံမှန်အသုံးပြုပေးပါ၎။မျက်နှာကိုတစ်ပတ်တစ်ခါပုံမှန်ချေးချွတ်ပါ
မျက်နှာကိုပုံမှန်ချေးချွတ်ပေးတာက ချွေးပေါက်ပိတ်စေတဲ့ဆဲလ်သေတွေဖယ်ရှားနိုင်တဲ့အပြင်အသားအရေကိုပါချောမွေ့လာစေပါတယ်ဒါပေမယ့် ခဏခဏချေးချွတ်ခြင်းကအသားပါးနိုင်တာကြောင့်တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီး
မပြုလုပ်ဖို့အကြုံပြုချင်ပါတယ်၅။ ခေါင်းပုံမှန်လျှော်ပေးပါဆံပင်ကထွက်တဲ့အဆီနဲ့ဖုန်တွေကသင့်မျက်နှာရဲ့ချွေးပေါက်တွေကိုပိတ်စေတာကြောင့်ဆံပင်နဲ့ထိတွေ့ရတဲ့နဖူးနဲ့ပါးတွေမှာအဆီဖုတွေထွက်လာနိုင်ပါတယ်ဒါကြောင့်သင့်ဆံသားကို
မျက်နှာနဲ့မထိအောင်ထားပြီး ခေါင်းပုံမှန်လျှော်ပေးပါ၆။အသုံးအဆောင်တွေကိုသန့်ရှင်းအောင်ထားပါပါးပေါ်ကအဆီဖုတွေကိုဖယ်ရှားနိုင်ဖို့အတွက်သင်သုံးနေကျပစ္စည်းတွေကိုသန့်သန့်ရှင်းရှင်းထားဖို့လည်းအရေးကြီးပါတယ်ဥပမာ
ဖုန်း ခေါင်းအုံးစွပ်မိတ်ကပ်Brush တွေနဲ့မျက်မှန်စတာတွေကမျက်နှာနဲ့တိုက်ရိုက်ထိတွေ့ရတဲ့အသုံးအဆောင်တွေဖြစ်တာကြောင့်ဒါတွေကိုပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။