အန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုသက်သာစေမယ့်နည်းလမ်းများလူတိုင်းဟာအန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုခံစားဖူးကြပါတယ်။အံဆုံးဆိုတာတတိယမြောက်အံသွားကိုခေါ်ဆိုခြင်းဖြစ်ပြီး
အသက်၁၈ကနေ၂၅နှစ်အတွင်းရင့်ကျက်တည်ငြိမ်သောအရွယ်မှာပေါက်တဲ့သွားမို့ပညာရှိသွား(wisdom tooth)လို့လဲတင်စားကြပါသေးတယ်။အံဆုံးပေါက်လို့နာကျင်ခြင်းကို

လောလောလတ်လတ်ခံစားနေရသူများအတွက်အောက်ဖော်ပြပါနည်းလမ်းကောင်းလေးတွေကကူညီပေးမှာဖြစ်လို့ဆက်လက်ဖတ်ရှုကြည့်ပါနော်(၁)ဆားပြုတ်ရည်ဆားဆိုတာသဘာဝပိုးသတ်အာနိသင်ရှိသောဆေးတစ်လက်ဖြစ်ပါတယ်
ဆားကိုရေကြက်သီးနွေးမှာခပ်ထည့်ပြီး
ထိုအရည်ဖြင့်ပလုတ်ကျင်းပေးပါသွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကိုလျင်မြန်စွာသက်သာစေပါလိမ့်မယ်ပလုတ်ကျင်းရာမှာလဲမိနစ်အနည်းငယ်ကြာအောင်ကျင်းဖို့လိုပြီးတစ်နေ့ကို၄ကြိမ်ခန့်
ပြုလုပ်နိုင်ပါတယ်။လွယ်ကူပြီးအကျိူးရှိသောနည်းတစ်လက်ဖြစ်ပါတယ်။(၂)မုန့်ဖုတ်ဆိုဒါအနှစ်အံဆုံးပေါက်ခြင်းကြောင့်ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။မုန့်ဖုတ်ဆိုဒါကိုသင်သုံးနေကျသွားတိုက်ဆေးနဲ့ရောပြီး

ပုံမှန်အတိုင်းသွားတိုက်ပါ။အထူးသဖြင့်အံဆုံးနေရာသို့ဖိတိုက်ပေးပါ။နာကျင်ခြင်းကိုမိနစ်အနည်းငယ်အတွင်းသက်သာစေပါတယ်။(၃)ရေခဲကပ်ခြင်းရေခဲကရောင်ယမ်းခြင်းအားလုံးကိုသက်သာစေကြောင်း
ကျွန်တော်တို့သိကြပြီးဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး၁၅မိနစ်ကြာအောင်အနားပေးပါ။ထိုနည်းအတိုင်းအကြိမ်များစွာပြုလုပ်ပေးပါ။(၄)လေးညှင်းသွားကိုက်ခြင်းကိုသက်သာဖို့ရှေးခေတ်ကတည်းကပင်
အသုံးပြုခဲ့ကြပါတယ်နာကျင်သောနေရာပေါ်သို့အုံပေးခြင်းဖြင့်နာကျင်ခြင်းကိုသက်သာစေပါတယ်အချိူ့ကလည်းလေးညှင်းဆီကိုအသုံးပြုကြပါတယ်(၅)နနွင်းနနွင်းမှာပါသောပိုးသတ်အာနိသင်ကြောင့်သွားနာခြင်းကိုသက်သာစေပါတယ်
ထိုမျှမကသွားဖုံးယောင်ခြင်းကိုသက်သာစေတဲ့အပြင်ပိုးမွှားများကိုလဲသေစေပါတယ်။နနွင်းမှုန့်အနည်းငယ်ကိုရေနွေးထဲရောပြီးပလုတ်ကျင်းရည်အဖြစ်အသုံးပြုပေးပါ။(၆)ပူစီနံရွက်
သွားကိုက်သောနေရာသို့ပူစီနံရွက်အနည်းငယ်ကို၁၅မိနစ်ခန့်အုံပေးပါ

သွားကိုက်ခြင်းအပြင်လည်ချောင်းနာခြင်းကိုပါသက်သာစေသောအစွမ်းရှိပတယ်(၇)ကြက်သွန်နီကြက်သွန်နီမှာပိုးသတ်အာနိသင်အပြင်ရောင်ယမ်းခြင်းကိုလျော့ပါးစေသောအာနိသင်ပါရှိတာမို့
သွားနာခြင်းကိုသက်သာစေပါတယ်။နာကျင်နေသောအံဆုံးပေါ်သို့ကြက်သွန်နီအနည်းငယ်ကို၁၅မိနစ်ခန့်အုံပေးပါ။Writer- Dr Jue ( XYZ NEWS )Credit