သစ္စာမဆိုခင်ဆင်ခြင်ပါရန်ငုံးမင်းသည်သစ္စာမပြုခင်ပွင့်တော်မူခဲ့ပြီးသောဘုရားရှင်တို့၏သီလသမာဓိပညာဉာဏ်ဂုဏ်တွေကိုဆင်ခြင်ပါတယ်ဘုရားရှင်တို့၏ထိုးထွင်းသိသွားသော

ဉာဏ်တော်သဗ္ဗညုတဉာဏ်နှင့်ဘုရားရှင်တို့သိသွားသည့်တရားနိဗ္ဗာန်,မဂ္ဂင်(၈)ပါးအဲ့ဒါတွေကိုအရင်ဆင်ခြင်ပါတယ်။မဂ္ဂင်(၈)ပါးနှင့်နိဗ္ဗာန်တရားတွေမှာစွမ်းအားတွေရှိပါတယ်

အဲ့ဒါတွေဆင်ခြင်နိုင်ရင် ဆင်ခြင်နိုင်သလောက်အစွမ်းထက်ပါလိမ့်မယ်ဥပမာမဂ္ဂင်(၈)ပါးပြည့်သည့်အခိုက်မဂ်ကျသည့်အခိုက်ကမ်ဘာပျက်မယ်ဆိုရင်တောင်မပျက်ပဲစောင့်ရကြောင်းအဆိုရှိပါတယ်

နိဗ္ဗာန်ကိုအာရုံပြုနေတဲ့အချိန်သမာပတ်ဝင်စားနေတဲ့အချိန်မှာမီးရှို့ရင်မီးမလောင်ပါ။တောင်နဲ့ဖိတောင်ဘာမှမဖြစ်နိုင်ဟုလို့ဆိုပါတယ်ဓမ္မစကြာတရားစဟောသည့်အချိန်ငရဲမီးတွေပါတဒင်္ဂငြိမ်းတယ်လို့ဆိုပါတယ်စသည်အားဖြင့်တရားရဲ့

စွမ်းအားတွေကဆင်ခြင်ရင်ဆင်ခြင်နိုင်သလောက်များစွာရှိပါတယ်သစ္စာပြုလိုသောယောဂီများသည်ဘုရားရှင်၏ဂုဏ်နှင့် တရား၏ဂုဏ်(ဝဋ်ဒုက္ခမှထွက်မြောက်ကြောင်းမဂ္ဂင်(၈)ပါးနှင့်ထွက်မြောက်ရာနိဗ္ဗာန်)ကိုထပ်ခါထပ်ခါတွေးပြီးမှသစ္စာဆို

လိုက်ပါအဲ့ဒါကလိုရင်းကျပါတယ်ဘုရားလောင်းငုံးမင်းကအဲ့ဒါတွေဆင်ခြင်ပြီးမှသစ္စာပြုတာပါသစ္စာပြုတာကမွန္တာကိုတိုင်တည်ပြောပြီးဤမှန်ကန်သောသစ္စာစကားကြောင့်ဒီအခတ်အခဲအကျဉ်းအကျပ်ကလွတ်ရပါစေသတည်းဆိုရင်

ရပါပြီဘုရားလောင်းငုံးမင်းသစ္စာပြုပုံသန္တိပက္ခာ အပတနာသန္တိပါဒါအဝဉ်စနာ၊မာတာပိတာစနိက္ခန္တာ၊ဇာတေဝဒပဋိက္ကမလိုရင်းမြန်မာပြန်တောမီး၊ငါသည်အတောင်ရှိသော်လည်းကောင်ကင်သို့မပျံတက်နိုင်သေးပါခြေထောက်ရှိသော်လည်း

မြေ၌မပြေးနိုင်သေးပါငါ့၏မိဘတို့သည်ထွက်သွားကုန်ပြီ။ သင်တောမီးသည်ဖဲရှားလေလော့ကျမ်းကိုးဇာတကပါဠိ၊၉စရိယာပိဋကအဋ္ဌကထာ၊၂၂၇Creditအရှင်ခေမာသီရိ(မော်လမြိုင်)