အဖေ့အကောင့်လေး မီးမစိမ်းတော့ပါ (ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံ သတင်းစာ)အဖေ Facebook ဆိုတာကို စသုံးတော့ ကျွန်တော့်အကောင့်ကို စပြီး add တာအဖေ့နာမည်နဲ့ အဖေ့အကောင့်ကိုမြင်တော့ လန့်သွားတယ်
ငါ့အဖေပါလားအံမယ် အဖေက အင်တာနက်တောင်သုံးတတ်လို့အဖေကကျွန်တော့အကောင့်ကိုadd ပြီး ကျွန်တော့ ညီမလေး အကောင့်ကိုလည်း ရှာပြီး add တယ်။သူကမောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ
ဘယ်သူနဲ့ဘာတွေပြောလဲသိချင်ရုံသာကျွန်တော်ကတော့အဖေ့အကောင့်ကိုလက်ခံပြီးမှစဉ်းစားတယ်၊ငါပေါက်ကရတွေလျောက်တင်လို့ အဖေမြင်ရင် အဆူခံရမလားဆိုပြီးသူကကျွန်တော် အချစ်အကြောင်းတွေ
လျောက်ရေးရင်လဲ ဖတ်တာပဲ။ပြီးရင် အမေ့ကိုပြန်တိုင်သလိုလိုနဲ့ မင်းသားတော်မောင်က ဘာတွေရေးနေတာလဲဆိုပြီး မိဘအကြောင်းကျ မရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်ကြာတော့ မဖြစ်သေးပါဘူး
ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်သလို လုပ်လို့ ရမှာ မဟုတ်ဘူးဆိုပြီး သူမသိအောင် ဘလော့လိုက်တယ်ကျွန်တော့အကောင့်ကို ရှာမတွေ့တော့ လာမေးတယ်။မင်းအကောင့်ရှာမတွေ့တော့ဘူး
ဘယ်ရောက်သွားလဲတဲ့။ကျွန်တော်လဲလိမ်လိုက်တယ်သိဘူးလေ ပျက်သွားတာနေမှာပေါ့လို့အသက်ကြီးတဲ့အဖေက မသိရှာဘူးသြော် ဟုတ်လားဆိုပြီး သူ့အကောင့်ထဲကသတင်းတွေပဲ ဖတ်ြပီး ပျော်နေရှာတယ်
မကြာခင် သူ့သားတော်မောင်ကသူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမပြောတော့မှ အကောင့်သစ်ကလေးဖွင့်ပြီး add လို့မရတဲ့ သား အကောင့်ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ်
ဒီလိုနဲ့ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ add လို့မရတဲ့
သားအကောင့်က ပုံတွေကို ဆေးရုံမှာကြည့်ရင်း အလွမ်းဖြေနေရရှာတယ်။ပါးစပ်ကလဲ တဖွဖွ ငါ့သားလေးစိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့သားတော်မောင်က ပင်လယ်ထဲမှာ သင်္ဘောသားဘဝ ဆိုတော့
ကမ်းကပ်တဲ့အချိန် အင်တာနက်သုံးလို့ရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်လုပ်မှ သိရတယ်။အဖေဆုံးပြီတဲ့။မသေခင် ကျွန်တော့ အကောင့်မှာ တင်ထားတဲ့ စာလေးတွေ ပုံလေးတွေကို ဖတ်ရင်း ပြုံးနေရှာတာတဲ့
အခုကျွန်တော် အဖေ့ အကောင့်ကို လက်ခံလိုက်ပြီလေ အဖေကျွန်တော် ဘလော့ မလုပ်တော့ပါဘူးလို့အဖေ့ကို ဂတိတွေပေးရင်း ငိုနေမိလည်းအဖေ့အကောင့်လေးကတော့ မီးစိမ်းတော့ပါ
(ဇူလိုင်၃၁ ၂၀၁၆ ကြေးမုံ သတင်းစာပါအောင်ဘုန်းရူပဗေဒ ဒဂုံတက္ကသိုလ်၏ စာကို ကူးယူ ဖော်ပြပါသည်အဖေ့ အကောင့် လေး မီးစိမ်းနေပါစေ။Credit : Thaw Zay Phyo ပြန်လည်မျှဝေပေးပါတယ်လေးစားလျှက်Martin Swe31-07-2016