ထို့ကြောင့်မိသားစုနဲ့မတိုင်ပင်ဖြစ်ခဲ့ပါမိဘတိုင်းသိထားသင့်တဲ့သားသမီးတွေရဲ့ခံစားချက်ကလေးတစ်ယောက်တစ်နေ့လူကြီးဖြစ်လာမဲ့သူတစ်ယောက်ကတော်ရုံကိစ္စကတော့ဘယ်သူ့မှမပြောတော့မတိုင်ပင်တော့ဘူးမိသားစုကိုအသိမပေး
တော့ပဲ နေတတ်လာတယ်ဒီအကျင့်ကဘယ်က ဖြစ်လာလဲကိုယ့်အထက်ကမိဘအကြီးတွေနဲ့အများကြီးဆိုင်တယ်ကိုယ်က နှာချေတယ်ဆေးသောက် နွေးနွေးထွေးထွေးနေလို့ဘယ်သူမှမပြောပဲနှာချေမှာပေါ့ဒီလောက် အေးနေတာကို
ဘာမှမဝတ်တာလို့ ဟောက်တယ်ကိုယ်ကရုတ်တရက်ဖျားတယ်ဘယ်လိုဖြစ်တာလဲဒီရာသီကတုပ်ကွေးရာသီဂရုစိုက်မှ ပေါ့လို့ ပြောမဲ့အစားဖျားမှာပေါ့ဒီလောက် ရေအကြာကြီးချိုးတာကိုးနည်းတောင်နည်းသေးတယ်လို့ဆူတယ်
ဖျားရင်ဖျားမှာပေါ့တာကိုးနာရင်နာမှာပေါ့တာကိုးတစ်ခုခုဖြစ်ရင်ဖြစ်မှာပေါ့နင်ကဘယ်လိုနေဘယ်လိုထိုင်တာကိုးဖြစ်မှာပေါ့ဘာကြောင့်ဘယ်လိုဖြစ်တာနည်းတောင်နည်းသေးတယ်ဆိုတာကပါသေးတယ်တစ်ခုခုဆို ဖေးမရမဲ့ဂရုစိုက်ရမဲ့
မေးခွန်းတွေအစားအချို့မိဘတွေမှာ ဖြစ်စဉ်တစ်ခုကိုအရင်ဆုံးအပြစ်စတင်ပြီးဆုံးမတတ်တဲ့ဝသီကအကျင့်တစ်ခုလို ဖြစ်မှန်းမသိ ဖြစ်နေခဲ့တော့ကလေးကတစ်ခုခုမဖြစ်လိုက်နဲ့အားကြီးတွေနဲ့အပြစ်တင်စကားကအရင်စintro
ဝင်ပြီးဆုံးမတာထုံးစံဖြစ်လာတယ်တစ်ခါတစ်လေမဆီမဆိုင် ဖြစ်မှာပေါ့ဖုန်းချည်းသုံးနေတာကိုးဖုန်းပျက်တော့လည်းပျက်မှာပေါ့ဖုန်းပဲအမြဲကလိနေတာကိုးဖုန်းကတစ်ခါဝယ်ပြီးရင်တစ်သက်လုံးကိုင်လို့ရတဲ့အရာမဟုတ်ဘူးလေ
ရိုရိုသေသေကိုင်ရင်တောင်၂နှစ်၃ နှစ်လောက်ဆိုရင်ဖုန်းအများစုကဒစ်လည်နေကြပြီဒါကိုသိလည်းအပြစ်စကားပဲဆိုတာပဲဂရုတစိုက်ဆုံးမတာကိုဘယ်သူမဆို လက်ခံပါတယ်အမြဲတမ်း ပြစ်တင်ကြိမ်းမောင်းတာတော့ဘယ်သူက
လိုချင်မှာလဲကလေးတဈယောကျကပုံမှန်အားဖြင့်သူ့အခက်အခဲတွေပြဿနာတွေကို အိမ်ကို ပြောပြတတ်တာချည်းပဲဒါပေမဲ့ဒီအကျင့်ကိုအိမ်ကလူတွေပဲဖျက်ဆီးပစ်ခဲ့တာကိုယ့်မှာဘာပြဿနာရှိရှိဘာအခက်အခဲရှိရှိအိမ်ကအပြစ်စကား တွေနဲ့
စတင်ကြိမ်းမောင်းမယ်ဆိုတာပဲကြိုသိနေတော့အိမ်ကို ပြောပြတတ်တဲ့အကျင့်အဲကလေးမှာပျောက်သွားတယ်တော်ရုံမပြောတော့ဘူးဂရုစိုက်ခံရဖို့အရေးထက်အပြစ်မတင်ခံရဖို့အရေးအဆဲအဆိုမခံရဖို့အရေးပဲဦးတည်တော့တယ်
ဒီတော့ဘာဆက်ဖြစ်လာလဲအဲကလေးကအိမ်ကိုလိမ်တတ်လာတယ်ကျောင်းမှာရန်ဖြစ်လာတယ်မျက်နှာမှာ ဒဏ်ရာနဲ့ဒဏ်ချက်အိမ်ကဘာဖြစ်လာလဲ မေးတယ်သစ်ကိုင်းနဲ့ ခြစ်မိတယ် ပဲ ဖြေတယ်ရန်ဖြစ်လာတယ်ပြောရင်ငါ့အဖေအမေက
ကိုယ့်ကလေးမှန်လားမှားလားအရင်မေးမှာမဟုတ်ဘူးဒဏ်ရာဆေးထည့်ပေးမှာလည်းမဟုတ်ဘူးတစ်နေကုန်နားနဲ့မဆန့်အောင်အပြစ်စကားတွေပဲလှိမ့်ကော တော့မှာသိနေတယ်ထိုကြောင့်အကြိမ်ကြိမ်လိမ်ခဲ့ဖူးပါသည်ထို့ကြောင့်ဘာလုပ်လုပ်မိသားစုကိုမတိုင်ပင်ဖြစ်ခဲ့ပါCreditThuzarko