စံပါယ်၊နှင်းဆီကိုပန်းအပွင့်များများပွင့်အောင်စိုက်ပျိုးနည်း နှင်းဆီအကြောင်းအလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကိုတစ်လတခါတစ်လခွဲတခါပုံမှန်ကျွေးပေးရပါတယ်မြေဩဇာပုံမှန်ကျွေးမပေးလို့

အဖူး အပွင့်သေးသွားတယ်အပင်ထပ်ပြီးမကြီးထွားဘူးအဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာအရှိန်နဲ့ပါဒီမှာက

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၃ပတ်တခါ၁လတခါလောက်အပင်တွေကိုဓါတ်မြေဩဇာ ကျွေးပေးကြပါတယ်ဓါတ်မြေဩဇာအနေနဲ့ကအာမိုနိုက်ထရိုဖော်စကာ15:15:15ကို သုံးပါတယ်နောက်တခုကအလှပန်းအိုးနဲ့စိုက်တဲ့အခါမှာနုန်းဒါမှမဟုတ်မြေကြီး

သက်သက်ချည်းပဲထည့်ရင်လည်းမြေကြပ်ပြီးအမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့်အဖူးသေးတတ်ပါတယ်။တခါတခါအပင်တောင် သေသွားတတ်ပါတယ်နုန်း/မြေကြီးကိုဖွဲပြာ/စပါးခွံ/မြေပဲခွံတမျိုးမျိုးနဲ့

ရောစပ်ပြီးထည့်ပေးရပါတယ်နုန်း/မြေကြီး၁ဆဖွဲပြာ၂ဆ၁ဆ၂ဆ ၁ဆ၃ဆ၁ဆ၄ဆအဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါပေတယ်)နောက်တခုကလောင်းရိပ်အပင်တွေက လောင်းရိပ်အရိပ်အောက်မကြိုက်ပါဘူးနေရောင်ရမှ

အစာချက်နိုင်တာပါ။လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး(နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲထားထားတာကို တွေ့ဖူးခဲ့ပါတယ်)ခြုံငုံပြီး ပြောမယ်ဆိုရင်

အပင်ကိုအလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကိုတစ်လတခါတစ်လခွဲတခါလောက်ပုံမှန်ကျွေးပေးရပါတယ်အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင် နုန်း/မြေကြီးနဲ့ဖွဲပြာစပါးခွံ/မြေပဲခွံ

တမျိုးမျိုးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်အပင်ကို လောင်းရိပ်အရိပ်အောက်မှာ မထားပဲ ေနရောင်ရတဲ့နေရာမှာသာထားပေးရပါတယ်(2)စံပယ်အကြောင်းစံပယ်ပန်းအပွင့်များများပွင့်အောင်စိုက်နည်းနှင့်ယခုလိုစံပယ်

ပေါချိန်တွင်စံပယ်ပန်းခြောက် ရေနွေးကြမ်း ပြုလုပ်နည်းလေး၁။စံပါယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင်အိုးနဲ့စိုက်မှာလား၊ မြေမှာချပြီးစိုက်မှာလား ရွေးပါအိုးနဲ့စိုက်မယ်ဆိုရင်လည်းအိုးက ရေမဝပ်အောင် အောက်ခြေမှာအပေါက်လေး

တွေပါတဲ့အိုးနဲ့စိုက်ပါ မြေမှာစိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာစိုက်ပေးပါ၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာစိုက်ပါ၃။စံပယ်ပင်လေးတွေကိုတစ်နေ့တစ်ကြိမ်

ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေ မြေကြီးကိုပဲ လောင်းပါသစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာအရွက်လေးတွေပုပ်သွားတတ်ပါတယ်။၎။စံပယ်မျိုးစိတ်

အများစုက နွယ်တက်တတ်ပါတယ်။စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊စင်လေးဖြစ်ဖြစ်ထားပေးပါ၅။စံပယ်ပွင့်လေးတွေအမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေဩဇာသုံးပေးပါပျိုးပင်ဆိုင်လေးတွေမှာစံပယ်ပင်အတွက်

မြေဩဇာဝယ်နိုင်ပါတယ်နော်၆။စံပါယ်ပင်လေးတွေကိုကိုင်းညှပ်ပေးပါမခူးဖြစ်တဲ့အပွင့်ခြောက်တွေ၊အရွက်ခြောက်တွေ၊ကိုင်းခြောက်တွေကိုကတ်ကြေးနဲ့ညှပ်ပါသတိထားရမှာကပန်းပွင့်နေချိန်မှာကိုင်းမညှပ်ပါနဲ့

ပန်းပွင့်နှုန်း လျော့သွားတတ်လို့ပါ။၇။အပြင်မှာရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကိုအိမ်ထဲရွှေ့ထားပါမြေမှာချစိုက်ထားတယ်ဆိုရင်အပင်ခြေနားတဝိုက်ကိုကောက်ရိုးလေးတွေပုံထားပေးပါ၈။ရာသီဥတုပူလွန်းရင်လည်း

စံပယ်ပင်လေးတွေပူပြီးခြောက်မသွားအောင် ရေမကြာခဏ လောင်းပေးပါ။၉။သင့်စံပယ်ပင်လေးတွေအပွင့်မပွင့်တာကြာပြီ၊အရွက်ကြမ်းတွေပဲထွက်နေတယ်ဆိုရင် မြေကြီးထဲကိုNitrogen မြေဩဇာလေးထည့်ပေးပါပြီးရင်အပေါ်က

ပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီရဲ့လားပြန်စစ်ဆေးကြည့်ပါ၁ဝ။စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေးထက်ထက်နဲ့ညှပ်ပြီးခူးပါလက်နဲ့မချိုးပါနဲ့၊မဆိတ်ပါနဲ့ခူးပြီးသားစံပယ်ပွင့်လေးတွေကို ကြာရှည်လတ်ဆတ်နေချင်ရင်

ရိုးတံလေးကို ရေထဲစိမ်ထားပေးပါစံပယ်ဖူးလေးတွေကိုသုံးပြီးကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေတဲ့ စံပယ်ပန်း ခြောက် ရေနွေးကြမ်းလးလုပ်သောက်လို့ရပါတယ်နော်၁။မနက်စောစောမှာ စံပယ်ဖူးလေးတွေကိုခူးပါမနက်

စောစောအချိန်ကစံပယ်ဖူးလေးတွေအတွက်အမွှေးဆုံးနဲ့အာနိသင်အကောင်းဆုံးအချိန်ပါပြီးရင်စံပယ်ဖူးလေးတွေကို ဗန်းသန့်သန့်လေးမှာထည့်ခင်းပြီး နေပူလှန်းပါ၂။ နေပူလှန်းတဲ့အခါ နေရောင်တိုက်ရိုက်မထိပါ စေနဲ့မှန်ပြတင်းကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဖြတ်ပြီးဝင်လာတဲ့နေရောင်နဲ့လှမ်းပါတစ်နေ့နဲ့တစ်ညလှမ်းပြီးသွားရင်စံပယ် ဖူးလေးတွေကိုလေလုံတဲ့ဘူးထဲထည့်ထား လိုက်ပါပြီးရင်ရေနွေးပူပူထဲကို၎၊၅ဖူးလောက်ခတ်ပြီးသောက်ပါနှလုံးရောဂါအတွက် တကယ်ကို အသုံးဝင်ပါတယ်