ထန်းပင်မြစ်ဆိုတာထန်းပင်ကြီးရဲ့အမြစ်လားမသိသေးသူများအတွက်တင်ပေးလိုက်တာပါထန်းပင်မြစ်ဆိုတော့အချို့မသိသေးသူများကထန်းပင်ကြီးရဲ့အမြစ်တွေလို့ထင်နေကြတော့ရယ်လိုက်ရသေးတယ်ထန်းပင်ကြီးရဲ့အမြစ်ကကြီးမား
လွန်းလို့နွားတွေစားဖို့အတွက်နွားစာကျင်းမြက်တွေ ထည့်ကျွေးတဲ့ခွက်ကြီးတွေတောင်ထွင်းလို့ရပါတယ်။စားလို့ရတဲ့ထန်းပင်မြစ်ကထန်းသီးအရင့်တွေကိုမြေမြုပ်ထားပီးထွက်လာတဲ့ထန်းပင်ပေါက်ပါဥပမာပြောရရင်ယာတောသူတို့စ
ားနေတဲ့ပဲပင်ပေါက်လိုဘဲပေါ့အာ့တာကိုမစားရင်ထန်းပင်ကြီးဖြစ်လာမှာပေါ့လေသူ့အရသာကနုလွန်းရင်ခါးသက်သက်ဖြစ်တတ်ပီးရောင်းတန်းဝင်အရွယ်လောက်ဆိုရင်တော့စားပီးရင်းစားချင်စရာကောင်းတဲ့ထူးဆန်းတဲ့အရသာမျိုးလေးပါ
မီးဖုတ်စားရင်အနံ့ပိုပီးမွှေးပါတယ်စားသုံးရန်အတွက်ထန်းပင်မြစ်မီးဖုတ်သို့ထန်းပင်မြစ်ပြုတ်ကိုအခွံခွာပီးလျှင် ထန်းမြစ်ဖွေးဖွေးလေးတွေ့ပါလိမ့်မယ်ထိုထန်းမြစ်လေးရဲ့ အပေါ်ယံ အမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာ
ပါထို့နောက် အလယ်ကနေခြမ်းကာအထဲကအူတိုင်အနှံလေးကိုဖယ်ပီးစိတ်ကြိုက်စားလို့ရပါပီမစားဖူးသေးသူများအတွက်ပြောတာပါနော်ထန်းပင်မြစ်ကိုမီးဖုတ်ပီးလည်းစားလို့ရသလိုပြုတ်ပီးလည်းဆီနဲ့ဆားနဲ့တို့စားကြပါတယ်အချို့ကလည်း
ထန်းမြစ်ကြော်၊ထန်းမြစ်နှမ်းထောင်းစသဖြင့်အမျိုးမျိုးစားလေ့ရှိကြပါတယ်ဒါ့ကြောင့်ယာတောသူတို့လည်းအညာစာတစ်မျိုးဖြစ်တဲ့ထန်းပင်မြစ်ကိုလမ်းကြုံရင် စားကြည့်ဖို့မမေ့ကြပါနဲ့နော်ခရစ်တစ်